လေကြောင်းခရီးသွားဖို့ အစီအစဉ်ရှိနေပြီလား။ ဒါဆိုအရေးကြီးတဲ့ကိစ္စတစ်ခုကို မှာချင်ပါတယ်။ တချို့က လေယာဉ်စီးတဲ့အခါ မူးဝေ၊ အော့အန်တဲ့ဝေဒနာမျိုး ခံစားရတတ်ပါတယ်။

ကမ္ဘာမြေကြီးရဲ့အမြင့်ပေ -၁၀,၀၀၀ အထက်မှာရှိနေတဲ့အချိန် သင်ဟာစိတ်လှုပ်ရှားနေမှာအမှန်ပါပဲ။ ဒီလိုစိတ်လှုပ်ရှားစရာအချိန်မှာ ဘယ်လိုအစားအစာမျိုးကို စားသုံးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

မုန့်ကြိုးလိမ်

Source: Jan D’Atri

သေးငယ်တဲ့မုန့်ကြိုးလိမ်ထုပ်လေးတွေကို သယ်ဆောင်သွားပါ။ သယ်ယူရတာလွယ်ကူပြီး စားသုံးရတာလည်း အဆင်ပြေပါတယ်။ အချိုဓတ်ပါတဲ့အတွက် ခန္ဓာကိုယ်တွင်းကုန်ဆုံးသွားတဲ့ သကြားဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

မြေပဲယို

Source: dishesguru.com

မြေပဲယို၊ သီဟိုဠ်စေ့စတဲ့သရေစာမျိုးကို ဆောင်သွားသင့်ပါတယ်။ အဆာပြေစားလို့ရသလို ပရိုတိန်းဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိစေပါတယ်။

ဂျုံနဲ့ပြုလုပ်ထားတဲ့မုန့်

Source: 100ita.com

ဂျုံနဲ့ပြုလုပ်ထားတဲ့အတွက် တကယ်လို့သင်ဆာလောင်နေတယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့အတွက် aလယာဉ်ပေါ်မှာ စိတ်ချလက်ချစားသုံးနိုင်ပါတယ်။

အစိမ်းရောင်ပန်းဂေါ်ဖီ

Source: Simply Recipes

လေကြောင်းခရီးသွားတဲ့အခါမှာ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေ စားသုံးနိုင်ဖို့က မလွယ်ကူလှပါဘူး။ ဒါပေမယ့် အစိမ်းရောင်ပန်းဂေါ်ဖီကတော့ မဆိုးလှဘူးလေ။ ရိုးရိုးပန်းဂေါ်ဖီလို အနံအသက်လည်းမထွက်၊ အာဟာရဓာတ်နဲ့လည်းပြည့်စုံတော့ အဆင်ပြေတာပေ့ါ။

ဒါပေမယ့် သုတေသနပြုချက်တစ်ခုရဲ့အဆိုအရ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေဟာ လေလည်ခြင်းကို ပိုမိုအထောက်အကူပြုစေတယ်လို့ ဆိုထားပါတယ်။ လေယာဉ်ပေါ်မှာ တခြားခရီးသည်တွေလည်းရှိနေတော့ အများကြီးစားသုံးလို့တော့ ဘယ်ဖြစ်မလဲနော်။

ကော်ဖီ

Source: tiposde.eu

ကော်ဖီကတော့ ဘယ်လိုခရီးမျိုးအတွက်မဆို သင့်တော်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်လန်းဆန်းတက်ကြွမှုကိုဖြစ်ပေါ်စေပြီး ခေါင်းမူး၊ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ လေကြောင်းလိုင်းက ဝန်ဆောင်မှုပေးတဲ့ကော်ဖီဟာ တခါတလေ ကိုယ့်အကြိုက်နဲ့မကိုက်ညီတာမျိုးဖြစ်တတ်တဲ့အတွက် ကိုယ့်အကြိုက်ကော်ဖီအမျိုးအစားကို ဆောင်ထားသင့်ပါတယ်။