ဆားဝက်ခြံဆိုတာ မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ အများအားဖြင့် မျက်နှာမှာအဖြစ်များပြီးတော့ သူလည်း ဝက်ခြံအမျိုးအစားတစ်မျိုးပါပဲ။ ဆားဝက်ခြံက အမျိုးသားရော အမျိုးသမီးတွေမှာပါဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီးတော့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ မျက်နှာပြင်ပေါ်မှာတော့ ဆားဝက်ခြံက အဖြစ်အများဆုံးပါပဲ။ နဖူးနဲ့ နဖူးတဝိုက်မှာပိုအဖြစ်များပါတယ်။

ဒီနေ့တော့ kwee page ကနေ ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

တော်တော်များများကတော့ ဆားဝက်ခြံကို မညှစ်ထုတ်ရဘူးဆိုတဲ့အချက်ကို လက်သင့်ခံထားကြပါတယ်။ ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်တာကြောင့်ပါ။ ဆားဝက်ခြံတွေကို ညှစ်ထုတ်လိုက်လို့ အနာထဲကိုဘက်တီးရီးယားတွေဝင်သွားမယ်ဆိုရင် မျက်နှာမှာ အမာရွတ်တွေဖြစ်ကျန်ခဲ့နိုင်ပါတယ်။

ဆားဝက်ညှစ်ထုတ်တဲ့ ကိရိယာကိုအသုံးပြုနိုင်ပါတယ်

Source: UFLawless

ဆားဝက်ခြံညှစ်တဲ့ကိရိယာက သတ္တုနဲ့လုပ်ထားပြီး အစွန်းတစ်ဖက်မှာ  ဆားဝက်ခြံကို ညှစ်ထုတ်လို့ရတဲ့ အပေါက်သေးသေးလေးပါတတ်ပါတယ်။ ဆားဝက်ခြံကိုမညှစ်ထုတ်ခင်မှာ ဆားဝက်ခြံညှစ်ထုတ်ဖို့အသုံးပြုမယ့် ကိရိယာကို အရက်ပြန်နဲ့သေချာ ပိုးသတ်ပေးဖို့လိုအပ်ပါတယ်။ လက်ချောင်းတွေကို အသုံးမပြုတာကြောင့် ပိုးဝင်နိုင်ခြေ နည်းသွားပါလိမ့်မယ်။

ဆားဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့ ကပ်ခွာအသုံးပြုနိုင်ပါတယ်

Source: Beauty & Health tips

ဆားဝက်ခြံ ကပ်ခွာကို ဆားဝက်ခြံဖြစ်တဲ့နေရာတွေမှာ မိနစ်အနည်းငယ်လောက်ကပ်ထားပေးပြီး ပြန်ခွာလိုက်ပါ ဆားဝက်ခြံတွေရော ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့အရာတွေပါ ပါသွားပါလိမ့်မယ်။

ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပါ

Source: lifealth

ဆားဝက်ခြံတွေကို ဖယ်ရှားချင်နေတယ်ဆိုရင်တော့ မျက်နှာအလှအပဆိုင်ရာတတ်သိနားလည် သူတွေနဲ့တိုင်ပင်ပြီး ဖယ်ရှားတာက အကောင်းဆုံးပါ။ အလှပြင်ဆိုင်တွေမှာ လွယ်လင့်တကူ လုပ်လိုက်တာတွေက ပိုးဝင်တာမျိုးဖြစ်တတ်တာကြောင့် ဖြစ်နိုင်ရင်တော့ အလှအပဆိုင်ရာ ဆေးခန်းတွေမှာ ပြသကြည့်ဖို့အကြံပြုချင်ပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေကသာ ဆားဝက်ခြံ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဆေးတွေကို ညွှန်းပေးနိုင်မှာပါ။

မနက်ပိုင်းမှာတစ်ကြိမ် ညမအိပ်ခင်တစ်ကြိမ် အနည်းဆုံး (၂) ကြိမ်တော့ မျက်နှာကို သေသေချာချာသစ်ပေးပါ။ ပြီးရင်တော့ မျက်နှာမှာ ဆားဝက်ခြံဖြစ်တာသက်သာစေဖို့ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ မမေ့ပါနဲ့။ မျက်နှာပေါ်မှာ အဆီများရင်ဆားဝက်ခြံပိုဖြစ်နိုင်တာကြောင့် ဖြစ်နိုင်ရင်ရေကိုအခြေခံပြီးထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ကိုပဲ အသုံးပြုပေးပါ။