လူသားတိုင်းသည် ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ သို့သော် လူတိုင်းကတော့ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပါဘူး။ စိတ်ဓာတ်ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ရန်အတွက် အရည်အချင်းအများကြီးလိုအပ်ပါတယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်သည် မိမိတို့ရဲ့လူမှုအဖွဲ့အစည်း၊ လုပ်ငန်းခွင်၊ မိမိတို့ရဲ့နိုင်ငံအတွက် အပြောင်းအလဲအများကြီး ဖြစ်စေနိုင်ပါတယ်။ လက်အောက်ငယ်သားများ အားလုံးသည်လည်း တိုးတက်အောင်မြင်ဖို့ရန်အတွက် အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့လမ်းညွှန်ချက်တွေ အများကြီး လိုအပ်ပါတယ်။

သင့်အနေနဲ့ သင့်ရဲ့အသင်းအဖွဲ့အတွက်၊ လူမှုအဖွဲ့အစည်းအတွက်၊ လက်အောက်ငယ်သားများအတွက် အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များ သင့်ဆီမှာ ရှိရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ

ဂုဏ်သိက္ခာရှိခြင်း

leadership skill for men

Photo Source: Toppr.com

မိမိတာဝန်ယူထားရတဲ့ အလုပ်နဲ့ပဲဖြစ်ဖြစ်၊ မိမိရဲ့ခံယူချက်၊ မိမိရဲ့ပရော်ဖက်ရှင်နယ်အလုပ်အကိုင်နဲ့ ပတ်သက်၍ ဂုဏ်သိက္ခာရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဂုဏ်သိက္ခာရှိခြင်းသည် သင့် တစ်ဦးတစ်ယောက်တည်းအတွက်သာမက အသင်းအဖွဲ့အတွက်လည်း အင်မတန်အရေးကြီးပါတယ်။

ဆက်ဆံရေး ကောင်းမွန်ခြင်း

leadership skill for men

မိမိရဲ့အထက်လူကြီးများရဲ့အကောင်းမြင်ခံရဖို့အတွက်ပဲ ကြိုးစားတဲ့သူ၊ တစ်နည်းဆိုရသော် အထက်လူကြီးများကိုသာ ဖားပြီး လက်အောက်ငယ်သားများကိုတော့ ဖိနှိပ်ကာ ဆက်ဆံတတ်တဲ့သူသည် ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်တာတော့ သေချာပါတယ်။ ခေါင်းဆောင်ကောင်းတို့မည်သည် လက်အောက်ငယ်သားများနှင့်လည်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။

မိမိရဲ့လိုအပ်ချက်များကို သတိထားမိခြင်း

leadership skill for men

သူတစ်ပါးရဲ့အားနည်းချက်တွေကိုပဲ မျက်လုံးထောင့်ထောက် ကြည့်နေတာမျိုးမဟုတ်ဘဲ မိမိရဲ့အားနည်းချက်၊ လိုအပ်ချက်တွေကိုလည်း သိမြင်တတ်ဖို့ လိုပါတယ်။ ကိုယ့်အသင်းအဖွဲ့ထဲရှိ လုပ်ဖော်ကိုင်ဖက်များရဲ့အားနည်းချက်ကို ဘယ်လိုဖြည့်ဆည်းပြီး ရလာဒ်ကောင်းထွက်လာအောင် ကြိုးစားတတ်ခြင်းသည် ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းပဲဖြစ်ပါတယ်။

လေးစားမှု ရှိခြင်း

leadership skill for men

သူကတော့ ကိုယ့်ထက် ရာထူးနိမ့်လို့ နှိမ့်ချပြီး ဆက်ဆံလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး (လုံးဝ) မရှိကြပါဘူး။ ခေါင်းဆောင်ကောင်းတစ်ယောက်သည် အောက်ခြေကနေ တဆင့်ချင်းဖြင့် ရာထူးအမြင့်ဆီသို့ တက်လှမ်းလာတဲ့သူဖြစ်တဲ့အလျောက် ကိုယ်ချင်းစာစိတ်လည်း အပြည့်အဝရှိပါတယ်။ လူကို လူလို မြင်တတ်တဲ့စိတ်၊ လူသားချင်းစာနာတတ်တဲ့စိတ် အပြည့်ရှိပြီး အချင်းချင်း လေးစားသမှုလည်း ထားကြပါတယ်။

သင်ယူလွယ် တတ်မြောက်လွယ်ခြင်း

leadership skill for men

ခေါင်းဆောင်ကောင်းဆိုသည်မှာ အလုံးစုံသိမြင်သော ဘုရား မဟုတ်တဲ့အတွက်ကြောင့် သူ့မှာလည်း သူ မသိတဲ့အရာတွေ အများအပြား ရှိပါတယ်။ သို့ပေမယ့် သူသည် မသိတဲ့အရာကို ဒီအတိုင်းမထားဘဲ သင်ယူလိုစိတ် အပြည့်ရှိပြီး မိမိ တတ်မြောက်ထားတဲ့အရာကိုလည်း အခြားသူများထံ ဝေမျှဖို့ ဝန်မလေးတတ်ကြပါဘူး။

သင့်မှာ ယခုဖော်ပြသွားတဲ့အချက်များ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင့် ကိုယ်သင် ဂုဏ်ယူလိုက်ပါ။ သင်သည် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Source: Ccl.org