စုံတွဲတွေ တော်တော်များများ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမယ့် နောက်ဆုံးမှာ ကွဲသွားကြတာတွေရှိပါတယ်။ အတူနေနေပေမဲ့ မပျော်မရွှင်ဖြစ်နေတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ ဒီလိုမျိုးမဖြစ်ဖို့အတွက် လုပ်ဆောင်ရမဲ့တာဝန်က နှစ်ယောက်လုံးမှာရှိပါတယ်။ တစ်ယောက် တည်းကပဲ ကြိုးစားပြီး relationship တစ်ခုကို ထိန်းသိမ်းဖို့ မဖြစ်နိုင်ပါဘူး။ ဒီနေ့မှာတော့ ပျော်ရွှင်နေတဲ့ စုံတွဲတွေရဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။

ချစ်တယ်ဆိုတဲ့စကားကို တရက်ကိုအနည်းဆုံး တစ်ကြိမ်လောက်ပြောကြတယ်

asian backpacker couple feeling happy traveling in beijing

Photo : Freepik

ဒါက ပျော်ရွှင်နေတဲ့ စုံတွဲတွေ လုပ်လေ့ရှိတဲ့ အခြေခံအကျဆုံး အချက်လို့ပြောလို့ရပါတယ်။သူတို့ဟာ တစ်ရက်ကို အနည်းဆုံးတစ်ကြိမ်လောက်တော့ စာတိုပို့တာဖြစ်ဖြစ် ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ် ချစ်တယ်ဆိုတယ်စကားကို ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီစကားတခွန်းကို ရင်ထဲကနေ အလေးအနတ်ထားပြော ဖို့အရေးကြီးပါတယ်။ ဝတ်ကျေတန်းကျေ ပဲပြောမယ်ဆိုရင်တော့ အကျိုးရှိမှာ မဟုတ်ပါဘူး။

ကိုယ်ပိုင်အချိန်တွေ ရှိကြတယ်

couple watching sunset near beach, sweet couple happy relax enjoy love and romantic moment

Photo : Freepik

သူတို့တွေက ရင်းရင်းနှီးနှီးနဲ့ နေတတ်ကြပြီး နေ့စဉ်ဘဝကို ကိုယ်ချစ်သူနဲ့ ဝေမျှတတ်ကြတယ်။ ဒါပေမယ့် သူတို့တွေက စည်းမကျော်ကြဘူး။တစ်ယောက်ရဲ့ကိုယ်ပိုင်အချိန်တွေကို နောက်တစ်ယောက်က လေးစားတယ်။ အမြဲတမ်းနှစ်ယောက် အတူတူ ရှိနေဖို့မကြိုးစားဘူး။ တစ်ယောက်ကို တစ်ယောက်မထိန်းချုပ်ကြဘူး။ Relationship ထဲမှာ ပိတ်မိနေပြီး မွန်းကြပ်မှုခံစားနေရတာက နှစ်ယောက်လုံးအတွက် ကောင်းတဲ့လက္ခဏာ တစ်ခုမဟုတ်ပါဘူး။

ဝါသနာတစ်ခုကိုနှစ်ယောက်တူတူ လုပ်ကြတယ်

Asian couple dating

Photo : Freepik

လူတိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့ ဝါသနာတစ်ခုချင်းစီရှိကြတာ မှန်ပါတယ်။ဒါပေမဲ့ စုံတွဲရယ်လို့ဖြစ်လာပြီဆိုရင် နှစ်ယောက်သားအတူအတူ ပျော်ပျော်ရွှင်ရွှင်လုပ်လို့ရမဲ့ အရာတစ်ခုရှိသင့်ပါတယ်။ပျော်ရွှင်နေတဲ့ စုံတွဲတွေက အားကစားလုပ်တာဖြစ်ဖြစ်၊ ရုပ်ရှင် အတူကြည့်တာဖြစ်ဖြစ် အနည်းဆုံး ဝါသနာတခုကိုနှစ်ယောက်အတူအတူလုပ်လေ့ရှိကြပါတယ်။

တူတူစားကြတယ်

couple man and woman is spending weekend together on couch indoors at home

Photo : Freepik

နေ့တိုင်း မနက်နေ့လည် ညစာတွေကို တူတူစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်သူတို့တွေကတော့ ရတဲ့အချိန်လေးတွေကို မနက်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ် တူတူစားလေ့ရှိကြပါတယ်။အခုခေတ်စုံတွဲတွေက နှစ်ယောက်အတူတူ ရှိနေပေမဲ့ သူတို့ရဲ့အာရုံတွေက ဖုန်းမှာပဲ ရှိကြတယ်။ ဒါကတော်တော်ဆိုးဝါးတဲ့ လုပ်ရပ်ပါ။ ပျော်ရွှင်နေတဲ့ စုံတွဲတွေကတော့ နှစ်ယောက်အတူတွေ့ရတဲ့ အချိန်လေးကို တန်ဖိုးရှိရှိအသုံးချကြတယ်။သူတို့ရဲ့တနေ့တာ လုပ်ခဲ့သမျှတွေကို မျှဝေကြတယ်။ လာမယ့် အားလပ်ရက်တွေမှာ လုပ်မဲ့အရာတွေအကြောင်း ဆွေးနွေးတတ်ကြတယ်။

လက်ဆောင်လေးတွေအပေါ် ကျေနပ်ကြတယ်

Fancy dressed man and woman in silver gown hug each other tender standing before a christmas tree

Photo : Freepik

ဈေးကြီးပြီးလှပတဲ့ လက်ဆောင်တွေရတာက ပျော်ဖို့ကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ လူချမ်းသာတွေ သူတို့ကောင်မလေးမွေးနေ့ ရောက်ရင် ကားတွေအိုင်ဖုန်းတွေဝယ်ပြီး စပရိုက်လုပ်ကြလေ့ရှိပါတယ်။ဒီလောက်ထိ လုပ်ပေးဖို့ မလိုအပ်ပါဘူး။ အဓိကက ကိုယ်ပေးတဲ့လက်ဆောင်ဟာ ကြီးသည်ဖြစ်စေသေးသည်ဖြစ်စေ တစ်ဖက်လူကျေနပ်ဖို့ပါပဲ။ ပျော်ရွှင်နေတဲ့ စုံတွဲတွေက ဒါကိုနားလည်ထားကြတယ်။ သူတို့ကလက်လုပ် လက်ဆောင်လေးတွေ ကိုယ့်ချစ်သူ လိုအပ်နေတဲ့ အရာတွေ ဥပမာ နှုတ်ခမ်းနီ၊ ခြေအိတ်၊ အိမ်အတွက် အသုံးလိုတဲ့ ပစ္စည်းတွေကိုဝယ်ပေးလေ့ရှိကြတယ်။