နှစ်ယောက်တစ်ဘဝ တည်ထောင်ဖို့ဆိုတာ တကယ်မလွယ်တဲ့အလုပ်တခုပါ။ စုံတွဲတွေ တော်တော်များများ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမယ့် နောက်ဆုံးမှာ ကွဲသွားကြတာတွေရှိပါတယ်။ အတူနေနေပေမဲ့ မပျော်မရွှင်ဖြစ်နေတဲ့ စုံတွဲတွေလည်းရှိပါတယ်။ ဒီလိုမျိုးမဖြစ်ဖို့အတွက် လုပ်ဆောင်ရမဲ့တာဝန်က နှစ်ယောက်လုံးမှာရှိပါတယ်။ တစ်ယောက်တည်းကပဲ ကြိုးစားပြီး relationship တခုကို ထိန်းသိမ်းဖို့မဖြစ်နိုင်ပါဘူး။ ပျော်ရွှင်နေတဲ့ စုံတွဲတွေရဲ့နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။

(၁) ကိုယ်ပိုင်အချိန်တွေ ရှိကြတယ်

Young cute multicultural couple taking a walk in an old part of the town

သူတို့တွေက ရင်းရင်းနှီးနှီးနဲ့ နေတတ်ကြပြီး နေ့စဉ်ဘဝကို ကိုယ်ချစ်သူနဲ့ ဝေမျှတတ်ကြတယ်။ ဒါပေမယ့် သူတို့တွေက စည်းမကျော်ကြဘူး။တယောက်ရဲ့ကိုယ်ပိုင်အချိန်တွေကို နောက်တစ်ယောက်က လေးစားတယ်။အမြဲတမ်းနှစ်ယောက် အတူတူ ရှိနေဖို့မကြိုးစားဘူး။ တစ်ယောက်ကို တစ်ယောက်မထိန်းချုပ်ကြဘူး။ Relationship ထဲမှာ ပိတ်မိနေပြီး မွန်းကြပ်မှုခံစားနေရတာက နှစ်ယောက်လုံးအတွက် ကောင်းတဲ့လက္ခဏာ တစ်ခုမဟုတ်ပါဘူး။

(၂) ဝါသနာတစ်ခုကိုနှစ်ယောက်တူတူ လုပ်ကြတယ်

 couple practicing yoga together at home in a modern interior

လူတိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့ ဝါသနာတခုချင်းစီရှိကြတာမှန်ပါတယ်။ဒါပေမဲ့ စုံတွဲရယ်လို့ဖြစ်လာပြီဆိုရင် နှစ်ယောက်သားအတူအတူ ပျော်ပျော်ရွှင်ရွှင်လုပ်လို့ရမဲ့ အရာတခုရှိသင့်ပါတယ်။ပျော်ရွှင်နေတဲ့ စုံတွဲတွေက အားကစားလုပ်တာဖြစ်ဖြစ်၊ ရုပ်ရှင် အတူကြည့်တာဖြစ်ဖြစ် အနည်းဆုံး ဝါသနာတခုကိုနှစ်ယောက်အတူအတူလုပ်လေ့ရှိကြပါတယ်။

(၃) လက်ဆောင်လေးတွေအပေါ်ကျေနပ်ကြတယ်

Romantic surprise for christmas, woman receives a gift from her boyfriend

ဈေးကြီးပြီးလှပတဲ့ လက်ဆောင်တွေရတာက ပျော်ဖို့ကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ လူချမ်းသားတွေ သူတို့ကောင်မလေးမွေးနေ့ ရောက်ရင် ကားတွေအိုင်ဖုန်းတွေဝယ်ပြီး စပရိုက်လုပ်ကြလေ့ရှိပါတယ်။ဒီလောက်ထိ လုပ်ပေးဖို့ မလိုအပ်ပါဘူး။ အဓိကက ကိုယ်ပေးတဲ့လက်ဆောင်ဟာ ကြီးသည်ဖြစ်စေသေးသည်ဖြစ်စေ တဖက်လူကျေနပ်ဖို့ပါပဲ။ ပျော်ရွှင်နေတဲ့ စုံတွဲတွေက ဒါကိုနားလည်ထားကြတယ်။ သူတို့ကလက်လုပ် လက်ဆောင်လေးတွေ ကိုယ့်ချစ်သူ လိုအပ်နေတဲ့ အရာတွေ ဥပမာ နှုတ်ခမ်းနီ၊ ခြေအိတ်၊ အိမ်အတွက် အသုံးလိုတဲ့ ပစ္စည်းတွေကိုဝယ်ပေးလေ့ရှိကြတယ်။

(၄) ချစ်တယ်ဆိုတဲ့စကားကို တစ်ရက်ကိုအနည်းဆုံးတကြိမ်လောက်ပြောကြတယ်

happy attractive guy with beautiful girl looking at each other laughing and hugging on sofa

ဒါက ပျော်ရွှင်နေတဲ့ စုံတွဲတွေ လုပ်လေ့ရှိတဲ့ အခြေခံအကျဆုံး အချက်လို့ပြောလို့ရပါတယ်။သူတို့ဟာ တရက်ကို အနည်းဆုံးတကြိမ်လောက်တော့ စာတိုပို့တာဖြစ်ဖြစ် ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ် ချစ်တယ်ဆိုတယ်စကားကို ပြောလေ့ရှိကြပါတယ်။ဒါပေမဲ့ ဒီစကားတခွန်းကို ရင်ထဲကနေ အလေးအနတ်ထားပြော ဖို့အရေးကြီးပါတယ်။ ဝတ် ကျေတန်းကျေ ပဲပြောမယ်ဆိုရင်တော့ အကျိုးရှိမှာ မဟုတ်ပါဘူး။

Photo : Freepik