ဖက်ရှင်စတိုင်လ်ဆိုတာ တစ်ခေတ်နဲ့တစ်ခေတ် တူညီမှုမရှိတော့ဘဲ အမျိုးမျိုးပြောင်းလဲသွားကြပါတယ်။ မနှစ်က ဖက်ရှင်နဲ့ ဒီနှစ်ဖက်ရှင်က သိပ်မကွဲပြားလှပေမယ့် ၁၉၈၀ ကျော်ခန့်က ဖက်ရှင်နဲ့ ၂၀၁၉ ဖက်ရှင်ကတော့ တော်တော်လေးကွဲပြားသွားကြပါပြီ။ ယခင်က ခေါင်းလောင်းဘောင်းဘီအကားတွေ ခေတ်စားခဲ့ရာကနေ ယနေ့ခေတ်မှာတော့ အမျိုးသားဝတ်ဘောင်းဘီအတို၊ ဘောင်းဘီအကြပ်ဖက်ရှင်၊ ဒါမှမဟုတ် ဂျင်းဘောင်းဘီအပြဲတွေက ခေတ်စားလာခဲ့ပါတယ်။

၁၉၈၀ ဝန်းကျင်က ဆံပင်စတိုင်လ်ကို အရင်လေ့လာကြည့်ရအောင်။

အရင်ခေတ်က ဆံပင်အရှည်ထားမယ်ဆိုရင်တော့ ဆံပင်စတိုင် ပုံကျအောင် သိပ်ပြီးသလေ့မရှိပါဘူး။

ယနေ့ခေတ်ဆံပင်စတိုင်များ

ယနေ့ခေတ်မှာတော့ ဆံပင်အရှည်ထားမယ်ဆိုရင် ကိုယ့်မျက်နှာကျနဲ့လိုက်ဖက်တဲ့စတိုင်လ်ကို သေချာစဉ်းစားလာကြပြီး ဆံပင်ညှပ်ဆိုင်လည်း မကြာခဏသွားလေ့ရှိကြပါတယ်။

အားကစားဖက်ရှင်များ

အရင်ခေတ်တုန်းကတော့ လွတ်လွတ်လပ်လပ်စတိုင်လေးရအောင်ဆိုပြီး အားကစားဝတ်စုံဝတ်တဲ့အခါ တီရှပ်အပွကြီးတွေကိုပဲ ကောက်ဝတ်လိုက်တာပါပဲ။ ဒါ့အပြင် ဆွဲကြိုးအကြီးကြီးတွေလည်း ဆွဲလေ့ရှိကြပါတယ်။ ဦးထုပ်ဝိုင်းအမဲတွေကလည်း တစ်မျိုးခေတ်စားခဲ့ပါသေးတယ်။

ယနေ့ခေတ်မှာတော့ အားကစားဘောင်းဘီများကို ဖက်ရှင်ကျကျဝတ်စားလာကြပါပြီ။

Suit တွေ ဝတ်တဲ့အခါ

အရင်ခေတ်တုန်းက Suit ဝတ်တဲ့အခါ ရယ်ဒီမိတ်တွေ ဝယ်ဝတ်တာထက် အပ်ချုပ်ဆိုင်မှာ ကိုယ်တိုင်းနဲ့ချုပ်လေ့ရှိကြပါတယ်။ ဒါ့အပြင် ဝတ်စုံပြည့်ဖြစ်အောင် နက်ခ်တိုင်ကိုလည်း သေချာစည်းလေ့ရှိပါတယ်။

ယနေ့ခေတ်မှာတော့ ရယ်ဒီမိတ် Suit တွေ ဝယ်လေ့ရှိပြီး နက်ခ်တိုင်စည်းလေ့မရှိကြတော့ဘဲ ပေါ့ပေါ့ပါးပါးစတိုင် ပိုင်ဆိုင်နိုင်ဖို့အတွက် တီရှပ်၊ စပို့ရှပ်တို့နဲ့ တွဲဖက်ဝတ်ဆင်လာကြပါတယ်။

ရှပ်အင်္ကျီဖက်ရှင်များ

အရင်ခေတ်က အမျိုးသားများက ရှပ်အင်္ကျီကို အပေါ်ကြယ်သီးတစ်လုံးဖြုတ်ပြီး ဝတ်ဆင်လေ့ရှိကြပါတယ်။ ခေတ်ဟောင်းရုပ်ရှင်တွေထဲမှာဆို အဲ့ဒီလိုစတိုင်ဝတ်တဲ့မင်းသားတွေ အင်မတန်စတိုင်ကျလှတာကို တွေ့မြင်ရမှာပါ။

အခုနောက်ပိုင်းမှာတော့ ဖက်ရှင်က တစ်မျိုးပြောင်းလဲလာခဲ့ပါပြီ။ ရှပ်အင်္ကျီချည်းပဲ တစ်ထပ်တည်းဝတ်လေ့ရှိသလို၊ ရှပ်အင်္ကျီအောက်မှာ စွပ်ကျယ်တစ်ထည်ခံဝတ်ပြီး ကြယ်သီးလုံးဝမတပ်ဘဲလည်း ဝတ်ဆင်လေ့ရှိပါတယ်။

ဂျင်းဘောင်းဘီ ဖက်ရှင်

အရင်ခေတ်တုန်းက ဂျင်းဘောင်းဘီအပွနဲ့ သိပ်မကြပ်တဲ့ဂျင်းဘောင်းဘီတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

ယနေ့ခေတ်မှာတော့ ဂျင်းဘောင်းဘီအပြဲဖက်ရှင်လေးတွေကို အမျိုးသားများ နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်ကြတာကို တွေ့မြင်ရမှာပါ။

စာဖတ်သူအမျိုးသားတို့ရော အရင်ခေတ်က ဖက်ရှင်ကို သဘောကျပါသလား။ ဘယ်ဖက်ရှင်က ပိုစတိုင်ကျတယ်လို့ ထင်ပါသလဲ။

Source: Fashionbeans.com