ကမ္ဘာတစ်ဝန်းရှိ လူများသည် အကြောင်းအမျိုးမျိုးကြောင့် အန္တရာယ်ရှိတဲ့ လမ်းမကြီးတွေကို အသုံးပြုနေကြရပါတယ်။ လေ့လာမူတွေအရ ကမ္ဘာပေါ်တွင် လူ (၁၀) သိန်းကျော်ဟာ ယာဉ်မတော်ဆမှုများကြောင့် နှစ်စဉ်သေဆုံးနေကြရတယ်လို့ သိရပါတယ်။

ဒီနေ့ kwee page က ကမ္ဘာပေါ်မှာရှိနေသေးတဲ့ အန္တရာယ်အများဆုံး လမ်းတွေကို ဖော်ပြပေးသွားမှာပါ။

Bayburt D915 Highway, Turkey (ဘေးဘက် ဒီ၉၁၅ အဝေးပြေးလမ်း၊ တူရကီ)

Source: KAMA3

“တစ်ချက်လေးအကွေ့မှားလိုက်တာနဲ့ ပြသာနာအကြီးကြီးတက်သွားမယ်” ဆိုတဲ့စကားက ဒီကားလမ်းမှာမောင်းနေကြ ကားဆရာတွေရဲ့ လက်သုံးစကားလိုဖြစ်နေပါပြီ။

ဒီကားလမ်းကို (၁၉၁၆) ခုနှစ်မှာ ရုရှားစစ်သားတွေကမြင့်မားလှတဲ့ဆိုဂါလီတောင်တန်းကြီးကို ဖြတ်ပြီးဆောက်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အန္တာရယ်အများဆုံးလမ်းအဖြစ် သက်မှတ်ထားကြပါတယ်။ ဒီကားလမ်းဟာ (၁၇၉) ကီလိုမီတာ ရှည်လျားပြီး လမ်းတစ်ခုလုံးနီးပါးတောင်တတ်လမ်းတွေချည်းဖြစ်ပါတယ်။ လမ်းတစ်လျှောက် ကြောက်စရာကောင်းတဲ့ တံတောင်ဆစ်ချိုးကွေ့ (၂၉) ခုတောင်ရှိပြီး တစ်ချက်မှာတာနဲ့ အသက်ပါသွားနိူင်သည့်အထိ အန္တာရာယ်များတဲ့ လမ်းဖြစ်ပါတယ်။

Sichuan-Tibet Highway (စီချွန်း တိဘက် အဝေးပြေးလမ်း)

Source: Dangerous Roads

စီချွန်း တိဘက် အဝေးပြေးလမ်းဟာ တရုတ်နိုင်ငံ စီချွန်း ပြည်နယ် ချန်ဒူ မြို့နှင့်တိဘက်နိူင်ငံ လာဆာ မြို့တို့ကို ဆက်သွယ်ပေးထားသော တောင်ပေါ် အဝေးပြေးလမ်းဖြစ်သည်။ အဆိုပါကားလမ်းဟာ (၂၁၄၂) ကီလိုမီတာရှည်လျားပြီး ပျမ်းမျှ ပေ (၄၀၀၀) မှ (၅၀၀၀) အမြင့်ရှိတဲ့ တောင် (၁၄) လုံးကို ဖြက်ကျော်ဖောက်လုပ်ထားခြင်းဖြစ်ပါတယ်။

ဒီကားလမ်းတွင် ပုံမှန်ဖြစ်လေ့ရှိသည့် မြေပြိုခြင်း၊ ကျောက်တောင်များ ပြိုကျခြင်း များသည် လမ်း၏ အဓိက ပြဿနာတစ်ရပ်ဖြစ်သည်။ နှစ်စဉ်ယာဉ်မောင်း တစ်သိန်းကျော်က အသက်ကိုဖက်နှင့်ထုပ်ကာ မောင်းနှင်းနေကြရပြီး သေဆုံး သူပေါင်း (၇၅၀၀) ကျော်ရှိတယ်လို့လည်းသိရပါတယ်။။ အဆိုပါကာလမ်းကို(၁၉၅၀) ခုနှစ်တွင်စတင်ဖောက်လုပ်ခဲ့ကာ (၁၉၅၄) ခုနှစ် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါတယ်။ လွန်ခဲ့သောနှစ် (၂၀) ကျော်မှစတင်ကာ ကားမတော်တဆမူများကြောင့် လူသေဆုံးရမှုနှုန်းသည် နှစ်ဆ တိုးမြင့်လာခဲ့ပါတယ်။

Stelvio Pass (စတယ်လ်ဗွီအို တောင်ဖြတ်လမ်း)

Source: OrangeSmile

အီတလီနိုင်ငံ၊ အဲပ်စ်တောင်တန်းရဲ့ အရှေ့ဖျားတွင်ဖောက်လုပ်ထားသည့် အမြင့်မားဆုံးတောင်ဖြတ်လမ်းဖြစ်ပြီး ပေပေါင်း (၉၀၄၅) ပေမြင့်မားပါတယ်။ အဲပ်စ်တောင်တန်းတစ်ဝိုက်မှာရှိတဲ့ ကားလမ်းများတွင် ဒုတိယအမြင့်ဆုံးလမ်းလည်းဖြစ်ပါတယ်။ အဆိုပါလမ်းကို (၁၈၂၀-၁၈၂၅) ခုနှစ်အတွင်းမှာ သြစတြီးယား အင်ပါယာက ဆောက်လုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

တံတောင်ဆစ်ချိုးကွေ့များ အလွန်များသည့် စတယ်လ်ဗွီရို လမ်းဟာ စာရွတ်ပေါ်မှာကလေးငယ်တစ်ယောက်က စိတ်ကူးရသလို ခဲတံဖြစ့် ရေးခြစ်ထားသလို ဖြစ်နေပါတယ်။ (၆၀) ဒီဂရီ မှ (၁၈၀) ဒီဂရီ အကြား ရှိတဲ့ အချိုးအကွေတွေကြောင့် ကားများ အရှိန်အနည်းငယ်များလျှင်ပင် တောင်အောက်ကို လှိမ့်ကြသွားနိူင်သည့်အထိ အန္တာရာယ်များတဲ့ လမ်းဖြစ်ပါတယ်။

North Yungas Road, Bolivia (မြောက်ဘက် ရန်ဂတ်စ် လမ်း၊ ဘိုလီဗီးယား)

Source: I like to waste my time

ဘိုလီဗီးယား နိူင်ငံမှာရှိတဲ့ ရန်ဂတ်စ်လမ်းကို အများစုက “သေမင်းတမန် လမ်း”လို့ သိကြပါတယ်။ ဒီလိုနာမည်ရခဲ့ခြင်းမှာလည်း အကြောင်းအရင်းရှိနေပါတယ်။ ဒီလမ်းကို ပါရာဂွေးလူမျိုးတွေက Chaco War (ချာကို စစ်ပွဲ) မှာဖမ်းမိခဲ့တဲ့ အကျဉ်းသားတွေကို အသုံးပြုပြီး ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကီလိုမီတာ (၄၀၀) ရှည်လျားပြီး ဘိုလီဗီးယားနိူင်ငံမြို့တော် La Paz နဲ့ဆက်သွယ်ထားပါတယ်။ ကားလမ်းဟာ (၄၀၀၀) မီတာအထိ မြင့်ပြီး တစ်နှစ်ကို လူပေါင်း (၂၀၀-၃၀၀) အထိ သေဆုံးလေ့ရှိပါတယ်။ လမ်းတစ်ဖက်မှာတော့ တောင်တန်းကြီးကကာရံထားပြီး နောက်တစ်ဖက်မှာတော့ ဘာအကာအရံမှ မရှိဘဲ နက်ရှိုင်းတဲ့ ချောက်ကြီးတွေကိုသာ တွေ့ရမှာဖြစ်ပါတယ်။

Guoliang Tunnel, China (ဂိုလီယန် ဥမင်လမ်း)

Source: China Discovery

ဂိုလီယန် ဥမင်သည် တရုတ်နိုင်ငံမှ တောင်တစ်လုံးကို ထွင်းကာ တောင်နံရံအကွေးအတိုင်းဖောက်လုပ် ထား သည့်လမ်းတစ်ခုဖြစ်သည်။ ဂိုလီယန်အနီးမှရွာများမှ ရွာသူရွာသားများက ဂွမ်လီယန်ဥမင်ကို ထွင်းဖောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဥမင်လမ်းကို မဖောက် လုပ်မီ က တောင်နံရံများဝန်းရံနေသည့် ထိုဒေသမှရွာများသည် တရုတ်နိုင်ငံ၏အခြားသောလူမှု အသိုင်းအဝန်းနှင့် ဆက်သွယ်မှု များ ပြတ်တောက်နေခဲ့ရသည်။ ထိုလမ်းတွင်ယာဉ်အသွားအလာနည်းပါးသော်လည်းလမ်းကိုဖောက်လုပ်ထားသည့် တည် ဆောက်မှုစနစ်ကြောင့် အန္တရာယ်များသော လမ်းတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။