ဒီနှစ်ထဲမှာ ဘယ်လိုဇာတ်ကားကောင်းတွေ ထွက်ရှိလာမလဲဆိုတာကို သိချင်နေကြတဲ့ ရုပ်ရှင်ချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ စောင့်ရကြိုးနပ်စေမယ့် ဇာတ်ကားကောင်းများကို ဝေမျှပေးချင်ပါတယ်။

ဘယ်လိုဇာတ်ကားကောင်းတွေက ကွီးတို့ကို စောင့်ကြိုနေမလဲဆိုတော့ …

Avatar 2

Avatar 1 တုန်းကလည်း တော်တော်လူကြိုက်များလာခဲ့တဲ့ ဇာတ်ကားသည် ဒီနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ Avatar 2 ဆက်လက်ထွက်ရှိလာမှာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

Source: World Sky Studio

The Unbearable Weight Of Massive Talent

ဒီဇာတ်ကားထဲမှာတော့ မင်းသားကြီး Nicolas Cage က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Nicolas က ဒီဇာတ်ကားထဲမှာ ရော့ခ်စတားအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဟာသဇာတ်ကားကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့စေမှာပါ။

Source: Movieclips Trailers

Thor: Love and Thunder

Marvel ဖန်တွေကတော့ ဒီဇာတ်ကားကို အမျှော်လင့်ကြီး စောင့်စားနေမှာ အမှန်ပါပဲ။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ ၈ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Source: Screen Culture

Top Gun: Maverick

အက်ရှင်ကား နှစ်သက်သူများအတွက်ရော Tom Cruise ပရိသတ်များအတွက် ဇာတ်ကားသစ်တစ်ကားနဲ့ ဆက်လက်မိတ်ဆက်ပေးချင်ပါတယ်။ ထိုဇာတ်ကားကတော့ Top Gun: Maverick ဖြစ်ပြီး မေလ ၂၇ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

Source: Paramount Pictures

Black Panther: Wakanda Forever

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ Black Panther: Wakanda Forever သည်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

Source: Screen Culture

Red Rocket

Mikey Saber ဆိုတဲ့ အမျိုးသားသည် လူကြီးကားတွေ ယခင်တုန်းက လူကြီးကားတွေရိုက်ကူးတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့မြို့ဆီ သူပြန်လာတဲ့အခါ အမျိုးသမီး ငယ်ငယ်ချောချောလေးတစ်ဦးဖြစ်တဲ့ Strawberry နဲ့ တွေ့ကာ ချစ်ကြိုက်ခဲ့ပါတယ်။ Mikey ဆီမှာလည်း ကွာမရှင်းရသေးတဲ့ ဇနီးတစ်ယောက်ရှိပါတယ်။ သူတို့သုံးယောက်ကြား ဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ မတ်လ ၁၁ ရက်နေ့မှာ ထွက်ရှိမယ့် Red Rocket ဇာတ်ကားကိုကြည့်ရှုကာ အဖြေရှာကြည့်လိုက်ပါ။

Source: A24

Doctor Strange In The Multiverse Of Madness

၂၀၂၂ ခုနှစ်ကတော့ Marvel ဖန်တွေအတွက် အားအရဆုံးနှစ်လို့ ပြောရမှာပါပဲ။ ဒီဇာတ်ကားက မေလ ၆ ရက်နေ့မှာ ထွက်ရှိလာမှာဆိုတော့ သိပ်အကြာကြီးစောင့်စရာမလိုလောက်တော့ပါဘူး။

Source: Marvel Entertainment

The Northman

ဘုရင့်သားတော် တစ်ပါးဖြစ်တဲ့ လူငယ်လေးသည် သူ့အဖေကို သူ့ဦးရီးတော်က သတ်လိုက်တာကို မျက်ဝါးထင်ထင်မြင်တွေ့ပြီးတဲ့နောက်မှာ သူ့အဖေအတွက် လက်စားပြန်ချေဖို့ ကြိုးစားမှာဖြစ်ပါတယ်။ သူ့ရဲ့ လက်စားချေမှုက အထမြောက်ပါ့မလား။ ဆုံးရှုံးသွားတဲ့ သူ့ရဲ့တိုင်းပြည်ကိုရော ပြန်လည်ရယူနိုင်ပါ့မလားဆိုတာကိုတော့ ဧပြီလ ၂၂ ရက်နေ့မှာ ကြည့်ရှုနိုင်ပါပြီ။

Source: Focus Features

The Batman

ဆရာဘတ်ရဲ့ပရိသတ်တွေအတွက် သတင်းကောင်းကတော့ မေလ ၄ ရက်နေ့ကစပြီး The Batman ဇာတ်ကားကို စတင်ကြည့်ရှုနိုင်မှာဖြစ်တယ်ဆိုတာပါ။ ကွီးတို့အတွက် စောင့်ရကျိုးနပ်စေမှာတော့ အမှန်ပါပဲ။

Source: Warner Bros. Pictures

Featured Image Source : What Kept Me Up