မနက်စာကို ရှင်ဘုရင်လို စား၊ နေ့လည်စာကို ကုန်သည်တွေလိုစား၊ ညစာကို သူဖုန်းစားလိုစား ဆိုတဲ့ စကားလေးသင်ကြားဖူးမှာပါ။ မနက်စာ ဟာလူတစ်ယောက်ရဲ့တစ်နေတာလုံး လိုပါတဲ့ စွမ်းအင်တွေကို ဖြည့်ဆည်းပေးရာမှာ အလွန်အရေးပါပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူအများစုက မနက်စာကို မစားပဲနေတာများပါတယ်။ တစ်ချို့တွေကြတော့ ကော်ဖီမုန့်လောက်နဲ့ ပြီးကြတာတွေလည်းရှိပါတယ်။ ဒါဟာ လွဲမှားနေတဲ့ အမူအကျင့်လို့ ပြောလို့ရပါတယ်။ ဒါဆိုရင် မနက်စာမစားရင် ဘာတွေ ဆိုးကျိုးခံစားရနိုင်မလဲ။

မနက်စာမစားပဲနေတာဟာ ကြွက်သားတို့ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ သွေးတွင်းသကြားဓာတ်လည်း နည်းစေပါတယ်။ ပြီးတော့ မနက်စာမစားတာကြောင့် နေခင်းဘက်မှာ ဗိုက်ပိုဆာလာပြီး လိုအပ်တာထက် ပိုစားမိတတ်ကြပါတယ်။ ဒီလိုဆက်တိုက်စားဖြစ်နေရင် ကိုယ်အလေးချိန် တတ်လာတတ်ပါတယ်။

Source: Men’s Health

မနက်စာမစားလို့ သင့်ကိုယ်အလေးချိန် ကျသွားမှာ မဟုတ်ပါဘူးလေ့လာချက်တွေအရ မနက်စာ စားတဲ့သူတွေဟာ မစားတဲ့သူတွေထက်ပိုပိန်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားတဲ့ မနက်စာထဲပါတဲ့ ပရိုတိန်နဲ့ အမျှင်ဓာတ်တွေက သင့်ကို တစ်နေ့လုံး ဆာလောင်ခြင်း ကင်းစေမှာဖြစ်ပါတယ်။ ဒါကြောင့်မနက်စာလေး အလွတ်ခံလိုက်ရင် ငါတော့ပိန်သွားမှာပဲဆိုတဲ့ အတွေးဟာ မှားနေပါတယ်။

မနက်စာ အလွတ်ခံလိုက်မယ်ဆိုရင် ကိုယ်တွင်းဖိစီးမှုတွေတက်လာပြီး ဟော်မုန်းတွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။ ဒီလိုနဲ့ နှလုံးက ကြွက်သားတွေလည်း အလုပ်ပိုလုပ်ရလို့ မနက်စာ မစားတဲ့သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။

Source: Medium

မနက်စာ မစားဘဲနေတာ ကြာလာတော့ ကိုယ်တွင်း သကြားဓာတ်တွေလည်း ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက် ကိုယ်အများကြီးစားလိုက်တဲ့အခါ ဝင်လာတဲ့ သကြားဓာတ် အလုံးအရင်းကို အင်ဆူလင်က မထိန်းနိုင်တော့တဲ့အချိန်မှာ ဆီးချို ဖြစ်နိုင်ခြေ ရာခိုင်နှုန်းပိုများလာပါတယ်။

အိပ်ပြီးပြန်ထလာတဲ့အချိန်ဆို ပထမဆုံး အလုပ်လုပ်ရတာ ဦးနှောက်ပါပဲ။ သူအလုပ်တွေ အများကြီးလုပ်နိုင်ဖို့အတွက် သွေးတွင်းသကြားတွေ အလုံအလောက်ရှိနေမှ ရမှာပါ။ ဒါကို ကိုယ်က မနက်စာ မစားဘဲနေလိုက်တဲ့အခါ သွေးတွင်းသကြားဓာတ်တွေ ကမောက်ကမဖြစ်ပြီး ဦးနှောက်အတွက် လိုအပ်တဲ့အာဟာရတွေ မရနိုင်တော့လို့ မနက်စာ မစားတာကြာလာရင် သင့်ဦးနှောက် မှတ်ဉာဏ်ပိုင်းမှာရော၊ အာရုံစူးစိုက်မှု အပိုင်းမှာရော ကျဆင်းလာမှာပါ။ မနက်စာ မစားထားတော့ ဗိုက်ထဲလည်း ဟာတာတာဖြစ်နေပြီး အချိန်ရှိတိုင်း ဗိုက်ဆာသလိုဖြစ်နေတော့မှာပါ။

Source: United Dairy Industry

မနက်စားမစားတဲ့လူတွေမှာ cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်း တစ်မျိုး ပိုထွက်ပါတယ်။ ဒီလိုနဲ့ မနက်စာ မစားလေလေ cortisol ပိုထွက်လေလေဖြစ်ပြီး စိတ်ဖိစီးမှုလည်း များလေလေပါပဲ။