ဖီလစ်ပီနို Pop Rock Band တစ်ခုဖြစ်တဲ့ The Juans အဖွဲ့ရဲ့ ပထမဆုံး Full-Length စတူဒီယိုအယ်လ်ဘမ် Linawag ကို ဖြန့်ချိလိုက်ပြီလို့ ဆိုပါတယ်။
Linawag အယ်လ်ဘမ်မှာ အရင်ဆိုထားတဲ့ Sabik ၊ Dulo နဲ့ Anghel တို့လို သီချင်းတွေ အပါအဝင် စုစုပေါင်း သီချင်း ၁၅ ပုဒ် ပါဝင်ပါတယ်။ မတ်လ ၁၇ ရက်နေ့မှာ အရေးကြီးတဲ့ ထိပ်တန်း ဒီဂျစ်တယ် Streaming ပလက်ဖောင်းတွေအားလုံးပေါ် တင်လိုက်ပြီလို့လည်း ဆိုပါတယ်။
Photo: freebiemnl
The Juans ရဲ့ လူမှုကွန်ရက်အကောင့်တစ်ခုမှာတော့ ဒီ အယ်လ်ဘမ် ဟာ ဆိုးဝါးတဲ့ စိတ်ပျက်ဖွယ်ရာ အခြေအနေတွေအတွက် ကောင်းမွန်တဲ့ရသ ၊ ခံစားမှုအလှနဲ့ ထွန်းညှိပေးဖို့ ဖြစ်တယ်လို့ ညွှန်းထားပါတယ်။ Linawag အယ်လ်ဘမ်အကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီနှောင်းပိုင်းက အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပြီး အဖွဲ့တည်ထောင်ခဲ့တဲ့ ၉ နှစ်ကျော်အတွင်းမှာ အရေးပါတဲ့ အယ်လ်ဘမ် ဖြစ်လာမှာပါ။
ဖိလစ်ပိုင်နိုင်ငံ ဘူလာကန်အခြေစိုက် ပေ့ါပ် ရော့ခ်ဂီတအဖွဲ့ The Juans မှာ ပင်တိုင်အဆိုတော်နဲ့ ကီးဘုတ်သမား Carl Guevarra ၊ အဆိုတော်နဲ့ လိဒ်ဂစ်တာသမား Japs Mendoza ၊ အဆိုနဲ့ ဘေ့စ်ဂစ်တာသမား Chael Adriano ၊ အဆိုနဲ့ အကော့စတစ်ဂစ်တာ RJ Cruz နဲ့ ဒရမ်သမား Joshua Coronel တို့နဲ့ ဖွဲ့စည်းထားပါတယ်။
Extended Plays (EP) အနေနဲ့ The Juans ၊ Umaga တို့ ထွက်ထားပြီး Myx Music Awards ဆု ၇ ဆုအထိ ရထားပါတယ်။ Best Ballad Song ဆုအတွက် Duo သီချင်း နဲ့ ရခဲ့ပြီး Rock/Alternative Performance of The Year ဆုအတွက် Pangalawang Bitaw သီချင်းတွေနဲ့ ရခဲ့တာ ဖြစ်ပါတယ်။ အခုထွက်လိုက်တဲ့ Linawag အယ်လ်ဘမ် မတိုင်ခင်မှာ The Juans ဟာ P-Pop အမျိုးသားအဖွဲ့ဖြစ်တဲ့ SB19 နဲ့ တွဲပြီး ဂီတအလုပ်တွေပါ ပေါင်းပြီး လုပ်ဆောင်ခဲ့ပါတယ်။
Featured Photo: NME