ကမ္ဘာပေါ်မှာနေထိုင်နေကြတဲ့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး။ တစ်ချို့က တစ်စုံတစ်ခုလုပ်မယ်ဆိုရင် ညှိနိူင်းယူလို့ ရသလို တစ်ချို့ကြတော့ ဘယ်သူပြောတာကိုမှ လက်မခံပဲ အလွန်ခေါင်းမာတဲ့ သူတွေလည်းရှိကြတယ်။
လူအများစုနဲ့ အတိုက်အခံလုပ်ပြီး ဘာကိစ္စကိုမှ ဆွေးနွေးတိုင်ပင်လို့မရတဲ့ သူတွေကြောင့် ဒုက္ခရောက်ရတဲ့ သူတွေလည်းအများအပြားပါပဲ။ ဒီတခေါက်တော့ အလွန်ခေါင်းမာတဲ့ အိမ်ပိုင်ရှင်တွေအကြောင်းပြောပြပေးသွားမှာပါ။
၁.
ဒီအိမ်ပိုင်ရှင်ကတော့ သူ့အိမ်ကို ရောင်းဖို့ ငြင်းဆန်ခဲ့တာပါ။ အိမ်ယာရောဆောက်လုပ်ဖို့အတွက် အနီးအနား ပတ်ဝန်းကျင်က အိမ်ပိုင်ရှင်တွေက ပြောင်းပေးဖို့ သဘောတူခဲ့ပေမဲ့ သူ့တစ်အိမ်ထဲ ပြောင်းမပေးပဲ တင်းခံနေခဲ့တာပါ။ အခုတော့ တိုက်နှစ်ခုကြားမှာ ကြားညပ်နေပါပြီ။
၂.
Edith Macefield ဆိုတဲ့ အမျိုးသမီးကတော့ သူမရဲ့ အိမ်ကို ဒေါ်လာ ၁ သန်းနဲ့ ကမ်းလှမ်းခဲ့တာတောင် မရောင်းခဲ့ပါဘူး။ လူတွေကတော့ သူမကို UP ကာတွန်းကားထဲက အဖိုးကြီးနဲ့တူတယ်လို့ ပြောလာကြပါတော့တယ်။
၃.
တိုက်တစ်ဖက်ခြမ်းမှာ နေတဲ့သူက ရောင်းဖို့ ငြင်းဆန်တာကြောင့် အခုလိုပဲ တစ်ဝက်ဖြတ်ချလိုက်ပါတယ်။
၄.
ဒီအဖြစ်အပျက်ကတော့ တရုတ်ပြည်မှာ ဖြစ်ပျက်ခဲ့တာပါ။ တရုတ်အစိုးရက အမြန်လမ်းဖောက်လုပ်ဖို့အတွက် အနီးအနားက စီမံကိန်းနဲ့ မလွှတ်တဲ့ အိမ်တွေကို လျှော်ကြေးပေး ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ တစ်အိမ်ပဲ ဘယ်လိုမှာ ပြောင်းရွှေ့ခိုင်းလို့ မရခဲ့ပါဘူး။ မရတဲ့အဆုံးမှာ အစိုးရက အိမ်ကိုပက်ပြီး လမ်းဖောက်လုပ်ခဲ့ပါတယ်။ အစိုးရက သူ့အိမ်ကို ရေရောမီးပါဖြတ်တောက်လိုက်တဲ့အတွက်ကြောင့် နောက်ပိုင်းမှာ အိမ်ပိုင်ရှင်လည်း မနေနိူင်တော့ပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။
၅.
ဒီအိမ်ယာမှာ နေတဲ့မိသားစုဝင်တွေက ပြောင်းရွှေ့ဖို့ ငြင်းဆန်တာကြောင့် အခုလိုပဲ လမ်းကို စက်ဝိုင်းပုံစံ ဆောက်လုပ်ခဲ့ရပါတယ်။
၆.
Salah Oudjani ဆိုတဲ့ ပြင်သစ်နိူင်ငံသားဟာ သူ (၆၄) နှစ်သာလုံး အလုပ်လုပ်ခဲ့တဲ့ အိမ်လေးကို ရောင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ အစိုးရက အမြန်လမ်းဖောက်လုပ်ဖို့ သူ့အိမ်နဲ့ မလွှတ်တာကြောင့် လျှော်ကြေးပေးပြောင်းရွှေ့ခိုင်းခဲ့ပေမဲ့ ငြင်းဆန်ခဲ့တာပါ။
၇.
ဒီအိမ်လေးကတော့ ဇိမ်ခံအိမ်တွေ ဆောက်လုပ်ဖို့ ဈေးမတန်တဆပေးပြီး ကမ်းလှမ်းခဲ့ပေမဲ့ မရောင်းခဲ့ပါဘူး။ နောက်ပိုင်းမှာ ဘေးနားမှာ အိမ်ကြီးအိမ်ကောင်းတွေ ပေါ်လာပေမဲ့လည်း အိမ်ပိုင်ရှင်ကတော့ သူ့အိမ်နဲ့ ခြံကို ရောင်းဖို့ ငြင်းဆန်နေခဲ့ပါတယ်။
Source: Talescart