အခု kwee ကဖော်ပြထားတဲ့ပုံထဲမှာ သင်ပထမဆုံးမြင်တဲ့ တိရစ္ဆာန်ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို အတိအကျမဟုတ်ရင်တောင် အနီးစပ်ဆုံး ထင်ဟပ်စေပါတယ်။

ကျား

ကျားဆိုတဲ့သတ္တဝါဟာ စွမ်းအားကြီးတဲ့ အမျိုးအစားထဲမှာပါပါတယ်။ ဒီလို လူမျိုးတွေဟာ ဒေါသကြီးပြီး တခြားလူတွေနဲ့မကြာခဏ အတိုက်အခံလုပ်ရလေ့ရှိပါတယ်။ သူတို့ဟာတခါတလေ စည်းကမ်းမလိုက်နာတတ်ပဲ အများနဲ့ဆန်ကျင်ဖက် ပြုမူလေ့ရှိပါတယ်။

သူတို့ဟာ ရည်ရွယ်ချက်ကြီးမားပြီး မဆုတ်မနှစ် လုပ်တတ်တဲ့အကျင့်ရှိကြတယ်။ ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို ရယူလက်ခံနိူင်ခဲ့ရင် ဘဝမှာကြီးကြီးမားမား အောင်မြင်မူ ရရှိတတ်ကြတဲ့သူမျိုးတွေပါ။

ဒါပေမဲ့ သူတို့တွေဟာ အမြဲတမ်း ယုံကြည်စိတ်ချရတဲ့အထဲမှာတော့ မပါဝင်ပါဘူး။ ကျားတွေဟာ မဆင်မခြင် ပြုမူလေ့ရှိတတ်ကြပြီး ပျက်စီးတတ်ကြတယ်။ ရည်ရွယ်ချက်ကြီးကြီးမားမား မရှိတဲ့သူတွေဟာ သူတို့နားမှာ ကြာကြာမနေနိူင်ပါဘူး။ သူတို့တွေဟာ တခုခုမလုပ်ခင် စဉ်းစားဆင်ခြင်ပြီး လုပ်ရင် ပိုမိုထိရောက်မူရှိတတ်ကြတယ်။

လင်းယုန်

လင်းယုန် တွေဟာ ရည်ရွယ်ချက်တခုထားပြီးရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ အောင်မြင်အောင် လုပ်ဆောင်တတ်ကြတယ်။ အမျိုးသာကောအမျိုးသမီးတွေပါ မြင့်မြတ်ပြီး အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီတတ်ကြတယ်။ မတရားခံနေရတဲ့ သူတွေရှေ့ကနေ အမြဲတမ်းမားမားမတ်မတ် ရပ်ပြီးကာကွယ်ပေးလေ့ရှိတယ်။ တခြားသူတွေက သူတို့တွေအပေါ် ယုံကြည်စိတ်ချလို့ရတယ်။

လင်းယုန်လိုလူစားမျိုးတွေဟာ အပြစ်တင်ရှုံ့ချဝေဖန်တာကို ဂရုစိုက်လေ့မရှိဘူး။ သူတို့တွေဟာ မိမိကိုယ်ကို ယုံကြည်မူအပြည့်ရှိပြီး သူတို့ကိုယ်သူတို အထင်သေးလေ့မရှိသလို နှိမ့်ချဆက်ဆံလေ့မရှိကြဘူး။ သူတို့ဟာ ပွင့်လင်းပြီး စိတ်ခံစားမူအတွက် အိမ်ထောင်ပြုလေ့မရှိကြဘူး။ လူမှုဆက်ဆံရေးနယ်ပယ်မှာ သူတို့ဟာ အရမ်းကိုမဟာဆန်ပြီးတော့ တခြားလူတွေရဲ့မနာလိုဝန်တိုမူတွေကို ခံရလေ့ရှိကြတယ်။

ခွေး

ခွေးတွေဟာ ဉာဏ်ကောင်းပြီး သစ္စာရှိကြတယ်။ ဒီလိုလူမျိုးတွေဟာ တရားမျှတမူကို လိုလားကြပြီး မမျှတဘူးလို့ ခံစားရတဲ့အရာတွေအတွက် အဆုံးထိ တိုက်ပွဲဝင်လေ့ရှိကြတယ်။

ဒီလိုစိတ်မျိုးရှိတာကြောင့် တခြားလူတွေနဲ့ အချိန်အကြာကြီး ဆွေးနွေးငြင်းခုံရလေ့ရှိကြတယ်။ သူတို့တွေဟာ ဉာဏ်အလွန်ကောင်းကြပြီး အချိန်မှန်နေရာမှန်ကို သိကြကာ တခြားလူတွေ အထင်ကြီးအောင် စွမ်းဆောင်နိူင်ကြတယ်။ သူတို့နဲ့ရန်သူဖြစ်ရတာထက် မိတ်ဆွေဖြစ်ရတာက ပိုမိုအကျိုးရှိပါတယ်။

သူတို့တွေဟာ တခြားလူတွေအပေါ် သစ္စာရှိသလို သူတို့အပေါ် သစ္စာမဲ့တဲ့ အပြုအမူမျိုးကို လုံးဝလက်ခံလေ့မရှိကြဘူး။ သူတို့ဟာ သေတဲ့အထိ သစ္စာရှိကြတဲ့ လူမျိုးတွေပါ။

ဆင်

ဘုန်းတန်ခိုးကြီးတယ်။ ထူးချွန်တယ်။ စိတ်သဘောထားကောင်းတယ်။ စွမ်းအားကြီးတယ်။ တခြားသူတွေအပေါ်ဩဇာလွှမ်းမိုးနိူင်တယ်။ ဒါတွေအားလုံးကို ဆင်တွေမှာ ရှိတဲ့ အင်္ဂါရပ်တွေပါပဲ။

သူတို့တွေရဲ့ ဩဇာအာဏာ၊ ခေါင်းမာမူ၊ ရည်ရွယ်ချက် ရှိမူတွေက လူတွေကို စွဲဆောင်စေပါတယ်။ ကျားလိုလူမျိုးတွေနဲ့နှိုင်းယှဉ်ရမယ်ဆိုရင် ဆင်တွေဟာ တဆင့်ခြင်းစဉ်းစားဆင်ခြင်သုံးသပ်က အောင်မြင်တဲ့ဘဝကို ရယူပိုင်ဆိုင်နိူင်ကြတယ်။

သူတို့တွေအတွက် မိသားစုက ပထမဦးစားပေးအရာတခုပါ။ သူတို့တွေရဲ့ အဆိုးမြင်ဝါဒတွေကို အကောင်းမြင်ဝါဒအဖြစ် ပြောင်းလဲပေးနိူင်တဲ့သူလိုအပ်ပြီး မိမိကိုယ်ကို ယုံကြည်မူရှိအောင် လုပ်ဖို့လည်းလိုအပ်ပါတယ်။ သူတို့တွေရဲ့ဘေးမှာ သူငယ်ချင်းတွေဆွေမျိုးတွေ ဝိုင်းနေတတ်ကြတယ်။

ရှဉ့်

ရှဉ့်သတ္တဝါတွေက ရွေ့လျားနိူင်မှု၊ ကျွမ်းကျင်မှု၊ စွမ်းအားပြည့်ဝမူနှင့် တာဝန်ကျေပွန်မှုတို့ကို ကိုယ်စားပြုပါတယ်။ ရှဉ့်တွေဟာ ဉာဏ်ရည်မြင့်မားကြပြီး၊ အမြော်အမြင်ကြီးကာ အမြဲတမ်း တတ်ကြွနေတတ်ကြပါတယ်။

သူတို့ဟာအမြဲတမ်းအရှေ့ကို ရောက်အောင်ကြိုးစားနေတတ်ပြီး သူတို့ရဲ့စွမ်းအားတွေ၊ရွှင်လန်းတတ်ကြွမူတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မူရှိလာစေပါတယ်။

သူတို့တွေဟာ အလုပ်တွေဘယ်လောက်ပဲခက်ခဲပါစေ အကောင်းဆုံးစီမံခန့်ခွဲတတ်ကြတယ်။ ရှဉ့်တွေဟာ အခြေအနေတခုအပေါ်မှာ အကောင်းဆုံး သုံးသပ်ဆင်ခြင်ပြီး အလုပ်လုပ်တတ်ကြတယ်။ သူတို့တွေဟာ အခြားသူတွေထက်ပိုပြီး ရှေ့ရောက်နေတတ်ကြပြီး သူတို့ရဲ့ မိသားစုနဲ့သူတို့ဘယ်ကလာလဲဆိုတာကို  ဘယ်တော့မှ မေ့လေ့မရှိဘူး။

ဖား

ဖားတွေဟာ အမြဲတမ်းအေးအေးဆေးဆေးနေတတ်ကြတဲ့ အမျိုးတွေပါ။ သူတို့တွေဟာ ဘယ်အရာကိုမဆို အချိန်ယူပြီး တွေးတောဆင်ခြင်ကာ အကောင်းဆုံးဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တတ်ကြတယ်။ ဖားတွေဟာ သူတို့ရဲ့စကားကို နားထောင်ပြီး အကြံဉာဏ်ပေးတာကို လက်ခံနိူင်တဲ့သူတွေအတွက်တော့ မိတ်ဆွေကောင်းပါ။

သူတို့တွေဟာ အလုပ်နဲ့လူမူဘဝမှာ လိုအပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးအပြည့်ရှိကြတယ်။ ဒါပေမဲ့ တခါတလေမှာ သူတို့တွေဟာ အချိန်အကြာကြီးစောင့်နေတတ်ကြပြီး အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။

သူတို့တွေက ဆုံးဖြတ်ချက်ချပြီးပြီဆိုတာနဲ့ တုန့်ဆိုင်းနေခြင်းမရှိတော့ပဲ မြန်မြန်ပြီးအောင် လုပ်ကြတယ်။

ဖားတွေမှာ အလိုလိုသိစိတ် တစ်မျိုးရှိပြီး အန္တာရာယ်ကြုံလာရင် လွယ်ကူစွာ လွှတ်မြောက်နိူင်ကာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အန္တာရာယ်ကင်းအောင် နေတတ်ကြတယ်။ သူတို့တွေရဲ့ အလုပ်ကြိုးစားမူ၊အာရုံစိုက်မူတွေက ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် တွန်းပို့ပေးတတ်ကြတယ်။

ငါး

ငါးတွေမှာ အလိုလိုထိုးထွင်းသိနိူင်တဲ့ စွမ်းအားတမျိုးရှိပါတယ်။ သူတို့တွေဟာ သူတို့မြင်ရတဲ့ သင်္ကေတ တွေကိုအသုံးပြုပြီး အတားအဆီးတွေကို ကျော်ဖြတ်တတ်ကြတယ်။ သူတို့တွေဟာ ဖြည်းဖြည်းခြင်း အောင်မြင်မူဆီ တတ်လှမ်းလေ့ရှိကြတယ်။

တစ်ခါတစ်လေ သူတို့တွေဟာ နားလည်ရခတ်တယ်။ သူတို့တွေက ဘယ်အရာကိုမှ လျှို့ဝှတ်ဖို့ မကြိုးစားဘူး။ အရှိကိုအရှိတိုင်းနေတတ်ကြတယ်။ သူတို့တွေက အချိန်ကောင်းရောက်တဲ့အထိစောင့်ပြီး အလုပ်လုပ်လေ့ရှိကြတယ်။

Source: Bright Side