ဓာတ်မတည့်တဲ့ အစားအစာတွေစားမိရင် အစာအဆိပ်သင့်တာကို ဖြစ်စေနိုင်ပါတယ်။ အစားအစာတွေနဲ့ ဓာတ်မတည့်တာက ကလေးမှာရော လူကြီးမှာပါ ဖြစ်တက်ပါတယ်။ တစ်ချို့ကတော့ မိဘမျိုးရိုးလိုက်ပြီး ဖြစ်တက်ပါတယ်။ ဒီနေ့ kwee page က ဓာတ်မတည့်တာကို အများဆုံးဖြစ်စေတဲ့ အစားအစာတွေအကြောင်း ပြောပြပေးသွားမှာပါ။

ပင်လယ်စာ

Source: doudouworld

ပင်လယ်စာတွေဟာ ကျန်းမာရေးအတွက် ကောင်းပြီး အာဟာရလည်း ရှိစေလို့ လူကြိုက်များကြပေမယ့် ဓာတ်မတည့်လို့ မစားရတဲ့သူတွေအများကြီးပါပဲ။ ပင်လယ်စာလို့ဆိုရာမှာ ပုစွန်၊ ဂဏန်း၊ ကျောက်ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ကရုကမာကောင်၊ ပင်လယ်ငါး၊ ရေချိုငါး အစရှိတာတွေ ပါဝင်ပါတယ်။

ပဲအမျိုးမျိုး

Source: Avena Foods

ပဲတွေဟာလည်း ဓာတ်မတည့်မှု တော်တော်လေးအဖြစ်များတဲ့ အစားအစာပါ။ မတော်တဆ စားမိလိုက်တဲ့အခါမှာလည်း အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်တဲ့အထိ လက္ခဏာတော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် ပဲတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ အစေ့အဆန်နဲ့ ဓာတ်မတည့်မှုပါ ပါလာတတ်ပါတယ်။ ပဲတွေထဲမှာတော့ မြေပဲနဲ့ ဓာတ်မတည့်မှုက ပိုတွေ့ရပါတယ်။

နွားနို့

Source: The UBJ

ဓာတ်မတည့်ခြင်းဟာ နွားနို့သောက်ပြီး (၅) မိနစ်မှ မိနစ် (၃ဝ) အတွင်း ပြလာတတ်ပြီး အသားဖောရောင်တာ၊ အင်ပျဉ်ထတာ၊ အဖုသေးသေးလေးတွေ အပြုံလိုက်ထတာ၊ အော့အန်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာအပြင် သွေးလန့်တာတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပေမယ့် အသက် (၁၀) နှစ်ပြည့်ပြီးနောက်မှာတော့ ဓာတ်မတည့်တဲ့ လက္ခဏာတွေက ပျောက်သွားတတ်ပါတယ်။ ဂျုံ၊ ပြောင်း ပါဝင်တဲ့ အစားအစာတွေ စားမိတဲ့အခါ အစာကောင်းစွာ မချေဖျက်နိုင်တာ၊ အဖုလေးတွေ အပြုံလိုက်ထွက်တာ၊ အော့အန်တာ၊ အင်ပျဉ်ထတာ၊ ရောင်တာတွေ ဖြစ်နိုင်ပြီး အသက်သေစေနိုင်သည်အထိ ပြင်းထန််တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

Featured Image Source: Cottonique