ကွီးတို့ မနတ်ခင်းအိပ်ယာထပြီဆိုတာနဲ့ ဘာတွေအရင်ဆုံးလုပ်ဖြစ်လဲ။ plan ချထားတာတွေဘာတွေကော ရှိရဲ့လာ။ ဒါမှမဟုတ် စိတ်ထဲပေါ်လာတာကိုပဲ လုပ်လိုက်တာလာ။ ဒါဆိုရင် မနတ်ခင်းပြီးသွားတာနဲ့ ဘာတွေပြီးမြောက်သွားလဲဆိုတာကော မေးဖူးလား။ ကွီးတို့ရဲ့ မနတ်ခင်းကို ပြီးပြည့်စုံတယ်လို့ကော ခံစားဖူးကြရဲ့လား။
အခု kwee ရဲ့ဆောင်းပါးလေးကို ဖက်ပြီးတာနဲ့ ပြီးပြည့်စုံတဲ့ မနတ်ခင်းလေးပိုင်ဆိုင်နိူင်ဖို့ plan လေးဆွဲပြီး နေ့စဉ်လုပ်ကြည့်ပေးပါ။
မနတ် (၅) နာရီအိပ်ယာထပါ
Source: Business Insider
မနတ် (၅) နာရီအိပ်ယာထရတာ တော်တော်ခတ်ခဲပါတယ်။ ဒါပေမယ့် အကျင့်လုပ်လိုက်ရင် လွယ်သွားပါလိမ့်မယ်။ မနတ်ခင်းအိပ်ယာထချိန်မှာ ကောင်းကောင်းအနားယူထားသလိုခံစားနေရပါမယ်။ နေ့သစ်အတွက် အားအင်တွေအပြည့်ဖြစ်နေသလို ခံစားနေရပါမယ်။
ပထမဆုံးအနေနဲ့ကတော့ အိပ်ယာဝင်ချိန် ပုံသေသက်မှတ်ထားဖို့လိုအပ်ပါတယ်။ အိပ်ယာဝင်နောက်ကျပြီး (၄) သို့ (၅) နာရီပဲ အိပ်ရတယ်ဆိုရင် မနတ်ခင်းနိုးလာတာနဲ့ ပင်ပန်းနေသလို ခံစားရပါလိမ့်မယ်။ ညတိုင်း အိပ်ချိန် (၇) ကနေ (၈) နာရီအထိ ရှိဖို့လိုအပ်ပါတယ်။
မိမိအတွက် အချိန်ပေးပါ
Source: US News Health
မနတ် (၅) နာရီဆိုတာ လူတွေအိပ်နေကြဆဲပါ။ ဒီအချိန်မှာ အလုပ်က ဖုန်းခေါ်တာလည်းမရှိသလို၊ ကလေးတွေဆူညံသံ၊ ဘယ်လိုအနှောက်အယှက်မှ မရှိတဲ့အချိန်ပါ။ ဒီအချိန်က ကိုယ်လုပ်ချင်တာ လုပ်ရဖို့ တန်းဖိုးအရှိဆုံးအချိန်ပါပဲ။
လေ့ကျင့်ခန်းလုပ်ပေးပါ။ Gym မဖွင့်သေးဘူးဆိုရင် မနတ်ခင်း အပြေးလေ့ကျင့်ခန်းလေးလုပ်ပေးလို့ရပါတယ်။ မနတ်ခင်း ချွေးထွက်လေ့ကျင့်ခန်းလုပ်ပြီး ရေးချိုးရတဲ့ အရသာဟာ တကယ်ခံစားလို့ကောင်းပါတယ်။
စာဖတ်ပါ၊တရားထိုင်ပါ
Source: Pinterest
မနတ်ခင်း plan ထဲမှာ စာဖတ်ဖို့နဲ့ တရားထိုင်ဖို့ ထည့်သွင်းထားရင်ပိုကောင်းပါတယ်။ မနတ်ခင်း အားကစားလုပ်ပြီး ရေချိုးပြီတာနဲ့ စိတ်ဟာလန်းဆန်းတတ်ကြွနေပါလိမ့်မယ်။ ဒီအချိန်ဟာ သတင်းအချတ်အလတ်တွေ ဦးနှောက်ထဲထည့်သွင်းဖို့အကောင်းဆုံးအချိန်ဖြစ်တာကြောင့် စာဖက်ပေးဖို့လိုအပ်ပါတယ်။ စာဖတ်တာအပြင် ဘာသာစကား အသစ်သင်ယူတာတွေ ပြုလုပ်နိူင်ပါတယ်။
ပြီးတော့ မနတ်ခင်းအိပ်ယာထပြီးချိန်မှာ (၁၀) မိနစ်ခန့် တရားထိုင်ပေးတာဟာ စိတ်ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ အလေ့အကျင့်တခုလည်းဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ စိုးရိမ်ပူပန်မူတွေ၊ စိတ်ဖိစီးမူတွေကို လျှော့ကျစေပါတယ်။ ပြီးတော့ အာရုံစူးစိုက်မူ အားကိုလည်း တိုးမြှင့်စေတာကြောင့် မနတ်ခင်း plan မှာ တရားထိုင်ဖို့လည်း ထည့်သွင်းထားပေးပါ။
လူတွေရဲ့နေ့စဉ်ဘဝဟာ ဆူညံသံတွေနဲ့ ဖြတ်သန်းနေရတာပါ။ ဆိုရှယ်မီဒီယာတွေက မိမိဦးစားပေးလုပ်ဆောင်ရမယ့် အလုပ်တွေကို နှောက်ယှက်တတ်ပါတယ်။ ပြီးတော့ ရုံးအလုပ်ကိုလည်း ရုံးမှာပဲ ချန်ထားခဲ့ပါ။ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ဖုန်းကိုပဲ မကြည့်ပါနဲ့။ မိသားစုနဲ့အချိန်ဖြုန်းပေးပါ။ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိတဲ့ အရာတွေအတွက် အသုံးချနိူင်အောင် လေ့ကျင့်သင်ယူပါ။ သင့်ဘဝဟာ တန်ဖိုးရှိလာပါလိမ့်မယ်။