စတိုင်ကျတဲ့ Sneakers တွေဟာ အမျိုးသားတွေရဲ့ဗီရိုတိုင်းမှာ မရှိမဖြစ် ပါသည့်တဲ့ ဖက်ရှင်ပစ္စည်းတွေပါပဲ။ Sneaker ကောင်းတစ်ရံဟာ ကိုယ်ဝတ်လိုက်တဲ့ အဝတ်အစားတိုင်းကို ပိုပြီး Stylish ဖြစ်စေအောင် ကူညီပေးနိုင်ပါတယ်။ တကယ်လို့ Suit နဲ့ တွဲစီးဖို့ဆိုရင် Sneaker ကို ဉာဏ်ရှိရှိနဲ့ ရွေးရတော့မှာပါ။

Suit လိုမျိုး စမတ်ကျကျ Formal ဝတ်စုံမျိုးနဲ့ တွဲစီးမယ့် Sneaker ဟာ သပ်ရပ်ပြီး ပရီမီယံ ဆန်နေရပါမယ်။ အဖြူရောင်ကာလာ နဲ့ လယ်သာသားရေမျိုး Sneaker မျိုး ရွေးတာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ Sneaker နဲ့ ဝတ်မယ့် Suit ဟာ Slim Cutting ချုပ်သားနဲ့ ချုပ်ထားတဲ့ ဒီဇိုင်းဖြစ်သင့်ပြီး Tuxedo Suit မျိုးနဲ့တော့ Sneaker ကို တွဲမစီးသင့်ပါဘူး။

Stylish Sneakers to Wear With a Suit

Photo: Hugoboss

Suit နဲ့ တွဲစီးမယ့် Sneaker ရွေးမယ်ဆိုရင် Classic Sneaker မျိုး ရွေးပါ။ အတော်များများက Suit ကို Monk Straps Shoes ၊ Brogues Shoes ၊ Oxfords Shoes တို့လို Shoes တွေနဲ့ အစီးများပါတယ်။ အခုခေတ်မှာ Business Smart Casual စတိုင်ဆိုရင် Sneaker နဲ့ Suit တွဲစီးတဲ့ဓလေ့ ဖြစ်လာပါပြီ။ Suit နဲ့ စီးမှာ ဖြစ်လို့ Sneaker ဟာ ရှင်းသန့် သားနားပြီး Classic Kicks စတိုင်မျိုး ဖြစ်ဖို့ ဂရုပြုရမှာပါ။

ရွေးသင့်တဲ့ Sneakers တွေအနေနဲ့ နွားကလေးသားရေသား လယ်သာနဲ့ ထုတ်ထားတဲ့ Oliver Cabell Low1 Sneaker အဖြူရောင် ၊ Jet Black ရောင် ၊ KOIO Verse လယ်သာ Sneakers ၊ Common Projects ထုတ် အညိုရောင် Sneakers နဲ့ Prada America ရဲ့ အနက်ရောင် Cup Sneakers တို့ ဖြစ်ပါတယ်။ အရောင်အနေနဲ့ Formal ဆန်တဲ့ အဖြူရောင်ရွေးတာ မှားစရာ မရှိပါဘူး။

အမျိုးအစားအနေနဲ့ အရည်အသွေးမြင့်တဲ့ High-End Sneaker တွေ ရွေးပါ။ တစ်ရံ နှစ်ရံပဲ ဆိုပေမယ့် Formal စီးဖို့ရော ပေါ့ပေါ့ပါးပါး ရုံးပိတ်ရက် စီးစရာအဖြစ်ပါ အဆင်ပြေလို့ ဖြစ်ပါတယ်။