လေ့လာမှုတွေအရ လူတွေရဲ့ မတူညီတဲ့အမြင်တွေကနေတစ်ဆင့် သူတို့ရဲ့ပင်ကိုစရိုက်ကို ခန့်မှန်းနိုင်တယ်လို့ ဆိုထားပါတယ်။ မျက်လုံးကအရင်ဆုံးမြင်ပြီး ဦးနှောက်က ဘယ်အရာအရေးကြီးဆုံးလဲဆိုတာကို ဆုံးဖြတ်ပါတယ်။ အခု သင်ပထမဆုံးမြင်ရမယ့်အရာက သင်အတွက်တန်ဖိုးရှိတဲ့အရာတွေကို ပြောပြပေးပါလိမ့်မယ်။

အခု kwee page ကပုံလေးတွေ ဖော်ပြပေးပါမယ်။ သင်ဘာအရင်ဆုံးမြင်လဲဆိုတာကို ရွေးချယ်ပေးပါ။ သင်ပထမဆုံးမြင်တဲ့အရာက သင့်ရဲ့စိတ်နေစိတ်ထားကို ပြောပြပေးပါလိမ့်မယ်။ ဒါပေမယ့် တခုမှတ်ထားရမှာက ဒါဟာ ခန့်မှန်းချေနဲ့ပြောခြင်းဖြစ်တဲ့အတွက်ကြောင့် အရမ်းကြီးအတည်မယူပါနဲ့။

(၁) သင်ဘာကို အရင်ဆုံးမြင်သလဲ

ကလေး – တစ်ယောက်ထဲနေရတာကို နှစ်သက်သူဖြစ်ပါတယ်။ ဒါကြောင့် တခြားသူတွေနဲ့ အပြင်မသွားတာကို အပြစ်ရှိတယ်လို့ မခံယူဖို့လိုအပ်ပါတယ်။ ကိုယ့်ဟာကို နေတတ်သလိုနေပါ။

စုံတွဲ – သင်ဟာ သူငယ်ချင်းတွေကို ချစ်ခင်သူတစ်ယောက်ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေ ပါတီတွေကို သဘောမကျပေမယ့် အရမ်းကိုချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။

သစ်ပင်များ – သင်ဟာ ပွင့်လင်းတဲ့ စရိုက်ရှိသူဖြစ်ပြီး အတွေအကြုံအသစ်တွေကို နှစ်သက်ကြိုဆိုတဲ့သူပါ။ ပြောင်းလဲမှုတွေကို သဘောကျသူဖြစ်ပါတယ်။

(၂) သင်ဘာကို အရင်ဆုံးမြင်သလဲ

သစ်ပင် – သင်ဟာ တိတ်တဆိတ်နေတတ်သူဆိုပေမယ့် ရှက်ကြောက်တတ်သူတစ်ယောက်မဟုတ်ပါဘူး။ သင်ဟာ သင့်ရဲ့ဖြစ်တည်နေမှုကို သဘောကျနေသူဖြစ်ပြီး တခြားတစ်ယောက်ရဲ့ခွင့်ပြုချက်ကို မလိုအပ်ပါဘူး။

မျောက်ဝံ့ – သင်ဟာ ပြီးပြည့်စုံသူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ဝေဖန်ဆန်းစစ်လွန်းတာကြောင့် လူတွေကိုနာကျင်စေနိုင်တာကို သတိရပါ။

ခြင်္သေ့မ – သင်ဟာ အရမ်းကိုကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတစ်ယောက်ပါ။ သင်သွားမယ့်လမ်းမှာ ဘယ်သူမှလာပြီး တားဆီးနေတာကို ခွင့်ပြုမှာမဟုတ်ပါဘူး။

ငါး – သင်ဟာ ခံစားရလွယ်ကူသူဖြစ်ပြီး နူးညံ့တဲ့ပင်ကိုစရိုက်ရှိသူပါ။ ပြီးတော့ ဂရုစိုက်တတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားပါတယ်။ တစ်ခုသတိထားရမှာက လူတွေရဲ့ အသုံးချခံမဖြစ်ဖို့ပါပဲ။

(၃) သင်ဘာကို အရင်ဆုံးမြင်သလဲ

မြင်းကျား – သင်ဟာ ပျော်ပျော်နေတတ်သူပါ။ စကားပြောရတာ၊ ပါတီသွားရတာ၊ လူသစ်တွေနဲ့ တွေ့ဆုံရတာ၊ အသစ်အသစ်တွေ လုပ်ရတာတွေကို နှစ်သက်သဘောကျသူပါ။ နေ့စဉ် ပုံမှန်လုပ်နေရတဲ့ အလုပ်က သင့်စတိုင်လ်မဟုတ်ပါဘူး။

ခြင်္သေ့ – သင်ဟာ တသီးတသန့်နေတတ်သူပါ။ သင်ဟာ တစ်ယောက်တည်းနေရတာ (သို့) ချစ်ရတဲ့သူနဲ့နေရာ မျိုးတွေကို သဘောကျတဲ့သူပါ။

Source: Bright Side