ဒီနေ့ဖြတ်သန်းခဲ့တဲ့ တစ်ရက်တာလုံးသည် ကိုယ့်အတွက် အကျိုးရှိတဲ့ ရက်တစ်ရက်၊ Productive ဖြစ်တဲ့ ရက်တစ်ရက်အဖြစ် ခံစားရဖို့အတွက် ဘာတွေလိုအပ်မလဲ။

လူတစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်းလည်း မတူတာကြောင့် ခံယူချက်ချင်းလည်း တူနိုင်မှာမဟုတ်ပါဘူး။ အချို့ကလည်း ဒီနေ့တစ်နေ့လုံးမှာ ဖုန်းကို အချိန်အကြာကြီး သုံးမိတဲ့အခါ Productive မဖြစ်တော့ဘူးလို့ မှတ်ယူတတ်ကြပြီး အချို့ကလည်း ဒီနေ့တစ်လုံးလုံး အိပ်ပဲ အိပ်နေမိတယ်လို့ ခံစားမိတဲ့အခါ Productive မဖြစ်တော့ဘူးလို့ ယူဆတတ်ကြပါတယ်။

သင်သည် ၂၄ နာရီ ၇ ရက်ပတ်လုံး Productive ဖြစ်နေမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စိတ်မပူပါနဲ့ ကျွန်တော်တို့အားလုံးသည် ဘယ်သူကမှ ရာနှုန်းပြည့် မပြီးပြည့်စုံကြပါဘူး။

သင့်မှာ အခုဖော်ပြမယ့် အလေ့အကျင့်များ ရှိနေပြီလားဆိုတာ စစ်ဆေးကြည့်ပါ။ ထိုအလေ့အကျင့်များ ရှိနေလို့ဆိုပြီး စိတ်ညစ်သွားစရာမလိုပါဘူး။ ဒါပေမဲ့ အခုဖော်ပြတဲ့အလေ့အကျင့်များ ၅ ခုနှင့် အထက်ရှိပြီနေဆိုရင်တော့ ထိုအလေ့အကျင့်တချို့ကို ပြောင်းလဲဖို့ အချိန်တန်နေပါပြီ။

အလုပ် အလွန်အကျွံ ပြုလုပ်ခြင်း

The Habits of Unproductive People You Don’t Want to Copy

ကောင်းမွန်တဲ့အလေ့အကျင့်ဖြစ်မလိုလိုနဲ့ တကယ်တော့ သင့်အတွက် မကောင်းတဲ့အလေ့အကျင့်ပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အနားမပေးဘဲ အလုပ် အလွန်အကျွံ ပြုလုပ်ခြင်းသည် အလုပ်တွေ ပြီးမြောက်သွားတယ်ဆိုပေမယ့် သင့်အတွက်တော့ စိတ်ဖိစီးမှုတွေ ခံစားရပါလိမ့်မယ်။

ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ။ သင့်လုပ်ရမယ့်အလုပ်က အချိန်သတ်မှတ်ချက်ရှိသလား။ အချိန်သတ်မှတ်ချက်မရှိရင် အေးအေးဆေးဆေးပြုလုပ်ပါ။

စိုးရိမ်ပူပန်မှုလွန်ကဲခြင်း

The Habits of Unproductive People You Don’t Want to Copy

အရာရာတိုင်းကို စိုးရိမ်ပူပန်နေခြင်းသည် သင့်ရဲ့စိတ်ကိုသာ ဒုက္ခပေးနေတဲ့အရာပါ။ စိတ်ပူနေမယ့်အစား အကျိုးရှိတဲ့အရာတစ်ခုခုကိုသာ ပြုလုပ်နေပါ။

ခေါင်းမာလွန်းခြင်း

The Habits of Unproductive People You Don’t Want to Copy

ခေါင်းမာလွန်းခြင်း၊ တယူသန်လွန်းခြင်းသည်လည်း သင့်အတွက် မကောင်းပါဘူး။ အခြားသူများရဲ့အကြံဉာဏ်များကိုလည်း လက်ခံသင့်ရင် လက်ခံရပါမယ်။

ဆိုရှယ်မီဒီယာများပေါ်တွင် အချိန်ဖြုန်းလွန်းခြင်း

The Habits of Unproductive People You Don’t Want to Copy

ယနေ့ခေတ် လူငယ်အများစုမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်တစ်ခုပါ။

ပြဿနတစ်ခုကို ရင်မဆိုင်ဘဲ ထွက်ပြေးခြင်း

The Habits of Unproductive People You Don’t Want to Copy

ဒီလိုမျိုး ရှောင်ပြေးတတ်တဲ့လူတွေက အောင်မြင်မှုနဲ့ အလှမ်းဝေးတတ်ကြပါတယ်။

ငြင်းဆန်ရမှာကို ကြောက်ရွံ့ခြင်း

The Habits of Unproductive People You Don’t Want to Copy

လူတိုင်းပြောသမျှကို ငြင်းဆန်ရမှာ ကြောက်ရွံ့ခြင်းသည်လည်း သင့်အတွက် မကောင်းပါဘူး။ ငြင်းဆန်တတ်ဖို့ ကြိုးစားပါ။

ရေးမှတ်မထားခြင်း

The Habits of Unproductive People You Don’t Want to Copy

သင်သည် ဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ အလုပ်များလွန်းတဲ့အခါမှာတော့ မေ့လျော့သွားတတ်ပါတယ်။ ဒါ့ကြောင့် မမေ့မလျော့အောင်လို့ မှတ်စုထဲမှာ ထည့်မှတ်ထားလိုက်ပါ။

အခုဖော်ပြသွားခဲ့တဲ့အချက်တွေထဲကမှ ဘယ်နှချက်လောက်ကို သင် ပြုလုပ်နေမိပါသလဲ။ ၅ ချက်နှင့်အထက်ကို ကျူးလွန်နေမိတယ်ဆိုရင်တော့ သင့်အတွက် အန္တရာယ်ရှိပါတယ်။ မြန်မြန်ပြောင်းလဲဖို့ လိုအပ်နေပါပြီ။

Source: Dariusforoux.com

Featured Image Source: Urgenci.com