အခုမှ Date တာပဲဖြစ်ဖြစ် Dating အတွေ့အကြုံများတဲ့သူပဲ ဖြစ်ဖြစ် ကိုယ့်ကောင်မလေးနဲ့ Dating လုပ်တော့မယ်ဆိုရင် ဖက်ရှင်လည်း သေချာပြင်သွားဖို့ လိုမှာပါ။ ကိုယ်ချိန်းထားတဲ့နေရာပေါ် လိုက်ပြီး Formal ဝတ်ရမလား ၊ Smart Casual လောက်နဲ့ အဆင်ပြေမလား ပေါ့ပေါ့ပါးပါး Casual ပဲ ဝတ်ရမလားဆိုတာ ရွေးချယ်ဖို့ လိုပါတယ်။

အဝတ်အစားဟာ ကိုယ့်ရဲ့ စရိုက်သဘာဝ Personality ကို ဖော်ပြနိုင်စွမ်း ရှိဖို့ အရေးကြီးပါတယ်။ Personality ဆိုတာ လူတစ်ယောက်ချင်းစီရဲ့ မတူထူးခြားမှု ဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးလို့ သုံးနှုန်းကြပါတယ်။ ကိုယ့်ရဲ့ အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးကို ထုတ်ပြနိုင်တဲ့ အဝတ်အစားမျိုး ဝတ်မှပဲ အဝတ်အစားဟာ တန်ဖိုးတက်တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Dating အတွက် ဖက်ရှင်စတိုင် Tips လေးတွေ မျှဝေလိုက်တာပါ။

Modern sophistication

Photo: trunkclub

အရင်ဆုံး ပေးချင်တဲ့ Tips က Formal ကျကျ ဝတ်ရမယ့်နေရာအတွက် ဖြစ်ပါတယ်။ Formal Date မှာ ဝတ်သင့်တဲ့ဖက်ရှင်ဟာ သိုးမွေးချည် Blazer နဲ့ Dress Pant မျိုး ဖြစ်ဖို့ လိုပါတယ်။ အရောင်ကိုတော့ နက်ပြာ ၊ မီးခိုးမှိုင်း ၊ အဖြူနဲ့ အနက်တစ်ခုခု ဖြစ်သင့်ပါတယ်။ အရမ်းကြီး Formal မဆန်တဲ့ Dating ဆိုရင် ဝတ်စုံပြည့် ဝတ်သွားစရာ မလိုပါဘူး။ Blazer တစ်ထည် ၊ အောက်မှာ တီရှပ်အရောင်ခပ်ဖျော့ဖျော့ ခပ်မှိုင်းမှိုင်းနဲ့ ဘောင်းဘီကို Chino ဒါမှမဟုတ် Trouser တစ်မျိုးမျိုး ဝတ်သွားနိုင်ပါတယ်။ ဖိနပ်ကတော့ Dress Shoe နဲ့ ခါးပတ်ကို လယ်သာသားမျိုး ဝတ်ဖို့ လိုပါတယ်။

တကယ်လို့ ပေါ့ပေါ့ပါးပါး ခေတ်ဆန်ဆန်မျိုး ဝတ်ချင်ရင် Sports Coat လေးတစ်ထည်နဲ့ အောက်မှာ ရှပ်လက်ရှည်မျိုး ဝတ်သွားလို့ ရပါတယ်။ ကာလာ Tone ကို အရောင်ခပ်ရိုးရိုး ခပ်မှိုင်းမှိုင်း ရွေးနိုင်ပါတယ်။ Necktie စည်းစရာမလိုပါဘူး။ Derby Shoes စီးနိုင်ပါတယ်။ နည်းနည်းလေး Formal ကျချင်ရင်တော့ Tie စည်းပြီး အိတ်ကပ်မှာ Pocket Square လေး ထည့်သွားသင့်ပါတယ်။ အရောင်ချင်း မတိမ်းမယိမ်းလိုက်ဖက်အောင်လည်း ဂရုစိုက်ပေးပါ။

A relaxed look

Photo: trunkclub

Smart ကျကျ Date Night သွားမယ်ဆိုရင် Oxford Shirt နဲ့ Chino Pantတွဲဝတ်ပြီး အပေါ်က Sport Coat ထပ်ဝတ်နိုင်ပါတယ်။ ဖိနပ်ကိုတော့ Leather Loafer ဖြစ်ရင် အဆင်ပြေပါတယ်။ Casual ဆန်ဆန် ဝတ်ချင်သူတွေအတွက် လယ်သာဂျက်ကတ်နဲ့ တီရှပ်ဗြောင်တွဲဝတ်နိုင်သလို Sweater အပါးကို ရှပ်အင်္ကျီအကွက်ကို လည်းတွဲဝတ်နိုင်ပါတယ်။ဘောင်းဘီကို Jeans ပါး ဒါမှမဟုတ် Chino Pant ဝတ်ပြီး ဖိနပ်ကို Sneaker ဒါမှမဟုတ် Chukka Boot မျိုး စီးနိုင်ပါတယ်။

Relaxed ဖက်ရှင်နဲ့ Dating ကို သွားမယ်ဆိုရင်တော့ အရောင်ရင့်ပြီး နူးညံ့တဲ့ Jeans ဘောင်းဘီကို ဆွယ်တာကောင်းကောင်း ၊ ဒါမှမဟုတ် Oversized Shirt Jacket နဲ့ တွဲဝတ်သင့်ပါတယ်။ ဖိနပ်ကိုတော့ Casual Look ဖြစ်မယ့် High-Top Sneaker စီးရုံပါပဲ။

Featured Photo: toptrendsguide