အသက်အရွှယ်အရ ရုပ်ရည်သွင်ပြင်ပြောင်းလဲလာမှုတွေက လူတိုင်းကြုံတွေ့ရတဲ့ ဖြစ်စဉ်တစ်ခုပါ။ သို့သော်လည်း ငယ်ရွှယ်စဉ်အချိန်မှာကတည်းက ရှိရင်းစွဲအသက်ထက်ပိုပြီး ရုပ်ရင့်နေမယ်ဆိုရင်တော့ မှားယွင်းနေတဲ့ လူနေမှုပုံစံတွေလုပ်မိနေခြင်းကြောင့်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမျိုးသားတွေအများစုလုပ်မိတက်တဲ့ ရုပ်ရင့်စေတဲ့ အဓိအကြောင်းအရင်း (၄) ချက်ကိုမျှဝေပေးချင်ပါတယ်။
(၁) ခေါင်းအုံးညစ်ပတ်နေခြင်း

Source : Getty Images
ကွီးတို့ အိပ်တဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါလျော်ဖြစ်ရဲ့လား။ အိပ်ယာခင်းတွေကိုရော သန့်ရှင်းရေးလုပ်ဖြစ်ပါသလား။ ခေါင်းအုံးဆိုတာ ကွီးတို့ရဲ့ မျက်နှာနဲ့ တစ်နေ့မှာ အနည်းဆုံး ၇ နာရီဝန်းကျင်ထိဆက်မှုရှိနေတဲ့အရာတစ်ခုပါ။ ခေါင်းအုံးစွပ်တွေကို ပုံမှန်သန့်ရှင်းရေးမလုပ်ဘူး လဲမပေးဘူးဆိုရင် ခေါင်းအုံးမှာရှိတဲ့ မှိုတွေအညစ်ကြေးတွေက နုနယ်တဲ့မျက်နှာဆဲလ်တွေကို ပျက်စီးစေတာကြောင့် ရုပ်ရင့်စေခြင်းကိုဖြစ်စေနိုင်ပါတယ်။ ကွီးတို့အနေနဲ့ နုပျိုခြင်းတွေပိုင်ဆိုင်ချင်တယ်ဆိုရင် အိပ်ယာခင်းနှင့်ခေါင်းအုံးတွေကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးဖို့လိုသလို တစ်ရက်ကို အနည်းဆုံး ၇နာရီခန့် အိပ်ရေးဝဝအိပ်စက်ဖို့လည်း လိုအပ်ပါတယ်။
(၂) စိတ်ဖိစီးမှုများခြင်း

Source : The Village Family
စိတ်ဖိစီးမှုများနေခြင်းက ကွီးတို့ကို စိတ်ရောကိုယ်ပါ ရင့်စေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဝက်ခြံပါ။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ Cortisol လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တွေ ထွက်ပေါ်လာစေပြီး Sebum လို့ခေါ်တဲ့ အဆီဓာတ်ထုတ်လုပ်မှုပိုများလာစေပါတယ်။ Sebum ကအရေပြားကျန်းမာရေးအတွက်ကောင်းပေမယ့် အလွန်အကျွံထွက်လာရင်တော့ ချွေးပေါက်ပိတ်စေပြီး ဝက်ခြံတွေဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။
(၃) အစားအသောက်မှုပုံစံမှားနေခြင်း

Source : Shutterstock
စားသောက်မှုပုံစံကလည်း ကွီးတို့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သတ်ပြီး ဆက်စပ်နေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ နေ့စဉ် ဆီကြော်တွေ အချိုဓာတ်လွန်ကဲတဲ့အစားအစာတွေ ပြုပြင်ထားတဲ့အစားအစာတွေ အသင့်စား အစားအစာတွေ ဆားပါဝင်မှုများတဲ့အစားအစာတွေ စားခြင်းနဲ့ ဆေးလိပ် အရက်သုံးစွဲခြင်းကလည်း ကွီးတို့ကို အလျှင်အမြန် ရုပ်ရင့်စေတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအရာတွေကိုအတက်နိုင်ဆုံးရှောင်ပြီး လက်ဆတ်တဲ့ဟင်းသီးဟင်းရွှက် သစ်သီးဝလံတွေ အသား ငါးတွေ စားသုံးပြီးနဲ့ ရေဓာတ်ပြည့်ဝအောင်နေဖို့ အကြံပြုချင်ပါတယ်။
(၄) အလွန်အကျွံမျက်နှာဆေးကြောသန့်စင်ခြင်း

Source : Medical News Today
အမျိုးသားတွေအများစု လုပ်မိတဲ့အမှားတစ်ခုက မျက်နှာကို ဆေးကြောသန့်စင်ခြင်း ဂျေးချွတ်ခြင်းလုပ်ငန်းစဉ်တွေကို မကြာခဏပြုလုပ်မိတက်တာဖြစ်ပါတယ်။ မျက်နှာကိုလိုတာထက်ပိုပြီး ဆေးကြောသန့်စင်မယ်ဆိုရင် မျက်နှာအရေပြားပေါ်က အဆီဓာတ်တွေခမ်းခြောက်သွားနိုင်သလို လိုတာထက်ပိုပြီး အသားအရေကအထိအခိုက်မခံဖြစ်တက်ပြီး အလွယ်တကူဖုန်တွေအညစ်ကြေးတွေ ကပ်ညှိတွယ်စေနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့အသားအရေနဲ့ မကိုက်တဲ့ Skincare ပစ္စည်းတွေ ပသုံးတာကလည်း အသားအရေးပျက်စီးဖို့ အခွင့်အရေးပိုများပြီး ရုပ်ရင့်စေနိုင်ပါတယ်။
