ကိုယ်အလေးချိန်ကို မြန်မြန်ဆန်ဆန်လည်း ကျချင်တယ်၊ အာဟာရပြည့်ဝတဲ့ အစားတွေပဲ စားပြီး ဝိတ်ချချင်တယ်ဆိုရင် Oatmeal Diet စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Oatmeal Diet စားတာကို ထောက်ခံသူတွေကတော့ ဒီစားသောက်မှုပုံစံဟာ တစ်ပတ်ကို ကိုယ်အလေးချိန် ၄ ပေါင်အထိ ချပေးနိုင်တယ်လို့ ဆိုပါတယ်။
Oatmeal ဟာ ကျန်းမာပေါ့ပါးတဲ့ လူမှုပုံစံကို ရရှိစေပြီး ကိုယ်အလေးချိန်လည်း ကျဆင်းစေတဲ့ အကျိုးပေးပါတယ်။ ဝိတ်ချဖို့ ဆိုရင် Oatmeal ကို ၆ ပတ်ကနေ ၁၀ ပတ်အထိ Diet ပုံစံစားပေးဖို့ လိုပါတယ်။ စားပေးတဲ့ Week ကိုလည်း သုံးဆင့်ခွဲပြီး သူ့စည်းကမ်းနဲ့သူ စားပေးရမှာ ဖြစ်ပါတယ်။

Photo: livin3
ပထမဆုံး Diet အပတ်ကတော့ အပြင်းထန်ဆုံးနဲ့ ကယ်လိုရီအနည်းဆုံးဖြစ်အောင် ချပေးမှာပါ။ နောက်ပိုင်းအဆင့်တွေမှာ ကန့်သတ်ချက်တွေ နည်းလာမှာ ဖြစ်ပါတယ်။ Diet ပထမအဆင့်ဟာ တစ်ပတ်ကြာပါတယ်။ Diet လုပ်မယ့်သူဟာ ပထမတစ်ပတ်လုံး Oatmeal ပဲ သီးသန့်စားပေးရမှာ ဖြစ်ပါတယ်။
တစ်ခါစားမယ်ဆိုရင် Oatmeal ခွက်တစ်ဝက်ကို မလိုင်ထုတ်ထားတဲ့ နို့ခွက်တစ်ဝက်နဲ့ ရောပြီး သောက်ရမှာပါ။ သောက်ရမယ့် Oatmeal ဟာ Instant မဟုတ်ဘဲ သဘာဝအတိုင်း Whole Oatmeal ဖြစ်ဖို့ လိုပါတယ်။ အဲ့ဒီတစ်ပတ်အတွက် ကယ်လိုရီစားသုံးမှုစုစုပေါင်းပမာဏဟာ ၉၀၀ နဲ့ ၁၂၀၀ အကြား ရှိသင့်ပါတယ်။
ဒုတိယအဆင့်ဟာ သီတင်းပတ် ၂ ပတ်ကနေ ၅ ပတ်အထိ ကြာမြင့်ပြီး တစ်ခါစားရင် Oatmeal ခွက်တစ်ဝက်ပဲ စားရမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ Instant Oatmeal ကို ခွင့်ပြုသွားမှာပါ။ မနက်ပိုင်းမှာဆို သစ်သီးခွက်တစ်ဝက်ထည့်စားလို့ ရပါတယ်။ နေ့လည်ဘက်ဆို အသီးအရွက် Snack ခွက်တစ်ဝက်စားနိုင်ပါတယ်။ ကယ်လိုရီစားသုံးမှုဟာ ဒီအဆင့်မှာ ၁၀၀၀ နဲ့ ၁၃၀၀ အကြားပဲ ထားသင့်ပါတယ်။

Photo: livin3
တတိယအဆင့်ဟာ သီတင်းပတ် ၆ ပတ်ကနေ ၁၀ ပတ် ကြာမြင့်ပါတယ်။ ကယ်လိုရီနည်းတဲ့ ပုံမှန် Diet စားပေးသင့်ပါတယ်။ နေ့တိုင်း Oatmeal နဲ့ Snack တစ်ခု စားပေးရမှာပါ။ အဆီစားသုံးမှုကတော့ လျှော့ချထားရမှာ ဖြစ်ပါတယ်။ ကယ်လိုရီစားသုံးမှုလည်း နည်းနိုင်သမျှနည်းဖို့ သတိပြုသင့်ပါတယ်။
ဒီနှစ်လတာ Diet Plan အတွင်း ပေါင် ၄၀ အထိ ဝိတ်ကျတယ်လို့လည်း ဆိုပါတယ်။ ပထမတစ်ပတ်မှာတင် ၅ ပေါင်အထိ လျှော့ချနိုင်သူတွေလည်း ရှိပါတယ်။ Oatmeal ဟာ သဘာဝအာဟာရတန်ဖိုးတွေ ပါဝင်ပြီး ကျန်းမာရေးအကျိုးများသလို ချက်ပြုတ်စရာလိုလို့ ကရိကထလည်း နည်းပါတယ်။ စားတဲ့အကျင့်မရှိရင်တော့ ပျင်းစရာကောင်းနေပါလိမ့်မယ်။
