လူတစ်ချို့က အပူအစပ်စားရတာကို နှစ်သက်ကြပါတယ်။ တစ်ချို့လူတွေဆိုရင် အစပ်မပါရင် ထမင်းမစားတက်ကြပါဘူး။ ဒီလို အစပ်စားခြင်းနောက်ကွယ်မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေပါတယ်။ ဒါပေမဲ့ “ တန်ဆေး လွန်ဘေး” ဆိုသလို ဘယ်အစားအစာကိုမဆို တန်သင့်ရုံလောက်သာ စားပေးသင့်ပါတယ်။

ဒီနေ့ kwee page က အစပ်စားပေးခြင်းကနေ ရလာနိုင်တဲ့ အကျိုးကျေးဇူးလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ကင်ဆာရောဂါ ကာကွယ်ပေးတယ်

Source: Conserve Energy Future

အစပ်စားလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတချို့ကို သေစေနိုင်တယ်။ ခုခံအားစနစ်ကို ကောင်းမွန်စေလို့ ကင်ဆာရောဂါတွေ အလွယ်တကူ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး

Source: Healthline

အစပ်ကို ပုံမှန်လေးစားပေးတဲ့သူတွေမှာ နှလုံးနဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ လျော့နည်းတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ အစပ်ထဲမှာပါတဲ့ ဓာတ်တစ်မျိုးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပြီး သွေးတိုးကိုလည်း ကျစေတယ်။ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေကို ချွေးအဖြစ်နဲ့ အပြင်က စွန့်ထုတ်ပေးတာကြောင့် အစပ်ကိုနည်းနည်းနဲ့ ပုံမှန်လေးစားသုံးပေးသင့်ပါတယ်။

ကယ်လိုရီ လောင်ကျွမ်းစေတယ်

Source: Penn Medicine

ကိုယ်အလေးချိန်ချဖို့ စဉ်းစားနေသူတွေအတွက် အစပ်စားပေးဖို့ အကြံပြုပါရစေ။ သွေးတွင်းက ကယ်လိုရီဓာတ်ကို လောင်ကျွမ်းစေပြီး အစားစားချင်စိတ်ကို လျှော့ချပေးလို့ မကြာခဏ အစာမစားအောင် ကူညီပေးပါတယ်။ အစပ်လေးပါ တစ်နေ့ နည်းနည်းချင်းစီ စားပေးမယ်ဆိုရင် ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ဝိတ်ချတာကို အထောက်အကူဖြစ်စေပါတယ်။