ခရီးသွားခြင်းသည် စိတ်ပင်ပန်းမှုများကို ပြေပျောက်စေပြီး စိတ်လက်အပန်းပြေစေပါတယ်။ ကူးသန်းသွားလာရေးများ တဖြည်းဖြည်းအဆင့်မြင့်လာသည်နှင့်တပြိုင်နက် တစ်နေရာမှ တစ်နေရာသို့ ခရီးသွားလာရခြင်းသည်လည်း ပိုမိုလွယ်ကူလာပြီပဲဖြစ်ပါတယ်။

ခရီးသွားလာရခြင်းသည် ဘယ်လောက်ပဲ လွယ်ကူလာစေကာမူ အန္တရာယ်များသောနေရာဒေသများကိုတော့ သွားရောက်မလည်ပတ်သင့်ပါဘူး။ သင့်အနေနဲ့ နိုင်ငံခြားခရီးသွားဖို့ စီစဉ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နေရာများကို ရှောင်ကြဉ်တာအကောင်းဆုံးပါပဲ။

မက်ဆီကိုနိုင်ငံရှိ Ciudad Juarez မြို့

most dangerous place to travel

ဒီမြို့မှာတော့ မူးယစ်ဆေး တရားမဝင်ရောင်းချမှု အများဆုံးနေရာဖြစ်ပြီး လာဘ်စားခြင်းသည်လည်း အဓိကပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ သင့်ရဲ့လုံခြုံမှုအတွက် အာမခံတာကြောင့် ရှောင်ကြဉ်တာအကောင်းဆုံးပါပဲ။

ဘရာဇီးနိုင်ငံ Rio De Janeiro မြို့

most dangerous place to travel

ထိုမြို့လေးသည် တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ၁.၂သန်းခန့် လာရောက်လည်ပတ်ကြတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ထိုမြို့လေးသည် လွန်ခဲ့သော ဆယ်စုနှစ်ထက်စာလျှင်တော့ ပိုမိုလုံခြုံလာပြီဖြစ်ပေမယ့် လုယက်မှုအချို့ကတော့ ရှိနေဆဲပါပဲ။

ဗင်နီဇွဲလားနိုင်ငံ Caracas မြို့

most dangerous place to travel

ဒီမြို့လေးသည်လည်း လှပသလောက် ဒုစရိုက်မှုများနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ ခိုးဆိုးလုယက်မှုများ၊ သေနတ်ဖြင့် လူသတ်မှုများ၊ ပြန်ပေးဆွဲမှုများသည်လည်း အချိန်နှင့်အမျှ ဖြစ်ပေါ်နေတာပါ။

တောင်အာဖရိကရှိ Cape Town

most dangerous place to travel

ဒီမြို့ငယ်လေးတွင်လည်း လူမိုက်အဖွဲ့များ ပေါများလွန်းတဲ့အတွက်ကြောင့် တစ်ယောက်တည်းခရီးသွားလာခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

မက်ဆီကိုနိုင်ငံရှိ Acapulco မြို့

most dangerous place to travel

ဒီကမ်းခြေမြို့လေးသည် လွန်ခဲ့တဲ့နှစ်များစွာတုန်းကတော့ အလွန်သာယာလှပပြီး လုံခြုံတဲ့မြို့လေး တစ်မြို့ပါ။ ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ လူမိုက်ဂိုဏ်းများ၊ မူးယစ်မှောင်ခိုမှုများကြောင့် ခရီးသွားများ လည်ပတ်ရန်အတွက် တားမြစ်ထားတဲ့နေရာတစ်ခုထဲမှာပါဝင်ပါတယ်။ မကြာသေးမှီက ပြုလုပ်ထားတဲ့ စစ်တမ်းများအရ ထိုမြို့သည် လူသတ်မြို့လို့တောင် သမုတ်ခြင်းခံရတာကို တွေ့ရှိထားရပါတယ်။

Source: Mapquest.com