တစ်နေရာတည်းမှာ အကြာကြီး သိပ်မလှုပ်ရှားဘဲ ငြိမ်နေရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကလည်း သိပ်မပြင်းထန်လှတဲ့ အားကစားတွေ နာရီဝက်နှုန်းနဲ့ တစ်ပတ်ကို ၅ ရက် လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။
တက်ကြွနိုးကြားမှုရှိခြင်းဟာ အလွန်တန်ဖိုးကြီးတဲ့ ကျန်းမာရေးအကျိုးတွေ ပေးပါတယ်။

(၁) ကြွက်သားနဲ့ အရိုးသန်မာစေတယ်

Photo: Unsplash

လှုပ်ရှားမှု လုပ်တိုင်း ကြွက်သားနဲ့ အရိုးတွေကို အလုပ်လုပ်စေပါတယ်။ အလုပ်လုပ်တာ များလာတာနဲ့အမျှ ကြွက်သားနဲ့ အရိုးတွေဟာ ပိုသန်မာလာတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာချိန်မှာလည်း မတော်တဆ လဲကျရင်တောင် အရိုးကျိုးတာမျိုး အဖြစ်နည်းစေနိုင်ပါတယ်။

(၂) စွမ်းအင်ပိုတက်လာတယ်

Photo: Freepik

တက်ကြွမှု ရှိခြင်းဟာ ဇီဝဖြစ်စဉ်ကို ပိုအရှိန်ရစေပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး စွမ်းအင်ပိုထုတ်ပေးနိုင်ပါတယ်။ တက်ကြွမှု ရှိလေလေ စွမ်းအင်ပိုတက်လာလေလေပါပဲ။

(၃) အရွယ်ကြောင့် ဖြစ်တဲ့ ရောဂါအဖြစ်နည်းစေတယ်

Photo: Freepik

အသက်အရွယ်နဲ့ ဆက်စပ်ပြီး ဖြစ်တတ်တဲ့ ရောဂါတွေအများကြီးပါပဲ။ အယ်လ်ဇိုင်းမားလို မှတ်ဉာဏ်တွေ ပျောက်လာတဲ့ ရောဂါ ၊ ကင်ဆာနဲ့ နှလုံးလမ်းကြောင်းရောဂါတွေဟာ လှုပ်လှုပ်ရှားရှား နေတတ်သူတွေမှာ အတွေ့ရနည်းပါတယ်။

(၄) ဝိတ်ထိန်းနိုင်တယ်

Photo: Freepik

လှုပ်ရှားနေရင် ကယ်လိုရီလောင်ကျွမ်းနေတာဖြစ်လို့ ဝိတ်မတက်လာအောင် ထိန်းထားနိုင်သလို တစ်ချို့သူတွေမှာ ဝိတ်ပါ ချပေးနိုင်ပါတယ်။

(၅) စိတ်ပိုင်းဆိုင်ရာ ပိုကျန်းမာတယ်

Photo: Freepik

နေ့တိုင်း တလှုပ်လှုပ် လုပ်နေကိုင်နေမယ်ဆိုရင် စိတ်ဖိစီးမှုလည်း လျှော့ချနိုင်ပါတယ်။ စိတ်ဖိစီးမှု နည်းလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာလည်း ပိုပြီး ကျန်းမာလာမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းသူဟာ လူ့သက်တမ်းလည်း ပိုရှည်တဲ့အထိ အကျိုးများပါတယ်။