လူအများခရီးသွားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ စိတ်လက်အပန်းပြေဖို့နဲ့ စိတ်ဖိစီးမှုများ ဖြေဖျောက်ဖို့ပဲဖြစ်ပါတယ်။ သို့သော် သင်သွားရောက်လည်ပတ်မယ့်နေရာသည် သာယာလှပဖို့လည်း လိုသလို ဘေးကင်းလုံခြုံဖို့လည်း လိုပါတယ်။

အချို့နေရာများသည် အန္တရာယ်များလွန်းလို့ သွားရောက်လည်ပတ်မှုကိုတောင် ပိတ်ပင်ထားပါတယ်။ ကမ္ဘာ့အန္တရာယ်အများဆုံး နေရာဒေသ၊ သွားရောက်လည်ပတ်ဖို့ ရှောင်ကြဉ်သင့်တဲ့နေရာအချို့ကတော့ …

သေမင်းတမန်လမ်း

most dangerous place to travel

သေမင်းတမန်လမ်းလို့ တင်စားခေါ်ဝေါ်ထားတဲ့ ဒီနေရာသည် အမေဇုန်မိုးသစ်တောနှင့် မြို့တွင်းကို ချိတ်ဆက်ထားတဲ့ တောင်တန်းလမ်းကြောပဲဖြစ်ပါတယ်။ ထိုနေရာသည် မြူများ၊ နက်စောက်သောချောက်များ၊ မြေကျွံမှုများ၊ ရေတံခွန်များ အလွန်ပေါများသောကြောင့် ကားမောင်းဖို့ရန်အတွက် အလွန်အန္တရာယ်များလှပါတယ်။

မြွေကျွန်း

most dangerous place to travel

Ilha de Queimada Grande လို့အမည်ရတဲ့ ကျွန်းသည် အဆိပ်ပြင်းသော မြွေများနှင့် ပြည့်နှက်နေတဲ့အတွက်ကြောင့် ဘရာဇီးအစိုးရကတောင် သွားရောက်လည်ပတ်ဖို့ရန်အတွက် ပိတ်ပင်ထားပါတယ်။ မျက်စိလည် လမ်းမှားပြီး ရောက်ရှိသွားတဲ့ ငါးဖမ်းသမားတွေဆိုလျှင် အသက်ဆုံးရှုံးပြီးမှ အလောင်းပဲပြန်တွေ့ရတဲ့အဖြစ်မျိုးတွေ ရှိတတ်ပါတယ်။

Natron ရေကန်

most dangerous place to travel

ဒီရေကန်ကြီးထဲတွင် အနီရောင် အရောင်အဆင်းရှိတဲ့ဘက်တီးရီးယားများ နေထိုင်တဲ့အတွက်ကြောင့် ရေကန်ရဲ့အရောင်အဆင်းသည် ပန်းနီရောင်ဖြစ်နေပြီး လှပသယောင်ရှိပါတယ်။ သို့သော် ထိုရေကန်ထဲတွင် ပျော်ဝင်နေတဲ့ ဆိုဒီယမ်ကာဗွနိတ် ဒက်ကာဟိုက်ဒြိုက်သည် လူ့အသားအရေနှင့် မျက်လုံးကို ပျက်စီးစေနိုင်သည်အထိ အန္တရာယ်ဖြစ်စေပါတယ်။

Oymyakon ကျေးရွာ

most dangerous place to travel

ဒီရွယ်ငယ်လေးကတော့ ရုရှားနိုင်ငံမှာတည်ရှိပြီး ဆိုးရွားတဲ့ရာသီဥတုကြောင့် ကမ္ဘာ့အန္တရာယ်အရှိဆုံးစာရင်းဝင်ထားပါတယ်။ အပူချိန်တစ်ခါကျလျှင် အနုတ် ၄၀ ဒီဂရီဆဲလ်ဆီးယပ်အထိ ကျဆင်းသွားပြီး အေးလွန်းတဲ့ရာသီဥတုဒဏ်ကြောင့် စိုက်ပျိုးလို့လည်းမရဘဲ လူအများ နေထိုင်ဖို့ရန်အတွက် မသင့်တော်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

သေမင်းတမန် ချိုင့်ဝှမ်း

most dangerous place to travel

ဒီချိုင့်ဝှမ်းကတော့ ကယ်လီဖိုးနီးယားပြည်နယ်နှင့် နီဗားဒါးပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အပူဆုံးနေရာတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ပျမ်းမျှအပူချိန်သည် ညဘက်ဆိုလျှင် ၁၀၈.၁ ဖာရင်ဟိုက်ရှိပြီး နေ့ဘက်ဆိုလျှင် ၁၂၇ ဒီဂရီဖာရင်ဟိုက် (၅၂ ဒီဂရီစင်တီဂရိတ်)ခန့် ရှိပါတယ်။

အရိုးစုကမ်းရိုးတန်း

most dangerous place to travel

ဒီကမ်းရိုးတန်းကတော့ ရာသီဥတုပြင်းထန်ခြင်း၊ အစာရေစာရှားပါးခြင်း၊ လေပြင်းတိုက်ခြင်းတို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများအတွက် သွားရောက်လည်ပတ်ရန်မသင့်တော်တဲ့နေရာတစ်ခုထဲမှာ သူလည်း ပါပါတယ်။

Danakil သဲကန္တာရ

most dangerous place to travel

ဒီနေရာကတော့ အာဖရိကအရှေ့ပိုင်းမှာ တည်ရှိပြီး သူ့ရဲ့ပျမ်းမျှအပူချိန်ကတော့ ၅၀ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ မီးတောင်များလည်း ရှိတဲ့အပြင် မီးတောင်ကထွက်တဲ့ ဓာတ်ငွေ့များသည်လည်း လူသားများအတွက် အန္တရာယ်ရှိတဲ့အတွက်ကြောင့် သွားရောက်မလည်ပတ်သင့်ပါဘူး။

ငရဲတံခါး

most dangerous place to travel

ဒီမြေအောက်ဂူကတော့ သဘာဝဓာတ်ငွေ့သိုက်တစ်ခုပဲဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်တွင် ဘူမိဗေဒပညာရှင်များက မီသိန်းဓာတ်ငွေ့များ ပြန့်မသွားဖို့ရန်အတွက် ထိုမြေအောက်ဂူကို မီးရှို့ထားခဲ့ရာမှ ယနေ့ထိတိုင် လောင်ကျွမ်းနေတာပဲဖြစ်ပါတယ်။ ဒေသခံများကတော့ ငရဲတံခါးလို့ ခေါ်ကြပါတယ်။

North Sentinel ကျွန်း

most dangerous place to travel

ဒီကျွန်းကတော့ Andaman ကျွန်းစုများထဲမှာ တည်ရှိပြီး ထိုကျွန်းပေါ်တွင် နေထိုင်ကြတဲ့လူမျိုးစုများသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြုလုပ်ခြင်းမရှိဘဲ တစ်သီးတစ်သန့်နေထိုင်ကြပါတယ်။ ပြင်ပခရီးသွားများအနေနဲ့ ထိုနေရာသို့ ခြေချမိပါက ရန်သူကဲ့သို့ ဆက်ဆံခံရပြီး အကြမ်းဖက်မှုများ ကြုံတွေ့ရနိုင်ပါတယ်။

နောက်တစ်ချက်စဉ်းစားရမှာကတော့ ထိုလူမျိုးစုများသည် ကိုယ်ခံစွမ်းအားမရှိတာမျိုးလည်း ဖြစ်နိုင်တာကြောင့် ရောဂါပိုးမွှားများ ပါရှိထားတဲ့ပြင်ပလူနှင့် ထိတွေ့မိတဲ့အခါ သူတို့အတွက်လည်း အန္တရာယ်ရှိနိုင်လို့ပါပဲ။

Madidi အမျိုးသားပန်းခြံ

most dangerous place to travel

ဒီအမျိုးသားပန်းခြံကတော့ ဘိုလီးဗီးယားနိုင်ငံရှိ အမေဇုန်မြစ်တစ်လျှောက်တွင် တည်ရှိပြီး ထူထပ်သောတောအုပ်တစ်ခုဖြစ်ပါတယ်။ သစ်ပင်ပန်းမာန်မျိုးစိတ်မျိုးစုံရှိပြီး သေစေနိုင်သော အသီးအရွက်များလည်း ရှင်သန်နေထိုင်ကြပါတယ်။ အန္တရာယ်များသော ငှက်မျိုးစိတ်၊ တိရိစ္ဆာန်မျိုးစိတ်များအားလုံးလည်း ရှင်သန်နေထိုင်ကြတဲ့နေရာဖြစ်ပါတယ်။

Source: Traveltriangle.com