ကွီးတို့အနေနဲ့ Tequila တစ်လုံးကို ဈေးဘယ်လောက်များများ ပေးသောက်မယ်လို့ စဉ်းစားဖူးပါသလား။ Tequila ပုလင်းတွေဟာ ပုံမှန်အားဖြင့် ဈေးနှုန်းသိပ်မများပေမယ့် ထုတ်လုပ်တဲ့ စီးရီး ၊ အဖိုးတန်ရတနာတွေနဲ့ စီခြယ်ထားတဲ့ ပုလင်းဒီဇိုင်း ၊ သိုလှောင်တဲ့သက်တမ်းတွေပေါ်မူတည်ပြီး ဒေါ်လာဆယ်ဂဏန်းကနေ ထောင်ဂဏန်းအထိ ဈေးနှုန်းတွေ ပြောင်းလဲသွားနိုင်ပါတယ်။ အခုပြောပြပေးမယ့်ကတော့ ထူးခြားမှုတွေများစွာရှိတဲ့ ကမ္ဘာပေါ်က စျေးအကြီးဆုံး Tequila ပုလင်း ၄ လုံးအကြောင်းပါ။

(၁) Barrique de Ponciano Porfidio – ဒေါ်လာ (၂၀၀၀)

Barrique de Ponciano Porfidio

Photo : The Manual

ပုလင်းဖန်သားပြင်ပေါ်မှာ ၂၁ ကာရက် ရွှေစာလုံးထွင်းထားတဲ့ စွဲမက်ဖွယ်ပုလင်းဒီဇိုင်းနဲ့ ဒီ Tequila ပုလင်းကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ ဈေးနှုန်းဒေါ်လာ ၂၀၀၀ သတ်မှတ်ထားသလိုပဲ တစ်နှစ်မှာ ပုလင်းအရေအတွက် ၂၀၀၀ သာ အကန့်အသတ်နဲ့ ထုတ်တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုအကြာ သိုလှောင်ထားတဲ့အတွက် ဝက်သစ်ချသား အနံ့ ခပ်သင်းသင်းနဲ့ နူးညံ့သိမ်မွေ့တဲ့ အရသာကိုခံစားရစေမှာဖြစ်ပါတယ်။

(၂) Asombroso Del Porto Extra Anejo – ​ဒေါ်လာ (၁၈၉၇)

Asombroso Del Porto Extra Anejo

Photo : The Manual

ဗူးသီးခြောက်ပုံစံ ထူးခြားလှပတဲ့ ပုလင်းဒီဇိုင်းနဲ့ Asombroso Del Porto Tequila ပုလင်းကတော့ ဈေးနှုန်းအားဖြင့် ၁၈၉၇ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ ဝက်သစ်ချစည်ထဲမှာ ၁၀ နှစ်ကျော်အကြာ သိုလှောင်ထားတဲ့အတွက် အနံ့အရသာပိုင်းက တကယ်ကို ထူးခြားပြည့်စုံပါတယ်။ ဒီ Tequila ဟာ ပြောရရင် ဘရန်ဒီကောင်းကောင်းတစ်ခွက် သောက်ရသလို ခံစားမှုမျိုးရစေတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

(၃) Gran Patrón Burdeos – ​ဒေါ်လာ (၅၀၀)

Gran Patrón Burdeos

Photo : The Manual

ဒေါ်လာ ၅၀၀ တန်ကြေးရှိတဲ့ Gran Patrón Burdeos Tequila ကတော့ အမေရိကန်နဲ့ ပြင်သစ် ဝက်သစ်ချစည်တွေထဲမှာ အဆင့်ဆင့်ပေါင်းခံသိုလှောင်ထားပြီး လေးနက် စွဲမက်စရာအနံ့အရသာမျိုး ပေးစွမ်းတဲ့ Tequila တစ်မျိုးပဲ ဖြစ်ပါတယ်။ Gran Patrón Burdeos ကို သူ့အတိုင်းသောက်ကြသလို Old Fashioned လို Cocktails အနေနဲ့လည်း ဖျော်စပ်သောက်လေ့ရှိပါတယ်။

(၄) Rey Sol Anejo Tequila – ​ဒေါ်လာ (၃၀၀)

Rey Sol Anejo Tequila

Photo : The Manual

နေပုံသဏ္ဍာန်ထူးခြားတဲ့ ပုလင်းဒီဇိုင်း ၊ စွဲမက်စရာ ပယင်းရွှေရောင်နဲ့ Rey Sol Anejo Tequila ကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၃၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ပြင်သစ်ဝက်သစ်ချစည်တွေထဲမှာ ဆယ်စုနှစ်တစ်ခုကျော်အကြာ သိုလှောင်သိမ်းဆည်းထားပြီး စွဲမက်စရာ ချိုမြိန်မွှေး ကြိုင်တဲ့ အနံ့အရသာတို့ကြောင့် တကယ်ကိုပဲ ထူးထူးခြားခြားနဲ့ ပေါ်လွင်တဲ့ အရသာအသစ်ကို ခံစားရစေမှာ ဖြစ်ပါတယ်။

Featured Photo : The Manual