ပျော်ရွှင်မှုဆိုတာ တိုင်းတာဖို့ခက်ခဲတဲ့အရာတခုပါ။ သို့သော် ကမ္ဘာ့ကုလသမ္မဂအဖွဲ့က သုတေသနပညာရှင်တွေ နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ပျော်ရွှင်မှုကိုတိုင်းတာနိုင်ခဲ့ကြပါတယ်။ ဒီလိုနိုင်ငံအသီးသီးရဲ့ ပျော်ရွှင်မှု အစီရင်ခံစာတွေကနေ ကမ္ဘာ့အပျော်ဆုံးလို့သတ်မှတ်ထားတဲ့နိုင်ငံ (၅) ခုစာရင်းရလာပါတယ်။ ဒါဆိုဘယ်နိုင်ငံတွေလဲသိရအောင် အခုပဲပြောပြပေးပါမယ်။

(၁) ဖင်လန်နိုင်ငံ

ကမ္ဘာ့အပျော်ဆုံးနိုင်ငံတွေထဲမှာ ဖင်လန်နိုင်ငံက ထိပ်ဆုံးမှာပါဝင်နေပါတယ်။ ဖင်လန်နိုင်ငံအနေနဲ့ ကမ္ဘာ့ပေါ်ကပညာရေး အကောင်းဆုံးနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ စင်င်္ကာပူလို နိုင်ငံတွေ ကြားထဲမှာ ရပ်တည်နိုင်တာပါ။ တိုင်းပြည်ရဲ့ခရီးသွားဘုတ်အဖွဲ့ကတော့ ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတွင်း ပြိုင်ပွဲတခုကျင်းပပြီး အနိုင်ရတဲ့သူတွေ ကို နွေရာသီအားလပ်ရက်ခရီးစဉ်လည်ပတ်စေပါတယ်။

(၂) ဒိန်းမတ်

၂၀၁၉ ခုနှစ်ကစပြီးတော့ ဒိန်းမတ်နိုင်ငံဟာ အပျော်ဆုံးနိုင်ငံနံပါတ် ၃ကနေ ၂ကိုတက်လှမ်းခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့အချက်အလက်တွေအရ သက်တမ်း၊ လူမှုဆိုင်ရာအထောက်အပံ့တွေနဲ့ ပေးကမ်းမှုတွေနဲ့နှိုင်းယှဉ်ရင် ထိပ်ဆုံးမှာရှိတယ်လို့ဆိုပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ Happiness Research Institute ရဲ့ အကြံပေးစကားကတော့ “သင်ပျော်ချင်ရင် အခုပဲသင်ပျော်ရဲ့လားဆိုတဲ့အတွေးကိုရပ်ပြီး စက်ဘီးတစီးပေါ်သာတက်စီးလိုက်ပါ” လို့ိဆိုပါတယ်။

(၃) နော်ဝေ

နော်ဝေနိုင်ငံကတော့ တနှစ်ပြီးတနှစ် ပျော်ရွှင်မှုအဆင့်တွေတိုးတက်လာတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ပြည်သူတွေဟာ အလွန်ပျော်ရွှင်ကြပြီး ကောင်းမွန်စွာဖွဲ့စည်းထားတဲ့အစိုးရရဲ့လူမှုဖူလုံရေးစနစ်နဲ့ သဘာဝအရင်းအမြစ်များကို တာဝန်ယူစီမံခန့်ခွဲမှုတွေအောက်မှာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

(၄) အိုက်စလန်

အိုက်စလန်နိုင်ငံဟာ ၂၀၀၇ခုနှစ်က နိုင်ငံစီးပွားရေးပြိုပျက်မှုနဲ့ရင်ဆိုင်ခဲ့ရပေမယ့် နောက်ပိုင်းမှာအမြန်ဆုံးပြန်လည်တိုးတက်ခဲ့လို့ ပေါ်လွင်ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံပါ။ အမြဲတမ်းရေခဲနေတဲ့ ဒီဒေသဟာနေထိုင်သူတွေရဲ့ ပျော်ရွှင်မှုကိုထိခိုက်စေလိမ့်မယ်လို့သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ အမြဲပျော်ရွှင်ကြပြီး အခြားကမ္ဘာတခုမှာအေးအေးချမ်းချမ်းနေထိုင်နေကြတဲ့သူတွေလိုပါပဲတဲ့။

(၅) နယ်သာလန်

နယ်သာလန်လူမျိုးအများစုဟာ သူတို့ရဲ့လူနေမှုပုံစံနဲ့ အလွန်ကျေနပ်ရောင့်ရဲတတ်ကြလို့ဆိုပါတယ်။ အမျိုးသား CBS စာရင်းရုံးရဲ့ သုတေသနတခုအရ နိုင်ငံသားတွေရဲ့ အသက် ၁၂နှစ်ကနေ ၁၈နှစ်ကြားလူငယ် ၉၄%က သူတို့ဘဝကို အလွန်ပျော်ရွှင်ကြတယ်လို့တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံအနေအထားအရ အချိန်မရွေးရေလွှမ်း မိုးခံရနိုင်ခြေရှိတဲ့အတွက် တူးမြောင်းတွေ၊ ရေကာတာနဲ့ ဆည်တွေနဲ့ဖွဲ့စည်းကာရံထားရပါတယ်။