အမျိုးသားတိုင်းလိုလို Six Pack ရှိတဲ့ခန္ဓာကိုယ်အချိုးအစားမျိုး ပိုင်ဆိုင်ချင်ကြတယ်ဆိုတာ လိမ်လို့မရနိုင်ပါဘူး။ အခုလိုအိမ်မှာနေတဲ့အချိန်အတောအတွင်းဟာ Six Pack ရဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ Gym သွားစရာမလိုပဲ အိမ်မှာတင်ပြုလုပ်လို့ရနိုင်တဲ့အထိရောက်ဆုံးလေ့ကျင့်ခန်းတွေကိုပြောပြပေးမှာဖြစ်တာကြောင့် Six Pack ထွက်ချင်တဲ့ ကွီးတို့ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) Hardstyle Plank

ခန္ဓာကိုယ်ကိုကြမ်းပြင်ပေါ်မျက်နှာမူပြီး Plank အနေအထားအတိုင်း ပုံစံယူပါ။ လက်သီးတွေကို ဆုပ်ထားပေးရပါမယ်။ ထို့နောက်ပုံှမှာပြထားတဲ့အတိုင်း တံတောင်ဆစ်ကိုနောက်သို့ ပင့်တင်ပြီး ခန္ဓာကိုယ်ကိုကြမ်းပြင်သို့ ကပ်လျက်အနေအထားပြုလုပ်ပေးရပါမယ်။ ထိုနည်းအတိုင်း အကြိမ် (၃၀) လေးကြော့ပြုလုပ်ပေးပါ။

(၂) Dead Bug

အရင်ဆုံး ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် ပလက်အနေအထားဖြင့် ပုံစံယူပေးပါ။လက်ကိုအပေါ်သို့ ၉၀ ဒီဂရီဆန့်ထုတ်ထားပြီး ဒူးမြှောက်ထားပေးရပါမယ်။ ပြီးရင်တော့ ပုံပါအတိုင်း ဘယ်ဘက်လက်ကို ဦးခေါင်းအပေါ်ရှိကြမ်းပြင်ပေါ်သို့ ချပေးပြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ ညာခြေထောက်ကိုကြမ်းပြင်ပေါ်သို့ချပေးရပါမယ်။ထိုနည်းအတိုင်း ဘယ်ညာပြောင်းပြီး အကြိမ် (၃၀) ခန့် လေ့ကြော့ပြုလုပ်ပေးရပါမယ်။

(၃) Hollow Extension To Cannonball

ခြေထောက်နှစ်ဖက်ကိုအနည်းငယ်ကြွပြီး ဒူးကိုလက်နဲ့ ပိုက်ကာထိုင်လျက်အနေအထား ပုံစံယူပေးရပါမယ်။ထို့နောက် လက်နှစ်ဖက်ကိုဦးခေါင်အပေါ်လည်းကောင်း ခြေထောက်နှစ်ဖက်ကို အောက်ဘက်သို့လည်းကောင်း ဆန့်ထုတ်ပေးရပါမယ်။ပြီးရင်မူလပုံစံအတိုင်းပုံစံပြန်ယူပါ။ထိုနည်းအတိုင်း အကြိမ် (၃၀) လေးကြော့ပြုလုပ်ပေးရပါမယ်။

(၄) Bird Dog

ခန္ဓာကိုယ်ကိုကြမ်းပြင်မှာ အရင်ဆုံးလေးဘက်ထောက်တဲ့ အနေအထားပုံစံယူပါ။ ပြီးရင်တော့ ပုံမှာမြင်ရတဲ့အတိုင်း ညာဘက်လက်ကိုရှေ့သို့ဆန့်ထုတ်ပြီး ဘယ်ဘက်ခြေထောက်ကိုလည်းနောက်သို့ဆန့်ထုတ်ပေးရပါမယ်။ ထို့နောက် ခါးကိုအနည်းငယ်ကွေးကာ ဆန့်ထုတ်ထားတဲ့ လက်ရဲ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းတို့ကိုထိအောင်ပြုလုပ်ပေးရပါမယ်။ထိုနည်းအတိုင်း ဘယ်ညာပြောင်းပြီး အကြိမ် (၃၀) လေးကြော့ပြုလုပ်ပေးရပါမယ်။

(၅) Dumbbell Side Bend

ဒီလေ့ကျင့်ခန်းဟာ ဘေးဘက်ဝမ်းဗိုက်ကြွက်သားတွေကျစ်လစ်သန်မာစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ဖို့ အလေးတုံး သို့မဟုတ်အလေးချိန်ရှိတဲ့ ပစ္စည်းတစ်ခုခုတော့လိုပါတယ်။ အရင်ဆုံး ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး ခြေထောက်ကိုအနေတော်ခြားထားပါ။ ထို့နောက် အလေးတုံးကိုင်ထားတဲ့ လက်ကို ဒူးဆစ်နားထိရောက်အောင်ခါးကိုကွေးချပါ။ထို့နည်းအတိုင်းဘယ်ညာပြောင်းပြီး တစ်ဖက်ကို အကြိမ် (၃၀) လေးကြော့ပြုလုပ်ပေးရပါမယ်။