ကမ္ဘာ့လူဦးရေ တိုးပွားလာမူကြောင့် လူတွေက စိုက်ပျိုးမြေ၊စက်မှုလုပ်ငန်း တိုးချဲ့လာကာ သစ်တောပြုန်းတီး မှု၊လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင်အဆိပ်ဓာတ်ငွေ့ထုတ်လွှင့်မူတွေက ပိုများလာပါတယ်။ ကမ္ဘာတစ်ဝန်း တောမီးလောင်မူတွေကြောင့် လည်းသစ်တောတွေ ပြုန်းတီးကာ စိမ်းလန်းမူတွေ ပျောက်ဆုံးလာနေကြပါတယ်။

ဖွံ့ဖြိုးပြီးနိူင်ငံအများစုဟာ မိမိတိုင်းပြည် စိမ်းလန်းစိုပြေရေးအတွက် ပိုပြီးအာရုံစိုက်လာကြပါတယ်။ သဘာဝပတ်ဝန်းကျင်က လူတွေအတွအတွက် အရေးကြီးကြောင်းကို သူတို့တွေသဘောပေါက်သွားကြတယ်။ ဒီနေ့တော့ ကမ္ဘာ့အစိမ်းလန်းဆုံးဆိုတဲ့ နိူင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိုက်စ်လန်

Source: Smart Water Magazine

အိုက်စ်လန် နိူင်ငံဟာကမ္ဘာပေါ်မှာ သဘာဝ ပတ်ဝန်းကျင်ကို ဂရုအစိုက်ဆုံး နိူင်ငံတစ်နိူင်ပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ရင်းနှီးမူတွေ အများဆုံးပြုလုပ်ထားတဲ့ နိူင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အစိမ်းလန်းဆုံး နိူင်ငံဖြစ်နေရတာပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမူအညွှန်းကိန်း ၉၅.၃ အထိရှိနေပါတယ်။

လျှပ်စစ်နဲ့အပူစွမ်းအင်ကိုလည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ geothermal power ကိုအသုံးပြုကြပါတယ်။ ပြီးတော့ အိုက်စ်လန် နိူင်ငံဟာ ပင်လယ်ရေ ညစ်ညမ်းမူကို ဆန့်ကျင်တိုက်ခိုက်တဲ့ နိူင်ငံတွေထဲမှာ ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။

ဆွစ်ဇ်လန်

Source: jobs.ac_.uk

ဆွစ်ဇ်လန် နိူင်ငံကတော့ ၂၀၁၈ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမူအညွှန်းကိန်း ၈၉.၁ ရရှိထားပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဆွစ်ဇာလန် နိူင်ငံဟာ ပတ်ဝန်းကျင်ကို မထိခိုက်အောင် ပြန်လည်အသုံးပြု နိူင်သော စွမ်းအင်ကို အဓိက အသုံးပြုပါတယ်။

သစ်တောတွေမပြုန်းတီးရအောင်လည်း လယ်ယာမြေချဲ့ထွင်ခြင်းနှင့်အဆောက်အုံတိုးချဲ့ဆောက်လုပ်မူကိုလည်း အကန့်အသတ် နဲ့သာခွင့်ပြုပေးထားပါတယ်။ ဒီနိူင်ငံမှာ သဘာဝကို ထိခိုက်စေတဲ့ ဘယ်လိုကိစ္စမျိုးကိုမှ လုပ်ခွင့်မပေးထားပါဘူး။

ကော်စတာရီကာ

Source: Forbes

ကော့စတာရီကာနိူင်ငံဟာ ၎င်း၏အံ့သြဖွယ်ရာသဘာဝရှုခင်းတွေကြောင့် လူသိများထင်ရှားပါတယ်။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းနေဖို့က နိူင်ငံရဲ့ဦးစားပေး အလုပ်တွေထဲမှာ ပါဝင်နေပြီး သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းမူ အညွှန်းကိန်း ၈၆.၄ အထိရှိနေပါတယ်။ လေထုနှင့်ရေထုညစ်ညမ်းမှုကိုအထူးသလဲ ကာကွယ်ပေးသောနိူင်ငံလည်းဖြစ်ပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မူကို ရှောင်ရှားနိူင်ရန်အတွက် ပြန်လည်အသုံးပြု နိူင်သော စွမ်းအင်တွေကိုသာ အဓိကအသုံးပြုကြပါတယ်။ နိူင်ငံအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူပြည်သားတွေဟာ ကမ္ဘာ့အပျော်ရွှင်ဆုံး စာရင်းမှာ ပါဝင်နေပါတယ်။

ဆွီဒင်

Source: The New York Times

ဆွီဒင် နိူင်ငံဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမူ အညွှန်းကိန်း ၈၆.၀ ဖြင့် ကမ္ဘာ့ အစိမ်းလန်းဆုံးနိူင်ငံတွေစာရင်းထဲမှာ ပါဝင်လာပါတယ်။ ဆွီဒင် နိူင်ငံရဲ့အဓိက ရည်မှန်းချက်ကတော့ ၂၀၂၀ အလွန်မှာ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ အသုံးပြုမူ ပပျောက်ဖို့ပါ။ ဒါကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမူကို ကာကွယ်ဖို့အတွက် ခြေလှမ်းလည်းဖြစ်ပါတယ်။

ကာဗွန်ထုတ်လွှင့်မူကို လျှော့ချနိူင်ဖို့အတွက် renewable energy (ပြန်လည်အသုံးပြု နိူင်သော စွမ်းအင်) ကိုအဓိကသုံးစွဲနေပြီး သန့်ရှင်းပြီးအန္တာရယ်ကင်းသော သဘာဝပတ်ဝန်းကျင် ဖော်ဆောင်နိူင်ဖို့ ကြိုးစားနေတဲ့ နိူင်ငံလည်းဖြစ်ပါတယ်။