ရုပ္ရွင္ခ်စ္ကြီးေတြအတြက္ေတာ့ ဒီတစ္ေခါက္မွာ အက္ရွင္အသားေပး ရုပ္ရွင္ဇာတ္ကားတစ္ကားအေၾကာင္းနဲ႔ မိတ္ဆက္ေပးသြားခ်င္ပါတယ္ဗ်။ ဒီဇာတ္ကားရဲ႕ နာမည္ကုိ ေတြ႕လုိက္တာနဲ႔ ေတာ္ေတာ္ေလးကုိ စိတ္ဝင္စားသြားပါလိမ့္မယ္။ ဇာတ္ကားနာမည္မွာထဲက ဇာတ္ကားက ဘယ္လုိပုံစံလဲဆုိတာကုိလည္း နားလည္သြားပါလိမ့္မယ္။ ဟုတ္ကဲ႔ ကြ်န္ေတာ္ ဒီတစ္ေခါက္ေျပာျပေပးသြားခ်င္တဲ႔ ဇာတ္ကားရဲ႕ နာမည္ကေတာ့ The Man Who Killed Hitler and Then The Bigfoot ပါတဲ႔ဗ်ာ။

Photo Credit : MovieWeb

နာဇီေခါင္းေဆာင္ႀကီး အေဒ့ါဖ္ဟစ္တလာကုိ သတ္ခဲ႔ဖူးသူဆုိေတာ့ ေတာ္ေတာ္မေခခဲ႔သူတစ္ေယာက္ရဲ႕ အေၾကာင္းကုိ ပုံေဖာ္ထားတဲ႔ ဇာတ္ကားပါ။ ဒါေပမယ့္ ဒီဇာတ္ကားရဲဲ႕နာမည္ကုိၾကည့္ၿပီး ဟာသကား ငေပါကားလုိ႔ ကြီးတုိ႔ေတြ ထင္ေကာင္းထင္ႏုိင္ပါတယ္။ ကြ်န္ေတာ္ကုိယ္တုိင္လည္း အဲ႔လုိထင္မိပါေသးတယ္။ ဒါေပမယ့္ တကယ္ေတာ့ ဒီဇာတ္ကားက စြန္႔စားအက္ရွင္ဇာတ္ကားတစ္ကားပါ။ စိတ္ဝင္စားဖုိ႔လည္း အရမ္းေကာင္းပါတယ္။ The Man Who Killed Hitler And Then The Bigfoot မွာ ေခါင္းေဆာင္မင္းသားအျဖစ္ေတာ့ ေလဒီဂါဂါရဲ႕ ဇာတ္ကား A Star Is Born မွာ ေဘာ္ဘီအျဖစ္ ပါဝင္ခဲ႔တဲ႔ ဝါရင့္မင္းသားႀကီး ဆမ္အယ္လီယက္က သရုပ္ေဆာင္ထားပါတယ္။

Video Credit : Youtube

လူလတ္ပုိင္းအရႊယ္ေလာက္က ဒုတိယကမာၻစစ္အတြင္း နာဇီေခါင္းေဆာင္ႀကီး ဟစ္တလာကုိ သတ္ျဖတ္ႏုိင္ခဲ႔တဲ့ ကယ္ဗင္ဘားဟာ အသက္အရႊယ္ႀကီးမားလာခ်ိန္မွာေတာ့ သူရဲ႕ တာဝန္ေတြကေန အနားယူလုိက္ရာကေန မထင္မွတ္ပဲ သူ႔ဆီကုိ တာဝန္တစ္ခု က်ေရာက္လာခဲ႔ၿပီး ဒီတာဝန္ကေတာ့ Big Foot လုိ႔ လူသိမ်ားလွတဲ႔ ဒ႑ရီလာ သတၱဝါဆုိးႀကီးတစ္ေကာင္ကုိ ႏွိမ္ႏွင္းေပးဖုိ႔ျဖစ္ပါတယ္။ သူရဲေကာင္းႀကီး ကယ္ဗင္ဘား သူငယ္စဥ္က ဟစ္တလာကုိ သတ္ျဖတ္ခဲ႔ပုံနဲ႔ အသက္ႀကီးလာတဲ႔အခါမွာလည္း Big Foot နဲ႔ ရင္ဆုိင္တုိက္ခုိက္ပုံေတြကုိ စိတ္လႈပ္ရွားစရာျဖစ္ေအာင္ ရုိက္ကူးထားတာျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီလကမွ ထြက္ရွိထားခဲ႔တဲ႔ ဇာတ္ကားျဖစ္လုိ႔ မၾကည့္ဖူးေသးတဲ႔သူေတြလည္း အမ်ားႀကီးပါ။ တကယ္ၾကည့္ေကာင္းတဲ႔ကားမုိ႔ ကြ်န္ေတာ္ရဲ႕ ကြီးေတြၾကည့္ဖုိ႔ ညႊန္းေပးလုိက္ပါတယ္ခင္ဗ်ာ။

(Unicode)

ရုပ်ရှင်ချစ်ကွီးတွေအတွက်တော့ ဒီတစ်ခေါက်မှာ အက်ရှင်အသားပေး ရုပ်ရှင်ဇာတ်ကားတစ်ကားအကြောင်းနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်ဗျ။ ဒီဇာတ်ကားရဲ့ နာမည်ကို တွေ့လိုက်တာနဲ့ တော်တော်လေးကို စိတ်ဝင်စားသွားပါလိမ့်မယ်။ ဇာတ်ကားနာမည်မှာထဲက ဇာတ်ကားက ဘယ်လိုပုံစံလဲဆိုတာကိုလည်း နားလည်သွားပါလိမ့်မယ်။ ဟုတ်ကဲ့ ကျွန်တော် ဒီတစ်ခေါက်ပြောပြပေးသွားချင်တဲ့ ဇာတ်ကားရဲ့ နာမည်ကတော့ The Man Who Killed Hitler and Then The Bigfoot ပါတဲ့ဗျာ။

Photo Credit : MovieWeb

နာဇီခေါင်းဆောင်ကြီး အဒေ့ါဖ်ဟစ်တလာကို သတ်ခဲ့ဖူးသူဆိုတော့ တော်တော်မခေခဲ့သူတစ်ယောက်ရဲ့ အကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်ကားပါ။ ဒါပေမယ့် ဒီဇာတ်ကားရဲဲ့နာမည်ကိုကြည့်ပြီး ဟာသကား ငပေါကားလို့ ကွီးတို့တွေ ထင်ကောင်းထင်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုထင်မိပါသေးတယ်။ ဒါပေမယ့် တကယ်တော့ ဒီဇာတ်ကားက စွန့်စားအက်ရှင်ဇာတ်ကားတစ်ကားပါ။ စိတ်ဝင်စားဖို့လည်း အရမ်းကောင်းပါတယ်။ The Man Who Killed Hitler and Then The Bigfoot မှာ ခေါင်းဆောင်မင်းသားအဖြစ်တော့ လေဒီဂါဂါရဲ့ ဇာတ်ကား A Star is Born မှာ ဘော်ဘီအဖြစ် ပါဝင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး ဆမ်အယ်လီယက်က သရုပ်ဆောင်ထားပါတယ်။

Video Credit : Youtube

လူလတ်ပိုင်းအရွှယ်လောက်က ဒုတိယကမ္ဘာစစ်အတွင်း နာဇီခေါင်းဆောင်ကြီး ဟစ်တလာကို သတ်ဖြတ်နိုင်ခဲ့တဲ့ ကယ်ဗင်ဘားဟာ အသက်အရွှယ်ကြီးမားလာချိန်မှာတော့ သူရဲ့ တာဝန်တွေကနေ အနားယူလိုက်ရာကနေ မထင်မှတ်ပဲ သူ့ဆီကို တာဝန်တစ်ခု ကျရောက်လာခဲ့ပြီး ဒီတာဝန်ကတော့ Big Foot လို့ လူသိများလှတဲ့ ဒဏ္ဍရီလာ သတ္တဝါဆိုးကြီးတစ်ကောင်ကို နှိမ်နှင်းပေးဖို့ဖြစ်ပါတယ်။ သူရဲကောင်းကြီး ကယ်ဗင်ဘား သူငယ်စဉ်က ဟစ်တလာကို သတ်ဖြတ်ခဲ့ပုံနဲ့ အသက်ကြီးလာတဲ့အခါမှာလည်း Big Foot နဲ့ ရင်ဆိုင်တိုက်ခိုက်ပုံတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ထွက်ရှိထားခဲ့တဲ့ ဇာတ်ကားဖြစ်လို့ မကြည့်ဖူးသေးတဲ့သူတွေလည်း အများကြီးပါ။ တကယ်ကြည့်ကောင်းတဲ့ကားမို့ ကျွန်တော်ရဲ့ ကွီးတွေကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။