ကြီးတုိ႔ ဘဒုိတုိ႔ေရာ ဒီတစ္ပတ္မွာေတာ့ သိပ္ၿပီးစိတ္ဝင္စားစရာေကာင္းတဲ႔ ဇာတ္ကားေတြ မထြက္ေပၚထားေသးတာမုိ႔ ကြ်န္ေတာ္တုိ႔ေတြ ၿပီးခဲ႔တဲ႔ႏွစ္ကုန္ပုိင္းေလာက္က ထြက္ရွိထားခဲ႔တဲ႔ ကုိရီးယားဇာတ္ကားတစ္ကားကုိၾကည့္ရွုဖုိ႔ ေရြးခ်ယ္လုိက္ရေအာင္ဗ်ာ။ ကုိရီးယားဇာတ္ကားဆုိလုိ႔လည္း ေလွ်ာ့မတြက္နဲ႔ေနာ္။ ဒီကားက ကြီးေတြႀကိဳက္မွာေသခ်ာတယ္ဗ်။ ဇာတ္ကားက မႈခင္းအက္ရွင္ဇာတ္လမ္းမိ်ဳးျဖစ္ေနလုိ႔ပါဗ်။

Photo Credit : beautynesiablog.id

ဒီ The Negotiation ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားမင္းသမီးေနရာကေန ပါဝင္ထားၾကသူေတြက ကုိရီးယားရုပ္ရွင္ဒရာမာေလာကရဲ႕ ဆရာတစ္ဆူေတြပါ။ မင္းသားက ဟြန္ဘင္း မင္းသမီး ဆြန္ရီဂ်င္းေလ။ ကုိရီးယားဇာတ္လမ္းတြဲေတြ နည္းနည္းပါးပါး ၾကည့္ဖူးသူဆုိရင္ေတာင္ သူတုိ႔ေတြကုိ ရင္းႏွီးေနမွာပါ။ မင္းသားတစ္ေယာက္ မင္းသမီးတစ္ေယာက္ဆီ ပါဝင္ေနေပမယ့္ ခ်စ္ႀကိဳက္ကြဲညားမဟုတ္ဘဲနဲ႔ တစ္ေယာက္က ရဲ တစ္ေယာက္က ဗီလိန္ပုံစံနဲ႔ ရုိက္ကူးထားတာမုိ႔လုိ႔ အျမင္ဆန္းေနမွာျဖစ္သလုိ သူတုိ႔ရဲ႕ အႏုပညာအားၿပိဳင္မႈေတြကုိလည္း ရင္သပ္ရွုေမာစဖြယ္ ျမင္ေတြ႕ေနရမွာပါ။

Video Credit : Youtube

ဇာတ္ကားပုံစံကေတာ့  အာရွတုိက္မွာ လက္နက္ေမွာင္ခုိေရာင္းဝယ္ေနတဲ႔ ေသြးေအးရာဇဝတ္သားတစ္ေယာက္ ဟြန္ဘင္းနဲ႔ မႈခင္းျဖစ္စဥ္ေတြမွာ ရာဇဝတ္သားေတြ လက္နက္ခ်အညံခံဖုိ႔ အေကာင္းဆုံးညိွႏႈိင္းတတ္သူျဖစ္တဲ႔ Negotiator ဆြန္ရီဂ်င္းတုိ႔ရဲ႕ အားၿပိဳင္မႈေတြကုိ စိတ္ဝင္စားစဖြယ္ တင္ဆက္ထားတာပါ။ ဇာတ္လမ္းဖြဲ႕သည္းထားတဲ႔ပုံစံေကာင္းၿပီးေတာ့ မင္းသမီးေခ်ာဆြန္ရီဂ်င္းရဲ႕ အေကာင္းဆုံးသရုပ္ေဆာင္မႈေတြထဲမွာ ကြီးတုိ႔စီးေမ်ာသြားမွာ ေသခ်ာပါတယ္။ ရဲဆုိေပမယ့္လည္း ဆြန္ရီဂ်င္းရဲ႕ အလွတရားေတြကေတာ့ အရမ္းကုိ ေပၚလြင္ေနေသးတာကုိလည္း ကြီးတုိ႔သတိထားႏုိင္ပါမွာပါ။ စိတ္ဝင္စားလုိ႔ ၾကည့္ခ်င္ရင္ေတာ့ ChannelMyanmar မွာ ရွာေဖြႏုိင္ပါတယ္ကြီးတုိ႔ေရ…

(Unicode)

ကွီးတို့ ဘဒိုတို့ရော ဒီတစ်ပတ်မှာတော့ သိပ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတွေ မထွက်ပေါ်ထားသေးတာမို့ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ထွက်ရှိထားခဲ့တဲ့ ကိုရီးယားဇာတ်ကားတစ်ကားကိုကြည့်ရှုဖို့ ရွေးချယ်လိုက်ရအောင်ဗျာ။ ကိုရီးယားဇာတ်ကားဆိုလို့လည်း လျှော့မတွက်နဲ့နော်။ ဒီကားက ကွီးတွေကြိုက်မှာသေချာတယ်ဗျ။ ဇာတ်ကားက မှုခင်းအက်ရှင်ဇာတ်လမ်းမျိုးဖြစ်နေလို့ပါဗျ။

Photo Credit : beautynesiablog.id

ဒီ The Negotiation ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားမင်းသမီးနေရာကနေ ပါဝင်ထားကြသူတွေက ကိုရီးယားရုပ်ရှင်ဒရာမာလောကရဲ့ ဆရာတစ်ဆူတွေပါ။ မင်းသားက ဟွန်ဘင်း မင်းသမီး ဆွန်ရီဂျင်းလေ။ ကိုရီးယားဇာတ်လမ်းတွဲတွေ နည်းနည်းပါးပါး ကြည့်ဖူးသူဆိုရင်တောင် သူတို့တွေကို ရင်းနှီးနေမှာပါ။ မင်းသားတစ်ယောက် မင်းသမီးတစ်ယောက်ဆီ ပါဝင်နေပေမယ့် ချစ်ကြိုက်ကွဲညားမဟုတ်ပဲနဲ့ တစ်ယောက်က ရဲ တစ်ယောက်က ဗီလိန်ပုံစံနဲ့ ရိုက်ကူးထားတာမို့လို့ အမြင်ဆန်းနေမှာဖြစ်သလို သူတို့ရဲ့ အနုပညာအားပြိုင်မှုတွေကိုလည်း ရင်သပ်ရှုမောစဖွယ် မြင်တွေ့နေရမှာပါ။

Video Credit : Youtube

ဇာတ်ကားပုံစံကတော့ အာရှတိုက်မှာ လက်နက်မှောင်ခိုရောင်းဝယ်နေတဲ့ သွေးအေးရာဇဝတ်သားတစ်ယောက် ဟွန်ဘင်းနဲ့ မှုခင်းဖြစ်စဉ်တွေမှာ ရာဇဝတ်သားတွေ လက်နက်ချအညံခံဖို့ အကောင်းဆုံးညှိနှိုင်းတတ်သူဖြစ်တဲ့ Negotiator ဆွန်ရီဂျင်းတို့ရဲ့ အားပြိုင်မှုတွေကို စိတ်ဝင်စားစဖွယ် တင်ဆက်ထားတာပါ။ ဇာတ်လမ်းဖွဲ့သည်းထားတဲ့ပုံစံကောင်းပြီးတော့ မင်းသမီးချောဆွန်ရီဂျင်းရဲ့ အကောင်းဆုံးသရုပ်ဆောင်မှုတွေထဲမှာ ကွီးတို့စီးမျောသွားမှာ သေချာပါတယ်။ ရဲဆိုပေမယ့်လည်း ဆွန်ရီဂျင်းရဲ့ အလှတရားတွေကတော့ အရမ်းကို ပေါ်လွင်နေသေးတာကိုလည်း ကွီးတို့သတိထားနိုင်ပါမှာပါ။ စိတ်ဝင်စားလို့ ကြည့်ချင်ရင်တော့ ChannelMyanmar မှာ ရှာဖွေနိုင်ပါတယ်ကွီးတို့ရေ…