ကယ်လီဖိုးနီးယား မှာရှိတဲ့ မရဏတောင်ကြားဟာ (၂၀၂၀) ခုနှစ် ဩဂုတ်လမှာ အပူချိန် (၅၄) ဒီဂရီစင်တီဂရိတ် ဖြင့် အပူချိန် စံချိန်တင်ခဲ့ပါတယ်။ လေ့လာမှုတွေအရ (၁၉၁၃) နောက်ပိုင်း အပူဆုံး ဖြစ်ခဲ့တာပါ။ ပြီးတော့ ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ထားတဲ့ အပူဆုံးနေရာလည်းဖြစ်ခဲ့ပါတယ်။
ဒီနေ့ kwee page က ကမ္ဘာ့အပူဆုံးဆိုတဲ့ နေရာတွေအကြောင်းပြောပြပေးသွားမှာပါ။
မရဏတောင်ကြား ( ကယ်လီဖိုးနီးယား၊ USA)

မရဏတောင်ကြားဟာ အတည်ပြုပြီးခဲ့သမျှ အပူဆုံးနေရာတွေထဲမှာ နံပက် (၁) နေရာမှာ ရှိနေပါတယ်။ ဒီဒေသဟာ (၁၉၁၃) ခုနှစ် နွေရာသီမှာ အပူချိန် (၂၆.၇) ဒီဂရီစင်တီဂရိတ် အထိရောက်ရှိခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ပျှမ်းမျှအပူချိန် ၄၇ ဒီဂရီ ဖြစ်လာခဲ့ပြီး အမေရိကန်မှာတော့ အပူပြင်း အခြောက်သွေ့ဆုံးသော ဒေသဖြစ်ပါတယ်။
Kebili (တူနီးရှား)

ဒီသဲကန္တာရမြို့ကြီးဟာ ဒိတ်လုပ်တဲ့နေရာအဖြစ် ကျော်ကြားပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုက နွေရာသီဆိုရင် ပျှမ်းမျှ အပူချိန် (၄၀) နဲ့ အထက်ရှိနေတက်တာပါပဲ။ (၁၉၃၁) ခုနှစ်တုန်းကဆိုရင် အပူချိန် (၅၅) ဒီဂရီစင်တီဂရိတ် အထိမှတ်တမ်းတင်ထားခဲ့ ဖူးပါတယ်။
Mitribah (ကူဝိတ်)

ကူဝိတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာတည်ရှိတဲ့ ဒီဒေသဟာ (၂၀၁၆) ခုနှစ်တုန်းက အပူချိန် (၅၃.၉) ဒီဂရီစင်တီဂရိတ် အထိခြစ်ခြစ်တောက်ပူခဲ့ဖူးပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ တတိယအပူဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ပြီးတော့ အာရှဒေသမှာ အပူဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Turbat (ပါကစ္စတန်)

တူဘက်မြို့ဟာ ပါကစ္စတန်နိုင်ငံ ဘာလိုချင်စတန် ပြည်နယ်ရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ (၂၀၁၇) ခုနှစ် မေလမှာ အမြင့်ဆုံးအပူချိန် (၅၃.၇) ဒီဂရီစင်တီဂရိတ် အထိရောက်ရှိခဲ့ဖူးပါတယ်။
Dallol (အီသီယိုးပီယား)

ဆားဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေ ပြည့်နေတဲ့ ဒီရေပူစမ်းအရပ်ဒေသဟာ ၁၉၆၀ နဲ့ ၁၉၆၆ ကာလအတွင်း ပျမ်းမျှအပူချိန် ၄၁ ဒီဂရီအထိ ရှိခဲ့ဖူးပါတယ်။
Aziziyah (လီဗျာ)

ဂျာဖာရာ ပြည်နယ်ရဲ့ မြို့တော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ Aziziyah မြို့ဟာ မြို့တော် ထရီပိုလီရဲ့ တောင်ဘက် (၂၅) မိုင်အကွာမှာတည်ရှိနေပါတယ်။ ဒီမြို့ကတော့ ကမ္ဘာ့အပူပြင်းဆုံးဒေသလို့ ပြောစမှတ်တွင်ဖူးပါတယ်။ ၁၉၂၂ ခုနှစ်မှာ အပူချိန် ၅၈ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့လို့ ဒီစံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ချို့ယွင်းမှုတစ်ခုကြောင့် အပူချိန်တိုင်းထွာမှု မှားယွင်းခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နွေလယ်လောက်ရောက်ရင်ကို အပူချိန် ၄၈ အထက်ရှိပါတယ်။
Source: independent.co.uk
