မိမိလက်ထဲမှာ ကားတစ်စီး ပိုင်ဆိုင်ထားမယ်ဆိုရင် လိုရာခရီးကို မိမိကြိုက်တဲ့အချိန်မှာ ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်သွားလာနိုင်ခြင်းပဲဖြစ်ပါတယ်။ မိမိအသုံးပြုမယ့် ငွေအမောင့်ပေါ်မူတည်ပြီး ဈေးအသင့်အတင့်ရှိသောကား (သို့) ဇိမ်ခံကား စသည်ဖြင့် အမျိုးမျိုး ဝယ်စီးလေ့ရှိကြပါတယ်။
ဇိမ်ခံကားများသည်လည်း နာမည်နှင့်လိုက်အောင် သူတို့ရဲ့အတွင်းပိုင်းအပြင်ဆင်များသည် ရင်သပ်ရှုမောရလောက်အောင် ခမ်းနားလှပလွန်းလှပါတယ်။
သင့်အနေနဲ့ သင့်ရဲ့ကားအတွင်းပိုင်း အပြင်အဆင်တွေကို ပြောင်းလဲချင်တယ်ဆိုရင်တော့ စိတ်ကူးအသစ်အဆန်းများ မှီငြမ်းလို့ရအောင် ဝေမျှပေးလိုက်ရပါတယ်။
Volvo XC 90
အဆင့်မြင့်နည်းပညာများနဲ့ ထုတ်လုပ်ထားတဲ့ SUV တစ်စီးဖြစ်ပြီး အကြမ်းအားဖြင့်တော့ ဒေါ်လာ ၈၃,၀၀၀ ဝန်းကျင်ရှိပါတယ်။
ကားအတွင်းပိုင်းကလည်း နေရာကျယ်ဝန်းမှုရှိပြီး နို့နှစ်ရောင် Theme ဖြင့် ထုတ်လုပ်ထားပါတယ်။
သူ့မှာပါတဲ့ Touch Screen သည် အပူချိန်နှင့် ပန်ကာလေအားကို ကားတွင်းရှိ ခရီးသည်တိုင်း မိမိစိတ်တိုင်းကျ ပြောင်းလဲနိုင်အောင် ကူညီပေးပါတယ်။ ဖျော်ရည်များကိုလည်း အေးနေအောင် ထားသိုနိုင်တဲ့ အံကပ်လေးလည်း ပါဝင်ပါတယ်။
Audi Q7
ဒီဇိမ်ခံကားကတော့ ကားမောင်းသူကို ကူမောင်းပေးမယ့် အဆင့်မြင့်နည်းပညာတစ်ခု ထည့်သွင်းထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ ပျမ်းမျှအားဖြင့် ဒေါ်လာ ၅၅,၀၀၀ တန်ဖိုးရှိပါတယ်။
ကားအရှေ့ခုံများကတော့ အလိုအလျောက် အပူပေးစနစ် ထည့်သွင်းထားပြီး လေဝင်လေထွက်ကောင်းဖို့ရန်နှင့် အညောင်းအညာပြေဖို့ရန်အတွက်လည်း ကူညီပေးပါတယ်။
အတွင်းပိုင်းမှာ အလင်းစနစ်ကို ကောင်းမွန်အောင် ဖန်တီးထားပြီး အသံစနစ်ကလည်း ကောင်းမွန်လှတာကြောင့် လိုက်ဖ်ရှိုးနားထောင်နေရသလား ထင်မှတ်ရပါလိမ့်မယ်။
Tesla Model X
ဒီမော်ဒယ်ကတော့ ကားအတွင်းပိုင်းတင်မဟုတ်ပါဘူး။ ကားအပြင်ပိုင်းကိုလည်း သိမ်းငှက်တောင်ပံဖြင့် အလှဆင်ထားပြီး အကြမ်းအားဖြင့် ဒေါ်လာ ၈၀,၀၀၀ ကုန်ကျပါလိမ့်မယ်။
အတွင်းခန်းမှာလည်း ထိုင်ခုံ သုံးတန်းပါရှိပြီး နေရာ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။
HEPA လေသန့်စင်တဲ့စနစ်ကို အသုံးပြုထားတာကြောင့် ကားထဲမှာလည်း ကျန်းမာရေးနှင့် ညီညွှတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့လေကောင်းလေသန့်ကို ရှူရှိုက်နိုင်ပါတယ်။
Land Rover
ကားအတွင်းခန်းထဲမှာ စပီကာ ၂၉ လုံးပါဝင်တာကြောင့် အသံပိုင်းစနစ်ကတော့ ပြောစရာမရှိအောင် ကောင်းမွန်လှပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၉၀,၀၀၀ ဝန်းကျင်ကနေ စတင်ပါလိမ့်မယ်။
ကားအတွင်းပိုင်းမှာလည်း သက်သောင့်သက်သာဖြင့် လိုက်ပါစီးနင်းနိုင်အောင် ခြေထောက်တင်တဲ့ခုံလည်း ပါရှိပါတယ်။
ဝိုင်ပုလင်းတွေကို အအေးခံထားလို့ရတဲ့နေရာတစ်ခု ပါဝင်တာကြောင့် ကားလေးစီးရင်း ဝိုင်လေး သောက်ရင်းနဲ့ ဇိမ်ခံနိုင်ပါတယ်။
Source: Businessinsider.com