ဘောလုံးသမားတွေဟာ ကွင်းတွင်းကွင်းပြင် လူအများရဲ့အဆက်မပြတ် စောင့်ကြည့်ဝေဖန်ခြင်းကို အများဆုံးခံနေရတဲ့သူတွေထဲမှာပါပါတယ်။လူချစ်လူခင်ပေါတဲ့ ကစားသမားရှိသလို လူမုန်းများတဲ့ကစားသမားတွေလည်းအများကြီးရှိပါတယ်။လူမုန်းများခံရတဲ့ကစားသမားတွေက ကွင်းတွင်းကွင်းပြင် ပြသာနာပေါင်းဆုံဖန်တီးနေတဲ့သူတွေပါ။အခု kwee page ကနေပြီးတော့ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ လူမုန်းများတဲ့ ကစားသမား ၃ ဦးအကြောင်းပြောပြပေးလိုက်ပါတယ်။

Joey Barton

Source: Complex

ဘောလုံးလောကထဲမှာ Joey Barton လောက်ပြသာနာရှာတဲ့ကစားသမား ရှိအုန်းမယ်မထင်ပါဘူး။ သူဟာဘောလုံးလောကရဲ့ အကြီးဆုံး ရာဇဝတ်သားတယောက်ဆိုလည်းမမှားပါဘူး။သူဟာအနီကက်တွေအများ ကြီးရရှိထားတာတောင်မှ ဆိုးရွားတဲ့ ပြစ်ဒဏ်တွေ ကျူးလွန်နေခဲ့တဲ့ သူပါ။

ဒါကြောင့်လည်း ပရိသက်တော်တော်များများက သူ့ကိုဘောလုံးလူဆိုးတယောက်အနေနဲ့ သိကြတာပါ။ သူ့ကိုဘာတွေကများဒီလောက်ထိ ဒေါသထွက်စေတာလဲ။ အထင်ရှားဆုံး ဥပမာတခုကို ပြပါဆိုရင်တော့ ၂၀၁၁-၂၀၁၂ ပရီးမီးယားလိဂ်ဘောလုံးရသီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ QPR အသင်းတို့ရဲ့ပွဲစဉ်လို့ပြောရမှာပဲ။ အောက်က ဗီဒီရိုကိုသာကြည့်ကြည့်လိုက်ပါ။

 

John Terry

Source: The Independent

ချဲလ်ဆီး ကစားသမားဟောင်း John Terry အတွက်ကတော့ ဝေဖန်စရာ အပြစ်ပြောစရာခေါင်းစဉ်တွေ မကုန်နိုင်အောင်ပါပဲ။ တော်တော်များများကလည်း သူနဲ့ထိုက်တန်တဲ့ ဝေဖန်အပြစ်ပြောရာတွေပါ။၂၀၀၁ ခုနှစ်စပိုင်းလောက်တုံးက အမေရိကန် ခရီးသွားတွေကို 9/11 အဖြစ်အပျက်နဲ့ပတ်သက်ပြီး လောင်ပြောင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်အတွင်းမှာ နိုက်ကလပ်တခုတွင် ဘီယာခွက်ကို အပေါ့သွားခဲ့ပြီး ကြမ်းပြင်ပေါ်သွန်ချခဲ့ပါသေးတယ်။ အဲ့ဒီနှစ်ထဲမှာပဲ နိုက်ကလပ်အပြင်ဘက်မှာ ရန်ဖြစ်တဲ့အတွက်ကြောင့် တရားစွဲခံရပါသေးတယ်။

၂၀၀၈ ခုနှစ်မှာ သူ့ရဲ့ကားကိုမသန်မစွမ်းလူတွေ အတွက်သီးသန့်ထားတဲ့ကားပါကင်မှာ ပါကင်ထိုးခဲ့တဲ့အတွက်ကြောင့် ဝေဖန်ခံခဲ့ရပါတယ်။၂၀၁၀ ခုနှစ်မှာတော့ ကလေးနှစ်ယောက်ရှိပြီဖြစ်တဲ့ သူ့မိန်းမအပေါ်ဖောက်ပြန်ခဲ့ပါသေးတယ်။ဒါတွေမကသေးပါဘူး။ ၂၀၁၁ ခုနှစ်မှာ Anton Ferdinand ကိုလူမျိုးရေးခွဲခြား ခဲ့တဲ့အတွက်ကြောင့် တရားစွဲခံခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားတာက ထင်ရှားခဲ့ပေမဲ့ လုံလောက်တဲ့သက်သေမရှိခဲ့တာကြောင့် FIFA က ၄ ပွဲပယ်ပြစ်ဒဏ်ပဲ ချမှတ်ခဲ့ပါတယ်။ ဒီလောက်ဆိုရင် Terry ကိုလူမုန်းများတာ မဆန်းတော့ဘူးထင်ပါတယ်။

Luis Suarez

Source: The Independent

လူးဝစ်ဆွာရက် နဲ့ပက်သတ်ရင်ဘယ်ကနေစပြောရင်ကောင်းမလဲ။ ဘောလုံးပရိတ်သတ်တော်တော်များများရဲ့စိတ်ထဲမှာတော့ ၂၀၁၀ ကမ္ဘာ့ဖလား ဥရုဂွေးအသင်းကသွင်းယူလိုက်တဲ့ ဂိုးကိုလက်နဲ့တားဆီးခဲ့တဲ့အဖြစ်အပျက်ကို မြင်မိပါလိမ့်မယ်။ သူဟာအေဂျက်အသင်းမှာကစားခဲ့စဉ်တုန်းကလည်းပြိုင်ဖက်ကစားသမားကို ကိုက်ခဲ့လို့ အနီကက်ပြထုတ်ပယ်ခံခဲ့ရဖူးပါတယ်။သူဟာ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့လာပြီးကတည်းက ဟန်ဆောင်ဒိုင်ဗင်ပစ်ပြီး လီဗာပူးအသင်းအတွက် ပင်နယ်တီ တွေရယူပေးခဲ့တဲ့သူပါ။

ပြီးတော့ Patrice Evra ကိုလူမျိုးရေးခွဲခြားခဲ့တဲ့အတွက်ကြောင့်လည်း ပွဲပယ်ပြစ်စ်ဒဏ်ရှည်ကျခံခဲ့ရပါသေးတယ်။၂၀၁၃ ခုနှစ်ချဲလ်ဆီးနောက်ခံလူ Ivanovich ကိုသွားနဲ့ကိုက်ခဲ့ပါတယ်။ ဒါနဲ့တင် မပြီးသေးပါဘူး။ ဆွာရက်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲစဉ်မှာ အီတလီနောက်ခံလူ Chiellini ကိုထပ်ပြီးကိုက်ခဲ့ပြန်ပါသေးတယ်။ ခုလောက်ဆို Luis Suarez ကိုလူမုန်းများရတဲ့ အကြောင်းအရင်းကို သိပြီထင်ပါတယ်။