လူတိုင်းလူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါတော့အသည်းကွဲဖူးကြမယ်ထင်ပါတယ်။ အသည်းကွဲဝေဒနာဟာ ပထမဆုံးအကြိမ်နဖူးတွေ့ဒူးတွေကြုံရတဲ့အချိန်မှာ တကယ့်ကို အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာပါ ထိခိုက်မှုတွေရှိလာတဲ့အထိဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့်စာဖတ်သူအနေနဲ့ အသည်းကွဲဝေဒနာခံစားနေရတယ်ဆိုရင် ဒီလိုအခြေအနေကနေ ကိုယ့်ကိုယ်ကိုအကောင်းဆုံး ဘယ်လိုပြန်လည်ကုစားရမလဲဆိုတဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ငိုချင်ငိုရယ်ချင်ရယ်လိုက်ပါ

Sourc : Daily Dafty

အသည်းကွဲဝေဒနာခံစားနေရချိန်မှာ ခံစားချက်တွေကိုပိတ်လှောင်ဖုံးကွယ်မထားသင့်ပါဘူး။ ခံစားချက်တွေကိုပိတ်လှောင်ထားပြီး ပိုပြီးမွန်းကျပ်မှုတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ငိုချင်ရင်ငိုချလိုက်ပါ။ ရယ်ချင်ရင်ရယ်လိုက်ပါ။ အချိန်တန်ရင် သည်ခံစားနေရတဲ့ အရာအားလုံးကပြီးဆုံးသွားမှာဖြစ်တာကြောင့် ခံစားချက်တွေကိုလွတ်ချထားလိုက်ပါ။ ဒါဆိုသင်ခံစားနေရတဲ့ဝေဒနာတွေပေါ့ပါးသွားပါလိမ့်မယ်။

(၂) နောက်ကြောင်းပြန်မလှည့်ပါနဲ့

Sourc : Gabinete TeaR

နောက်ကြောင်းပြန်လှည့်တယ်ဆိုတာ သူမကိုမခွဲနိုင်ကြောင်း သွားပြောနေတာမျိုးမှ မဟုတ်ပါဘူး။ ပြီးဆုံးသွားတဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ဘာကိုမှနောက်ကြောင်းကိုပြန်လှည့်တာတွေ မလုပ်သင့်တာကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ ရည်းစားဟောင်းနဲ့ပတ်သတ်တဲ့အမှတ်တရတွေပြန်ကြည့်နေမိတာ လမ်းခွဲလိုက်တဲ့အပေါ်အမှားအမှန်ပြန်လည်သုံးသပ်နေတာ သူမရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကိုရှာကြည့်နေမိတာမျိုးတွေကို လုံးဝရှောင်သင့်ပါတယ်။

(၃) အာရုံလွဲလိုက်ပါ

Sourc : Play&Say

အရင်ဆုံးလုပ်ရမှာတစ်ခုက သင်ရဲ့အချစ်ရေးက အဆုံးသတ်သွားပြီဆိုတာကို လက်ခံလိုက်ပါ။ သူမကို လွမ်းတဲ့စိတ်တွေ ဖုန်းခေါ်လိုက်ချင်တဲ့စိတ်တွေ စကားသွားပြောချင်တဲ့စိတ်တွေ ဖြစ်လာတဲ့အချိန်မှာ တခြားသောအရာတွေနဲ့ သင့်ရဲ့စိတ်တွေကိုအာရုံလွဲထားလိုက်ပါ။ သူငယ်ချင်းတွေနဲ့အချိန်များများကုန်ဆုံးတာမျိုး ဝါသနာပါတဲ့အရာလေးတွေလုပ်ဆောင်တာမျိုးစတဲ့အချက်တွေနဲ့ သင့်ကိုယ်သင်အာရုံလွဲလိုက်ရင် အသည်းကွဲဝေဒနာခံစားရခြင်းမှ သက်သာပါလိမ့်မယ်။

(၄) စိတ်ရောကိုယ်ပါပြန်လည်တည်ဆောက်ပါ

Sourc : Men’s Journal

အသည်းကွဲခြင်းရဲ့နောက်ကွယ်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှုတွေဖြစ်လာတက်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ခန္ဓာကိုယ်ကိုကောင်းစွာဂရုစိုက်ဖို့လိုအပ်ပြီး ကိုယ့်ရဲ့စိတ်ရောခန္ဓာကိုယ်ကိုပါ ကျန်းမာအောင်ပြန်လည်တည်ဆောက်သင့်ပါတယ်။ အစားပုံမှန်စားမယ် အာဟာရရှိတာတွေစားမယ် လေ့ကျင့်ခန်းတွေလုပ်မယ် လုံလုံလောက်လောက်အိပ်စက်အနားယူမယ်စတဲ့အရာတွေလုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုကျန်းမာတဲ့လူတစ်ယောက်အဖြစ်ပြန်လည်တည်ဆောက်သင့်ပါတယ်။