ကမ္ဘာ့ဈေးအကြီးဆုံး ရှူးဖိနပ်က ဈေးနှုန်းဘယ်လောက်ရှိမလဲဆိုပြီး စဉ်းစားဖူးပါသလား။ သင့်အနေနဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဖိနပ်ရဲ့တန်ဖိုးကို တွေ့သွားရင် အံ့သြမှင်သက်သွားမှာကတော့ အမှန်ပါပဲ။

ဘယ်ဖိနပ်တံဆိပ်များက ကမ္ဘာ့ဈေးအကြီးဆုံးရှူးဖိနပ်တွေဖြစ်မလဲဆိုတာ အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

Stefano Bemer

The Most Expensive Men's Shoes in the World

ဒီဖိနပ်တစ်ခုလုံးကို လက်ချုပ်ပြုလုပ်ထားတာဖြစ်ပြီး ချုပ်ရိုးချုပ်ရာအသေးအဖွဲကအစ လက်ဖြင့်ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုဖိနပ်တစ်ရံရဖို့ ၃ လခန့် အချိန်ယူရတာဖြစ်ပါတယ်။ ဒီဖိနပ် ပြုလုပ်ဖန်တီးသူကို Gucci ကတောင်မှ အလုပ်တွဲလုပ်ဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ Stefano ကတော့ သူ့ကိုယ်ပိုင်ဘရန်းကို သူကိုယ်တိုင်ဖန်တီးချင်ပုံရပါတယ်။

ဒီဖိနပ်ရဲ့တန်ဖိုးကတော့ အနည်းဆုံးဒေါ်လာ ၂၀၀၀ ကနေ စတင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကာစတမ်မာရဲ့ အကြိုက်ပေါ်မူတည်ပြီးလည်း ကိုယ်ပိုင်ဒီဇိုင်းထပ်မံချုပ်လုပ်ပေးပါသေးတယ်။

Aubercy

The Most Expensive Men's Shoes in the World

Aubercy သည် High-End ဇိမ်ခံဖက်ရှင်အသုံးအဆောင်ပစ္စည်းများထဲတွင် နံပါတ် ၁၀ နေရာမှာချိတ်တဲ့ဘရန်းတစ်ခုပဲဖြစ်ပါတယ်။ သူ့ဖိနပ်တစ်ရံရဲ့တန်ဖိုးကတော့ ဒေါ်လာ ၄၇၀၀ ကနေ စတင်ပါတယ်။

Louis Vuitton

The Most Expensive Men's Shoes in the World

LV ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ဖိနပ်တံဆိပ်တစ်ခုဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀၀ ကနေ စတင်မှာဖြစ်ပါတယ်။ အမျိုးသားများအားလုံးနဲ့ လိုက်ဖက်တဲ့ ဖိနပ်တစ်ရံဖြစ်ပါတယ်။

House

The Most Expensive Men's Shoes in the World

သင့်အနေနဲ့ အရောင်ဆန်းတဲ့ အကောင်းစားရှူးဖိနပ်လေးကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဒေါ်လာ ၃၅၀၀၀ တန်ဖိုးရှိတဲ့ဖိနပ်လေးကို ဝယ်ယူနိုင်ပါတယ်။ သူ့ရဲ့အတွင်းချုပ်ရိုးချုပ်သားတွေကလည်း သေသပ်ခိုင်ခံ့ပြီး အရည်အသွေးကောင်းမွန်ကာ အကြမ်းလည်းခံတဲ့ ဖိနပ်တစ်ရံဆိုလည်း မမှားပါဘူး။

Tom Ford

The Most Expensive Men's Shoes in the World

ဒီဖိနပ်လေးက ဈေးနှုန်းဘယ်လောက် ပေးဝယ်ရမယ်လို့ထင်ပါသလဲ။

သူ့ကို စိန်ပွင့် အပွင့်ပေါင်း ၁၄၀၀၀ ခန့်ဖြင့် စီစီရီရီထိုးထားတာဖြစ်တဲ့အတွက်ကြောင့် ထိုဖိနပ်ရဲ့တန်ဖိုးသည် ဒေါ်လာ ၂ မီလီယံလောက် ပေါက်ဈေးရှိပါတယ်။

သင်ရော အခုဖော်ပြသွားတဲ့ဖိနပ်တွေထဲက တစ်ရံရွေးပါဆိုရင် ဘယ်ဖိနပ်လေးကို ရွေးမလဲ။ စိန်ပွင့်တွေ မှုန်းခြယ်ထားပြီး ဒေါ်လာမီလီယံချီတန်တဲ့ ဖိနပ်လား (သို့) ဒီဇိုင်နာကိုယ်တိုင် လက်ချုပ်လိုက်ကာ ချုပ်လုပ်ထားတဲ့ သေသပ်ခိုင်ခံ့တဲ့ရှူးဖိနပ်လား။

Source: Lazypenguins.com

Featured Image: Thepostcity