ရုပ်ရှင်တစ်ကားချင်းအနေနဲ့ ဝင်ငွေအများဆုံးရတဲ့ မင်းသားတွေကို သိပါသလား။ ခင်ဗျားခေါင်းထဲမှာ နာမည်တစ်ချို့ ပေါ်လာမယ်ဆိုရင် အခုပြောတဲ့ မင်းသားတွေ ဟုတ်/မဟုတ် သိရအောင် တစ်ချက်ကြည့်ကြည့်လိုက်ရအောင်ပါ။

(၁) ဝီလ်စမစ်

Photo: Business Insider

Men in Black 3 ထဲမှာ အေးဂျင့်ဂျေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးဝီလ်စမစ်ဟာ တစ်ကားတည်းနဲ့ ဒေါ်လာ သန်း ၁၀၀ အထိ စံချိန်တင်ရခဲ့ပါတယ်။

(၂) ကီနူးရိဗ်စ်

Photo: Business Insider

အောင်မြင်တဲ့ ရုပ်ရှင်ကားတစ်ခုဖြစ်တဲ့ The Matrix သုံးကားတွဲကနေ ကီနူးရိဗ်စ်ဟာ စုစုပေါင်း ဒေါ်လာသန်း ၂၅၀ ရခဲ့တယ်လို့ဆိုပါတယ်။ တစ်ကားချင်းအလိုက်ဆိုရင် သူဟာ ဒေါ်လာ ၈၃.၃ သန်းဝင်ခဲ့တာ ဖြစ်ပါတယ်။

(၃) တွမ်ခရုဇ်

Photo: Business Insider

Mission: Impossible – Ghost Protocol ရုပ်ရှင်ကားမှာ အီသန်ဟန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး တွမ်ခရုဇ်ဟာ အဲ့ဒီကားနဲ့ ဒေါ်လာ ၇၅ သန်း ရခဲ့ပြီး ၂၀၁၂ ခုနှစ် Forbes ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး ရုပ်ရှင်မင်းသားစာရင်း ဝင်ခဲ့ပါတယ်။

(၄) ရောဘတ်ဒေါင်းနင်း ဂျူနီယာ

Photo: Business Insider

Marvel Cinematic Universe မှာ သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသားကြီးပါ။ ရောဘတ်ဒေါင်းနင်းဂျူနီယာဟာ ၂၀၁၈ ထွက် Avengers: Infinity War နဲ့ ဒေါ်လာ ၇၅ သန်း ရခဲ့ပါတယ်။ ၂၀၁၂ မှာ ရိုက်ကူးခဲ့တဲ့ပထမဆုံး Avengers ရုပ်ရှင်မှာ သူဟာ ဒေါ်လာ သန်း ၅၀ ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

(၅) ဂျွန်နီဒပ်

Photo: Business Insider

ဂျွန်နီဒပ်ရဲ့ ဝင်ငွေအများဆုံး ရခဲ့တဲ့ ရုပ်ရှင်ဟာ အများသိတဲ့ Pirates of the Caribbean စီးရီး မဟုတ်ပါဘူး။ Alice in Wonderland ထဲက မတ်ဟတ်တာဇာတ်ကောင်မှာ ပေါင် သန်း ၅၀ (ဒေါ်လာ ၆၈ သန်းခန့်) ရခဲ့တာ ဖြစ်ပါတယ်။

(၆) ဟယ်ရီဆင် ဖို့ဒ်

Photo: Business Insider

အင်ဒီယာနာဂျုံးစ်ဇာတ်ကောင်ကို လူတိုင်း နှစ်သက်မယ် ထင်ပါတယ်။ စတုတ္ထမြောက် အင်ဒီယာနာဂျုံးစ်ဇာတ်ကား Kingdome of the Crystal Skull မှာ ဝင်ငွေအများစုကို မင်းသားကြီး ဟယ်ရီဆင်ဖို့ဟာ ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ် နဲ့ ထုတ်လုပ်သူ ဂျော့ချ်လူးကပ်စ်တို့နဲ့အတူ ခွဲယူဖို့ ပါရာမောင့်ထုတ်လုပ်ရေးဘက်က သဘောတူညီမှု ရခဲ့ပါတယ်။ Forbes ရဲ့ အဆိုအရ ဒီကားမှာ မင်းသားကြီးဟာ ဒေါ်လာ ၆၅ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။

(၇) တွမ်ဟန့်ခ်

Photo: Business Insider

Forrest Gump ရုပ်ရှင်ဟာ မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ တွမ်ဟန့်ခ်ရဲ့ အကောင်းဆုံးသရုပ်ဆောင်မှုတွေ တွေ့မြင်ခဲ့ရတဲ့ ဒီရုပ်ရှင်ဟာ သူ့အတွက် ခန့်မှန်းခြေ ဒေါ်လာ သန်း ၆၀ လည်း ရရှိစေခဲ့ပါတယ်။