ချစ်သူနှစ်ဦးရေရှည်လက်တွဲနိုင်ဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုတွေ အကြိမ်ကြိမ်တည်ဆောက်ဖို့လိုပါတယ်။ ညှိနှိုင်းယူရမယ့် ကဏ္ဍတွေလည်းအများကြီးရှိနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် သေချာနားလည်မှုမပေးနိုင်ရင်ရေရှည်လက်တွဲဖို့ဆိုတာ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒီနေ့မှာတော့ ချစ်သူနှစ်ဦး ရေရှည်လက်တွဲဖို့ မဖြစ်နိုင်ဘူးဆိုတာ ဖော်ပြနေတဲ့လက္ခဏာတွေကို မျှဝေပေးချင်ပါတယ်။

(၁) အမြဲအပြစ်တင်နေမယ်

Source : Pinterest

လူတစ်ယောက်က မကောင်းမြင်တဲ့စိတ်တွေကြီးစိုးလာရင် အပြစ်တင်ခြင်းတွေကို ဆက်တိုက်လုပ်လာတက်ပါတယ်။ ကိုယ်မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အပြစ်တင်ခြင်းတွေကနေ မလွတ်မြောက်နိုင်ရင်တော့ သူကသင့်အပေါ် အဆိုးမြင်စိတ်တွေများနေလို့ပါ။ အဆိုးမြင်စိတ်များတဲ့သူနဲ့ ရေရှည်လက်တွဲဖို့ ဖြစ်နိုင်မယ်မထင်ပါဘူး။

(၂) အားနည်းချက်ကိုအနိုင်ယူမယ်

Source : Chicago Parent

လူတိုင်းလူတိုင်းမှာ အားနည်းချက်တစ်ခုစီတော့ရှိတက်ကြစမြဲပါ။ ကိုယ်ရဲ့ချစ်သူဖြစ်တဲ့ လူတစ်ယောက်က ကိုယ်အားနည်းချက်ကို နားလည်ပေးဖို့ထက် အမြဲတမ်းထိုးနှက်ပြောဆိုနေဖို့က ပိုအားသာနေတယ်ဆိုရင်တော့ ရေရှည်အဆင်မပြေဘူးဆိုတာ သိထားလို့ရနေပါပြီ။

(၃) သင့်စကားဆိုအလေးသိပ်မထားဘူး

Source : Photodune

ဒါဟာတစ်ကိုယ်ကောင်းဆန်သူတွေအများစုမှာ တွေ့ရတက်တဲ့အချက်တစ်ခုပါ။ ကိုယ်စကားသာအမှန် ကိုယ်ခံစားချက်သာအဓိက တစ်ဖက်လူရဲ့စိတ်ဆန္ဒတွေထည့်တွက်ပေးခြင်းမရှိဘူး သင့်ရဲ့စကားတွေကိုအလေးမထားပဲ လျစ်လျူ့ရှုပစ်တက်တဲ့ သူဆိုရင်တော့ ရေရှည်မှာသင့်အနေနဲ့ ဘယ်လောက်ထိဆက်ပြီး သည်းခံနိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကိုအရင်မေးထားသင့်ပါတယ်။

(၄) အသိမှတ်မပြုဘူး

Source : renapollak.com

ကိုယ်ဘာပဲလုပ်ပေးလုပ်ပေး အသိမှတ်ပြုခြင်းမခံရတဲ့အခိုက်အတန့်မျိုး ကြုံဖူးပါသလား။ ကိုယ့်လုပ်ပေးတဲ့အရာအပေါ် အသိမှတ်မပြုခြင်းက ကိုယ့်ရဲ့အချစ်ကိုတန်းမထားတာနဲ့ အတူတူပါပဲ။ တကယ်ချစ်တယ်ဆိုရင် ကိုယ်အနေနဲ့ သေးသေးမွှားမွှားကိစ္စလေးတွေလုပ်ပေးရင်တောင် ကျေးဇူးတင်ပြီး အသိမှတ်ပြုပေးရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ သင့်အနေနဲ့ ကြာလာရင်စိတ်ပျက်လာပါလိမ့်မယ်။