လူတစ်ကိုယ် အကြိုက်တစ်မျိုးစီရှိတဲ့အတွက်ကြောင့် ဝါသနာတွေလည်း တစ်ယောက်နဲ့တစ်ယောက်တူကြမှာမဟုတ်ပါဘူး။ တစ်ချို့ကလည်း သီချင်းနားထောင်ရတာ ဝါသနာပါကြပြီး၊ တစ်ချို့ကလည်း စာဖတ်ရတာ ရုပ်ရှင်ကြည့်ရတာ ဝါသနာပါကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သီချင်းနားထောင်ရတာ ဝါသနာပါတဲ့ သီချင်းချစ်သူတွေအတွက် ခံစားရရှိနိုင်မယ့် အကျိုးသက်ရောက်မှုလေးတွေကို ပြောပြပေးချင်ပါတယ်။

နာကျင်မှုနဲ့ စိတ်လှုပ်ရှားမှုကို သက်သာစေတယ်

Source: Easyhealthoptions.com

UK နိုင်ငံက Brunel တက္ကသိုလ်ရဲ့ လူနာ ၇၀၀၀ ကျော်ကို လေ့လာစမ်းသပ်ချက်အရ သီချင်းနားထောင်ခြင်းက ခွဲစိတ်ကုသခါနီးမှု စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်းဝေဒနာကို သက်သာစေပြီး ခွဲစိတ်ပြီးတဲ့နောက်မှာလည်း နာကျင်မှုဝေဒနာကို သက်သာစေတယ်ဆိုပြီး တွေ့ရှိခဲ့ရပါတယ်။ သင်က ဆေးရုံတက်နေရတဲ့လူနာမဟုတ်ရင်တော့ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်လှုပ်ရှားတဲ့အခါ၊ ဥပမာ အင်တာဗျူးဖြေခါနီး၊ Presentation လုပ်ခါနီးတိုင်း စိတ်လှုပ်ရှားတတ်တယ်ဆိုရင် နားကြပ်လေးတပ်ပြီး သီချင်းနားထောင်လိုက်ပါ။

စိတ်ဖိစီးမှုများကို တိုက်ထုတ်ပေးခြင်း

Source: Musicoomph.com

စိတ်ဖိစီးမှုက လူတိုင်း တွေ့ကြုံနေရတဲ့အရာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ စိတ်ဖိစီးမှုဒဏ်ကို ခံစားရချိန်မှာ သီချင်းနားထောင်ပေးလိုက်မယ်ဆိုရင် စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းများ လျော့ကျသွားမှာပဲဖြစ်ပါတယ်။

မှတ်ဥာဏ်စွမ်းအားကို ကောင်းမွန်စေခြင်း

Source: Collective-evolution.com

သီချင်းနားထောင်ခြင်းက သင့်ရဲ့အာရုံကြောစနစ်ကိုကောင်းမွန်စေပြီး မကြာခဏမေ့တတ်တဲ့ဖြစ်ရပ်တွေကိုလည်း မကြုံတွေ့ရအောင် ကူညီပေးနိုင်ပါတယ်။

စိတ်ခံစားချက်ကို ကောင်းမွန်စေခြင်း

ကိုယ့်ချစ်သူ၊ သူငယ်ချင်း၊ ညီအစ်ကို မောင်နှမ တစ်စုံတစ်ယောက်နဲ့ စကားများရန်ဖြစ်လို့ ဒေါသထွက်တဲ့အခါ၊ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းသွားတဲ့အခါမျိုးတွေမှာ နားကြပ်လေးတပ်ပြီးသာ သီချင်းနားထောင်လိုက်ပါ။ စိတ်ညစ်တာတွေ ပျောက်သွားပြီး စိတ်ခံစားချက်တွေ ပြန်လည်ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။

ဝိတ်လျော့ဖို့ ဆုံးဖြတ်နေပါသလား။ သီချင်းအေးအေးလေးဖွင့်ပြီး အစားစားပါ။

Source: Videoblocks.com

သီချင်းအေးအေးလေးတွေ ဖွင့်ထားပြီး အစားစားမယ်ဆိုရင် အစားစားချင်စိတ်ကို ၁၈ ရာခိုင်နှုန်းခန့်လျော့ချပေးနိုင်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းကို မြင့်မားစေတယ်။

Source: rd.com

အာရုံတွေများနေပြီး အလုပ်လုပ်ရတာ စိတ်မပါဖြစ်နေပါသလား။ ဒါဆိုရင်တော့ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်လိုက်ပါ။ သီချင်းစာသားတွေမပါဘဲ တီးလုံးသီးသန့် သီချင်းလေးတွေက ပိုပြီး အထောက်အကူဖြစ်စေမှာပါ။

သင့်ရဲ့ အလုပ်တွေကို မြန်မြန်ပြီးမြောက်အောင် ကူညီပေးခြင်း

Source: rd.com

အသည်းကွဲသီချင်းတွေ၊ ဖီးလ်ရတဲ့သီချင်းတွေမဟုတ်ဘဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ သီချင်းအေးလေးတွေ၊ မြူးမြူးကြွကြွသီချင်းလေးတွေ နားထောင်ရင်း အလုပ်လုပ်မယ်ဆိုရင် အလုပ်မြန်မြန်ပြီးမြောက်အောင် ကူညီပေးနိုင်ပါတယ်။