အမျိုးသားတိုင်းမှာ အနက်ရောင်ဝတ်စုံ အနည်းဆုံးတစ်စုံစီတော့ ရှိတတ်ကြပါတယ်။ အနက်ရောင်ဖက်ရှင်သည် ဝတ်ဆင်သူအပေါ် ခမ်းနားခန့်ညားတဲ့အသွင်ကို ဖော်ဆောင်ပေးနိုင်သည်အထိ အစွမ်းထက်ပါတယ်။ မည်သည့်ရာသီဥတု၊ အခမ်းအနားအတွက်မဆို သင့်တော်တဲ့ဖက်ရှင်ဝတ်စုံတစ်ခုဆိုလည်း မမှားပါဘူး။

သင့်အနေနဲ့ အနက်ရောင်ဖက်ရှင်ကို ခရေဇီဖြစ်ပြီး အပေါ်အမဲ အောက်အမဲ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်စတိုင်လ်များကို ရွေးချယ်နိုင်ပါတယ်။

အနက်ရောင်ကုတ်အင်္ကျီဖက်ရှင်

men black fashion

ရာသီဥတုအေးချမ်းတဲ့အချိန်မှာ အနက်ရောင်ကုတ်အင်္ကျီတစ်ထည်သည် သင့်ကို လုံလောက်တဲ့အနွေးဓာတ်ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ အများနဲ့မတူတဲ့ဖက်ရှင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဇိုင်းဆန်းတဲ့ အနက်ရောင်ဘောင်းဘီတစ်ထည် ရွေးချယ်လိုက်ပါ။

အနက်ရောင် ဝတ်စုံပြည့်

men black fashion

ရုံးသွားရုံးတက်ဖက်ရှင်မျိုး၊ အစည်းအဝေးပွဲတက်ဖက်ရှင်မျိုး ဖန်တီးဖို့အတွက်ဆိုရင်တော့ ဒီဖက်ရှင်က အသင့်တော်ဆုံးပါပဲ။ သင့်ကို လုံးဝစမတ်ကျသွားစေမှာပါ။

အနက်ရောင် ဘောင်းဘီတိုဖက်ရှင်

men black fashion

လွတ်လပ်ပေါ့ပါးတဲ့ ဘောင်းဘီတိုဖက်ရှင် ကြိုက်နှစ်သက်သူများကတော့ ဒီဖက်ရှင်မျိုးကို ရွေးချယ်နိုင်ပါတယ်။ အသင့်ဝတ် အနက်ရောင်ဘောင်းဘီတွေက ဝယ်ရခက်တာကြောင့် ကိုယ့်ကိုယ်တိုင်းနဲ့ ချုပ်ဝတ်ရင် ပိုအဆင်ပြေပါလိမ့်မယ်။

အနက်ရောင် ဂျင်းအပြဲဖက်ရှင်

men black fashion

လွတ်လပ်ပေါ့ပါးမှုကို နှစ်သက်ပြီး လူငယ်ဆန်တဲ့ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်မျိုးကို ရွေးချယ်လိုက်ပါ။

အနက်ရောင်ဖက်ရှင်နှင့် အဖြူရောင် Sneakers

men black fashion

အနက်ရောင်နဲ့ အဖြူရောင်က အလိုက်ဖက်ဆုံးဖက်ရှင်ဖြစ်တယ်ဆိုတာကိုတော့ ပြောပြဖို့လိုမယ်မထင်ပါဘူး။

အနက်ရောင်ဖက်ရှင်ကို နှစ်သက်တဲ့ ယောကျာ်းများအတွက် အနက်ရောင်အဝတ်အစားများနဲ့ ဘယ်လိုရှိုးထုတ်နိုင်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

men black fashion men black fashion men black fashion men black fashion men black fashion

Source: Thetrendspotter.net

Featured Image Source: DMARGE