နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကြီးကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ပုံမှန်အတိုင်းရုံးတွေ ပြန်တက်ရမယ်ဆိုတော့ နည်းနည်းတော့ ပျင်းနေကြမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းခွင်ဝင်နေသူတိုင်း မဖြစ်မနေကြုံတွေ့ရမယ့် ကိစ္စဖြစ်တာမလို့ ပျင်းနေမယ့်အစား တက်တက်ကြွကြွ အလုပ်ခွင်ပြန်ဝင်တာဟာ ပိုကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရုံးပိတ်ရက်ရှည်ကြီးကနေ အလုပ်ခွင်ပြန်လည်ဝင်မယ့် ပထမဦးဆုံးနေ့မှာ တက်ကြွလန်းဆန်းနေဖို့ ဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အဝတ်အစားပြင်ဆင်ပါ

Source : pt.dhgate.com

နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကို ဖြတ်သန်းပြီး ပထမဆုံးအလုပ်ခွင် ပြန်ဝင်မယ့်နေ့မှာ သပ်သပ်ရပ်ရပ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိနေစေမယ့် ဝတ်စုံမျိုးရွေးချယ်ဝတ်ဆင်ပါ။ အဝတ်အစားကလည်း လူတစ်ယောက်အတွက် အများကြီးအရေးပါတာဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ဖက်ရှင်မျိုး ဝတ်ဆင်ထားမယ်ဆိုရင် အလုပ်ပြန်ဝင်တဲ့ First Dayမှာ လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။

(၂) မြူးကြွတဲ့ သီချင်းလေးတွေ နားထောင်ပါ

Source : wpubeacon.com

ပထမဆုံးနေ့ အလုပ်ပြန်ဝင်ဖို့ ချီတက်နေတဲ့ လမ်းတစ်လျောက်မှာ Bus ပေါ်မှာဖြစ်ဖြစ် ကိုယ်ရဲ့ ကားပေါ်မှာပဲဖြစ်ဖြစ် မြူးကြွတဲ့ သီချင်းလေးတွေနားထောင်သွားပါ။ သီချင်းတွေကလည်း အကောင်းဆုံး စိတ်ဓာတ်ခွန်းအားတွေဖြစ်စေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တာမလို့ ရုံးပြန်တက်ရမယ့် မနက်ခင်းလေးမှာ ကိုယ့်ကိုလန်းဆန်းတက်ကြွနေစေမယ့် သီချင်းမြူးမြူးလေးတွေ နားထောင်သွားပါ။

(၃) အလုပ်စားပွဲကို သန့်ရှင်းရေးလုပ်ပါ

Source : Incubar

လုပ်ငန်းခွင်ပြန်ဝင်တဲ့ ပထမဆုံးနေ့မှာ ရုံးရောက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ အလုပ်စားပွဲလေးကို အရင်ဆုံးသန့်ရှင်းရေလုပ်ပေးပါ။ ကိုယ့်ရဲ့ အလုပ်စားပွဲလေးဟာ သန့်ရှင်းသပ်ရပ်နေမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ထဲမှာလည်း ထပ်တူရှင်းလင်းနေမှာဖြစ်ပြီး အလုပ်ပြန်ဝင်ရတဲ့ပထမဆုံးနေ့လေးမှာ တက်တက်ကြွကြွနဲ့ အလုပ်တွေ ပြီးစီးအောင်လုပ်နိုင်မှာဖြစ်ပါတယ်။

(၄) လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ

Source : Daily Mail

ရုံးရောက်တာနဲ့ ဘယ်သူနဲ့မှ စကားမပြောဘဲ တစ်ယောက်တည်းငြိမ်မနေပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ။ ပိတ်ရက်ကို ဘယ်လိုတွေဖြတ်သန်းခဲ့လဲ အပြန်အလှန်ပြောပြပြီး အမှတ်တရလေးတွေ မျှဝေပါ။

(၅) ကိုယ်ရဲ့မျှော်မှန်းချက်တွေကို သတိရပါ

Source : Rebel Circus

လူတိုင်းမှာ ကိုယ်တိုင်ချမှတ်ထားတဲ့ ဘဝရည်မှန်းချက်တွေ ရှိကြမယ်ထင်ပါတယ်။ ဥပမာ ကိုယ်ကနောက် ၃ နှစ်မှာ ဘယ်လိုရာထူး ၊ ဘယ်လိုလစာနဲ့ ဘယ်လိုနေရာတစ်ခုကို ရောက်ရမယ် စသည်ဖြင့် မျှော်မှန်းထားတဲ့ Goal တွေကို ကိုယ့်ကိုယ်ကိုပြန်သတိပေးပါ။ ဒါမှလည်း ပျင်းနေတဲ့စိတ်တွေပျောက်ပြီး တက်တက်ကြွကြွနဲ့ အလုပ်ခွင်မှာ ပျော်ရွှင်လန်းဆန်းနေမှာဖြစ်ပါတယ်။