ယနေ့ခေတ်မှာ K pop ဂီတရဲ့လွှမ်းမိုးမှုက တကမ္ဘာလုံးမှာပျံ့နှံနေပြီလို့တောင်ပြောလို့ရပါတယ်။ K pop အဖွဲ့တဖွဲ့ချင်းစီမှာလဲ ဖန်တွေအခိုင်အမာနဲ့ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားကြပါတယ်။ ဒီလို ဖန်တွေရဲ့ကိုယ်အားပေးတဲ့အဖွဲ့ဝင်တွေထဲမှာ အမိုက်ဆုံးလို့သတ်မှတ်ထားကြတဲ့ အဖွဲ့ဝင်တွေလဲရှိနေပါတယ်။ အခုပြောပြမှာကတော့ ၂၀၂၀ မှာ နောက်ဆုံးရွေးချယ်ထားတဲ့ အမျိုးသား K pop အဖွဲ့တွေထဲက ဆွဲဆောင်မှုအရှိဆုံး အဖွဲ့ဝင်တွေပဲဖြစ်ပါတယ် အောက်မှာဖတ်ကြည့်ပေးပါဦး။

(၁) ဗာနွန် (SEVENTEEN)

ပထမဆုံးတယောက်ကတော့ SEVENTEEN အဖွဲ့ရဲ့ အဖွဲ့တဦးဖြစ်တဲ့ ဗာနွန်ပါ။ ဗာနွန်ကို ဖေဖော်ဝါရီလ ၁၈ရက်နေ့ ၁၉၉၈ မှာမွေးတာဖြစ်လို့ အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး အမေရိကန် ကိုရီးယားသွေးနှောထားတဲ့ ကပြားလေး ဖြစ်ပါတယ်။ SEVENTEEN အဖွဲ့ဝင်တွေ ကိုယ်တိုင်က ဗာနွန်ကို အဖွဲ့ရဲ့အမိုက်ဆုံးအဖွဲ့ဝင်လို့ပြောကြားထားတာဖြစ်ပါတယ်။

(၂) V (BST)

နောက်ထပ်တယောက်ကတော့ နာမည်ကျော် BTS အဖွဲ့ဝင် V ပဲဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ ကင်တေဟွန်း (Kim Tae-Hyung) ဖြစ်ပြီး V ဟာ လူမှုရေးအလွန်ကောင်းသူတယောက်ဖြစ်ပါတယ်။ လူတိုင်းနဲ့ခင်ခင်မင်မင်နေတတ်ပြီး TV show တွေမှာဆို သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုမြင်နိုင်ပါတယ်။ သူ့ရဲ့ပြင်ပရုပ်ရည်သွင်ပြင်ကဆွဲဆောင်မှုရှိတယ်ဆိုပေမယ့် သူ့ရဲ့အတွင်းစိတ်ကပြင်ပပုံစံထက်ကိုပိုပါတယ်။ သူအနီးနားက မိသားစုဝင်တွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ ကိုလဲ အမြဲရယ်အောင်လုပ်နိုင်သူဖြစ်ပါတယ်။

(၃) လုဟန် (EXO)

EXO အဖွဲ့ဝင်ဟောင်း လုဟန်ကိုတော့ အားလုံးသိပြီးကြမယ်ထင်ပါတယ်။ လုဟန်က တရုတ်အဆိုတော်နဲ့ သရုပ်ဆောင်ဖြစ်ပြီး EXO အဖွဲ့ကနေ ၂၀၁၄ ခုနှစ်က နှုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ လုဟန်ဟာ တရုတ်အမျိုးသားရေဒီယိုဌာနက တရုတ်နိုင်ငံရဲ့ဆဌမမြောက် အကျော်ကြားဆုံးအနုပညာရှင်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

(၄) မာ့တွမ် ( Got 7)

နောက်ဆုံးတယောက်ကတော့ Got 7 ရဲ့ မန်ဘာ မာ့ပဲဖြစ်ပါတယ်။ Tuan Yi-Eun လို့လဲလူသိများတဲ့ မာ့က Got 7 အဖွဲ့ဝင်တွေထဲက အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်ပြီး ထိုင်ဝမ်နွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်ပါတယ်။ ငယ်စဉ်က ဘရာဇီးနဲ့ပါရာဂွေးနိုင်ငံတွေမှာနေထိုင်ခဲ့ပြီး ယူအက်စ်ကို ရောက်ရှိပြီးတဲ့နောက် ၂၀၁၀မှာ ယူအက်စ်ကနေ ကိုရီးယားကို ထရိန်နင်ဝင်ဖို့ရွေးချယ်ခံခဲ့ရပါတယ်။