ဂျပန်နိူင်ငံ နီးဂါတာမြို့တွင် ၁၉၀၇ ခုနှစ် မတ်လ ၅ ရက်၌မွေးဖွားခဲ့သည့် ဂျပန်လူမျိုး ချိတဲဆုဝါတာနာဘေးသည် ကမ္ဘာ့အသက်အကြီးဆုံး အမျိုး သားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က ဖေဖော်ဝါရီလက ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
Source: CNN
ချိတဲဆုဝါတာနာဘေးသည် မတိုင်ခင် အသက်အကြီးဆုံးအဖြစ်စံချိန်တင်ခဲ့သူကတော့ ဂျပန်လူမျိုး မာဆာဇိုနိုနာကာ ဖြစ်ပြီး ၊ ပြီးခဲ့သည့်လက အသက် ၁၁၂ နှစ်နှင့် ၂၆၆ ရက်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
သားသမီး ၅ ယောက်ရှိသည့် ဝါတာနာဘေးက အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်မှာ စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ မျက်နှာပေါ်တွင် အမြဲတမ်း အပြုံးပန်းဆင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: WION
ဝါတာနာဘေးက ကြက်ဥပူတင်းကဲ့သို့သော မုန့်ကိုနှစ်သက်ကြောင်းဝန်ခံပြောဆိုခဲ့ပြီး ထိုမုန့်သည် သူ့အတွက် အာဟာရအစားအစာ ဖြစ်သည် ဟုပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးမှာလည်း ဂျပန်လူမျိုး ပင်ဖြစ်ကာ သူမနာမည်ကတော့ ကာနဲတာနာကာဖြစ်ပြီး အသက် ၁၁၇ နှစ်ရှိပြီဖြစ်ပါတယ်။
Source: Guinness World Records
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံးလူသား အများအပြားနေထိုင်သည့်နိူင်ငံအဖြစ် သက်မှတ်ထားခံရတဲ့နိူင်ငံလည်းဖြစ်ပါတယ်။။