“အာရောဂျံ ပရမံ လာဘံ” အနာရောဂါ ကင်းဝေးပြီး ကျန်းမာခြင်းသည် ဆုလာဘ်တစ်ပါးပဲဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်မှသာ စတိုင်ကျ လှပသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး မိမိအလိုရှိသမျှကို ကျင့်ကြံလုပ်ဆောင်နိုင်မှာပါ။

ကျန်းမာပျော်ရွှင်ဖို့ရန်အတွက် သဘာဝကပေးအပ်ထားပြီး ငွေကုန်ကြေးကျ နည်းစေတဲ့ သဘာဝအားဆေးလေးတွေရှိပါတယ်။ ထိုအားဆေးများကို နေ့စဉ်မှန်မှန် စားသုံးပေးပါက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဖျားနာခြင်းရန်မှ ကင်းဝေးသွားပါလိမ့်မယ်။

ကြက်သွန်ဖြူ

garlic for men

ကြက်သွန်ဖြူသည် ခံတွင်းနံ့ နံစေပေမယ့် သူ့ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းများက ကင်ဆာရောဂါကို တိုက်ဖျက်ပေးပြီး နှလုံးရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက်ကြောင့် ဆီးချိုသမားများအတွက် အကောင်းဆုံးဆေးဝါးတစ်လက်ပါပဲ။

ပန်းပွင့်စိမ်း

broccoli for men

ဗီတာမင်စီဓာတ်ကို အချဉ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများထံမှပဲ ရရှိမယ်လို့ သင် ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ပန်းပွင့်စိမ်းသည် ဗီတာမင်စီဓာတ် အများဆုံးပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ပန်းပွင့်စိမ်းကို ပန်းကန်လုံးတစ်ဝက်ခန့် စားသုံးပေးရုံနဲ့တင် ကိုယ်ခံစွမ်းအား မြင့်မားလာမှာဖြစ်ပြီး အနာကျက်မြန်စေပါတယ်။

ကန်စွန်းဥ

sweet potatoes for men

ကန်စွန်းဥတွေကတော့ ဗီတာမင်အေဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။ သူ့ကို ပုံမှန်စားသုံးပေးပါက ဆီးချိုရောဂါ၊ ကင်ဆာရောဂါနှင့် ရောင်ရမ်းခြင်းတို့ကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာအလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါသေးတယ်။

ကညွှတ်

asparagus for men

ကညွှတ်ကတော့ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်သည် သွေးတိုးခြင်းမှ ကာကွယ်ပေးပြီး သွေးလှည့်ပတ် စီးဆင်းမှုကောင်းအောင် ကူညီပေးပါတယ်။

ခရမ်းရောင်ဂေါ်ဖီ

red cabbage for men

ဒီဂေါ်ဖီထဲမှာ ပါဝင်တဲ့ ရောင်ခြယ်ဓာတ်က သင့်အသည်းကို ကာကွယ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ အမြင်အာရုံကို ကြည်လင်စေပြီး ကင်ဆာရောဂါကိုလည်း တိုက်ဖျက်ပေးပါတယ်။ သင့်အနေနဲ့ ရိုးရိုးဂေါ်ဖီ စားရတာ ငြီးငွေ့လာတဲ့အခါ ခရမ်းရောဂါ ဂေါ်ဖီလေး ပြောင်းစားကြည့်လိုက်ပါ။

ကြက်သွန်နီ

onion for men

ကြက်သွန်နီက ပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကလည်း အံ့မခန်းပါပဲ။ သူသည်လည်း ခံတွင်းကို အနံ့အသက်ဆိုးစေပေမယ့် ကိုလက်စတော မြင့်မားမှုကို လျော့ချပေးတဲ့အတွက်ကြောင့် နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးပြီး သွေးခဲခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

Source: Nextluxury.com