နိူင်ငံတွင်းမှာ မှုခင်းဖြစ်ပွားမူလျှော့ကျလာတာကြောင့် နယ်သာလန်နိူင်ငံဟာ ထောင်တွေကို ပိတ်ပစ်နေရပါတယ်။ ထောင်ထဲမှာ ထောင်သားတွေမရှိခြင်းရဲ့ လျှိုဝှတ်ချက်ကတော့ ထောင်သားတွေကိုလည်း သာမာန်လူတွေလိုပဲ ဆက်ဆံပေးခြင်းကြောင့်ဖြစ်ပါတယ်။ ဒီနည်းလမ်းက အလုပ်ဖြစ်ခဲ့ပါတယ်။ (၂၀၁၈) ခုနှစ်မှာ နောက်ထက် ထောင် (၄) ခုပိတ်ခဲ့ရပြီး တစ်ချို့ထောင်တွေကို အိမ်ခြေရာမဲ့တွေအတွက် အိမ်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ဒီနေ့ kwee ပြောပြပေးမယ့် အကြောင်းအရကတော့ နယ်သာလန်နိူင်ငံက သူတို့ရဲ့ထောင်သားတွေကို ဘယ်လိုဆက်ဆံလဲ၊ ဘယ်လောက်ထိ လူသားချင်းစာနာထောက်ထားမူရှိလဲဆိုတဲ့ အကြောင်းပါပဲ။သူတို့ကိုလူသားတွေလိုဆက်ဆံရင်သူတို့ကလည်းလူသားတွေလိုပြုမူလာမယ်

နယ်သာလန်နိူင်ငံဟာ ထောင်သားတွေကို ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မူတွေ ပြုလုပ်ပေးပါတယ်။ သူတို့ရဲ့နည်းစနစ်ကတော့ ထောင်သားဦးရေလျှော့ချရေးစနစ်ပါ။ ဒီစနစ်က အပြစ်ပေးတာထက် သူတို့ကိုယ်သူတို့ပြန်လည်ဆင်ခြင်သုံးသပ်နားလည်လာနိူင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

နယ်သာလန်မှာပြစ်မှုကျူးလွန်သူတော်တော်များများဟာ ဒဏ်ကြေးပေးဆောင်ရတာ (သို့) စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ တတ်ရောက်ရတာ စသဖြင့် လုပ်ဆောင်ရလေ့ရှိပါတယ်။ ထောင်ထဲမှာ အကြာကြီးနေရတာဟာ ထိရောက်မူမရှိဘူးဆိုတာကို နားလည်တာကြောင့် ရာဇဝတ်သားတွေကို ထောင်ထဲမှာ အကြာကြီးမထားတော့ပါဘူး။

“လူတွေကိုဆက်ဆံတဲ့ပုံစံနဲ့ထောင်သားတွေကိုဆက်ဆံတဲ့ပုံစံတွေက သူတို့လူမူပတ်ဝန်းကျင်ကို ဘယ်လိုပြုမူတယ်ဆိုတာ အရမ်းကွာခြားတယ်။ လူတွေကသူတို့ကို ခွေးလိုဆက်ဆံရင် သူတို့က ခွေးလိုပြုမူနေထိုင်လိမ့်မယ်။ တကယ်လို့ ခင်ဗျာတို့က သူတို့ကို လူလိုဆက်ဆံရင် သူတို့က လူသားတွေလိုပြုမူဆက်ဆံလာပါလိမ့်မယ်” ဟု စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ Miriam van Driel ကပြေားထားပါတယ်။

နယ်သာလန်နိူင်ငံက ထောင်တော်တော်များများဟာ ပိတ်ထားလိုက်ရပါပြီ။ တစ်ချို့ထောင်တွေကိုတော့ အခြားနိူင်ငံတွေဆီ အငှားချထားပြီး တစ်ချိုထောင်တွေကို အိမ်ခြေရာမဲ့တွေအတွက် အိမ်အဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ အခုလည်း Koepelgevangenis အမည်ရတဲ့ထောင်တခုကို တက္ကသိုလ် တခုအဖြစ် အသွင်ပြောင်းဖို့ စီစဉ်နေကြပါတယ်။

Kwee ပရိသတ်တွေကော နယ်သာလန်နိူင်ငံရဲ့ ရာဇဝတ်သားတွေကို ဆက်ဆံပုံကို သဘောကြရဲ့လား။ မြန်မာနိူင်ငံမှာကော ဒီစနစ်ကို ကျင့်သုံးသင့်ပါသလား။ မိမိရဲ့ထင်မြင်ချက်တွေကို ကွန်းမန့်မှာ ရေထားခဲ့လို့ရတယ်နော်။

Source: Bright Side