Hair Salon ဆိုတာ အမျိုးသမီးတွေပဲ အသွားများတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ယောင်္ကျားလေးတွေကတော့ တစ်လမှ တစ်ခါတောင် ရောက်ခဲတဲ့ ကိစ္စပါ။ ပုံမှန်အားဖြင့် ဆံပင်နဲ့ ပတ်သက်ရင် အမျိုးသားတွေဟာ ဆံပင်ညှပ်ဆိုင်လောက်နဲ့ ကိစ္စပြီးတာ များပါတယ်။
ယောင်္ကျားနဲ့ မိန်းမဆိုတာ ဆံပင်ထားပုံချင်းလည်း မတူသလို နေပုံထိုင်ပုံ Lifestyle ချင်းလည်း ကွာခြားပါတယ်။ ဒါပေမယ့် Hair Salon ကို အမျိုးသားတွေလည်း သွားသင့်တဲ့ အကြောင်းတွေ ရှိပါတယ်။
(၁) ဆံပင်ကျန်းမာရေး ကောင်းတယ်
Photo: royalfashionist
ဆံပင်ညှပ်ဆိုင်နဲ့ မတူတာက Hair Salons တွေဟာ ဆံပင်ညှပ်ပေးရုံတင်မဟုတ်ဘဲ ဆံပင်အမျိုးအစားအလိုက် သင့်တော်တဲ့ Hair Products တွေ ညွှန်းပေးသလို ဆံပင်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြေရှင်းပေးပါတယ်။ Hair Salon မှာ အလုပ်လုပ်သူတွေဟာ ဆံပင်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပြီး ဆံပင်နူးညံ့ပျော့ပြောင်းအောင် တောက်ပစိုပြေအောင်ပါ အကြံပြုချက်တွေ ပေးနိုင်ပါတယ်။
(၂) ဆံပင်ပုံစံ ပိုကောင်းလာစေမယ်
Photo: uplandhairsuite
အမျိုးသားတွေက ဆံပင်ဆို အတိုထားတာ များပါတယ်။ ဆံပင်ဒီဇိုင်းကိုလည်း ထားနေကျအတိုင်းပဲ မပြောင်းဘဲ ထားနေကျ ဖြစ်တတ်ပါတယ်။ Hair Salon သွားမယ်ဆိုရင် သင့်ရဲ့ ဆံပင်ပုံစံဒီဇိုင်းသစ်တွေအကြောင်း အခမဲ့အကြံပေးပါလိမ့်မယ်။ တစ်ခါမှ သင်ကိုယ်တိုင် မစဉ်းစားဖူးတဲ့ Hairstyle သစ် ထားဖို့ပါ အိုင်ဒီယာတွေ ထွက်လာပါလိမ့်မယ်။
(၃) အမိုက်စား ဆံပင်ဆေးလည်း ဆိုးဖြစ်တယ်
Photo: hairsalonnycity
Hair Colouring မလုပ်ဖူးရင်လည်း Hair Salon မှာ စမ်းကြည့်သင့်ပါတယ်။ ဆံပင်အရောင်တင်ခြင်းဟာ ဆံပင်အုံထူထဲစေပြီး သန်စွမ်းစေသလို ဆံပင်အစိုပါ ထိန်းပေးနိုင်ပါတယ်။ အရည်အသွေးမြင့်တဲ့ Hair Colouring Products တွေ သုံးဖို့တော့ လိုပါတယ်။ ဒီထုတ်ကုန်တွေက နေပူလွန်ကဲခြင်းနဲ့ အပြင်ဘက်က ဖုန်မှုန့်အညစ်အကြေးတွေကနေ ဆံပင်ကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင်လည်း Hair Salon သွားခြင်းဟာ ဆံပင်အပြင် အသားအရေနဲ့ လက်သည်းခြေသည်းတွေပါ Care လုပ်လို့ ရပါတယ်။ Hair Salon တွေဟာ ဆံပင် ၊ အသားအရေနဲ့ ခြေသည်းလက်သည်းတွေ ထိန်းသိမ်းမှု လုပ်ပေးနိုင်သလို ကိုယ်ရောစိတ်ပါ အပန်းပြေဖြေလျှော့ပေးနိုင်တာကြောင့် တစ်လတစ်ခါ သွားသင့်ပါတယ်။