ယောကျာ်းလေးအများစု ဝီစကီသောက်တဲ့အခါ ပုံမှန်အတိုင်း ရေခဲထည့်မယ် ရေ (သို့မဟုတ်) အချိုရည်တစ်မျိုးမျိုးရောမယ် ပြီးရင်တော့ မော့လိုက်ကြတာပါပဲ။ ဝီစကီကို အရသာရှိရှိ ဇိမ်ခံသောက်ချင်သူတွေအတွက်တော့ ဒီနည်းလမ်းကဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။

ဒီနေ့မှာတော့ ဝီစကီတစ်ခွက်ရဲ့ အနံ့ အရသာကို သေချာခံစားပြီး ဇိမ်ကျကျသောက်ချင်သူတွေအတွက် ဝီစကီသောက်နည်းအဆင့်ဆင့်ကို ပြောပြပေး ချင်ပါတယ်။

Source : Man of Many

အဆင့် (၁) – ဖန်ခွက်အလွတ်တစ်လုံးထဲကို ဝီစကီလက် ၂ ဆစ်ခန့်ထည့်ပါ။

အဆင့် (၂) – ဝီစကီထည့်ထားတဲ့ ဖန်ခွက်ထည့်ကို ရေခဲတစ်တုံးခန့်ထည့်ပြီး ခွက်ကို လက်နဲ့ကိုင်ကာ စက်ဝိုင်းပုံသဏ္ဍန် ဖြည်းဖြည်းခြင်း လှုပ်ပေးပါ။

အဆင့် (၃) – အဲ့ဒီနောက်မှာတော့ ဖန်ခွက်ရဲ့ နှုတ်ခမ်းဝလေးကို နှာခေါင်းဖြင့် အသာယာတေ့ပြီး ဝီစကီရဲ့ စစ်မှန်တဲ့ အနံ့စစ်စစ်ကို ညင်သာစွာ ရှုရှိုက်ကြည့်ပါ။ အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်ခန့်ရှုပြီး ဝီစကီအနံ့ကို ခံစားလိုက်ပါ။

Source : Organic Facts

အဆင့် (၄) – ဝီစကီအနံ့ကို ခံစားပြီးရင်တော့ သင်နှစ်သက်ရာ ရေ (သို့မဟုတ်) အချိုရည် Mixer တစ်မျိုးမျိုးရောလို့ရပါပြီ။ Mixer ကိုလည်း အရမ်းမများပါစေနဲ့ ဝီစကီနဲ့ ဆတူလောက်ပဲ ရောပေးပါ။

အဆင့် (၅) ဒီအဆင့်ကတော့ အားလုံးစောင့်မျှော်နေတဲ့ သောက်ရမယ့်အဆင့်ရောက်ပါပြီ။ ဒါပေမယ့် သောက်နေကြအတိုင်း မော့မချလိုက်ပါနဲ့။ ဝီစကီအနည်းငယ်ကိုမော့ပြီး လျာဖျားလေးကနေတစ်ဆင့် စစ်မှန်တဲ့ ဝီစကီအရသာကို ခံစားကြည့်ပြီးမှ မြိုချပါ။

Source : Business Insider

အထက်ပါ အဆင့် (၅) ဆင့်ကတော့ ဝီစကီတစ်ခွက်ကို ဇိမ်ခံပြီး အရသာရှိရှိသောက်ချင်သူတွေအတွက် မှန်ကန်တဲ့ဝီစကီသောက်နည်းအဆင့်ဆင့် နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ဝီစကီကို ဇိမ်ခံသောက်ချင်ရင်တော့ ကြာချိန်ကို မကြည့်ပါနဲ့။

ဖြစ်နိုင်ရင် ဝီစကီတစ်ခွက်ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိအချိန်ပေးပြီး သောက်သုံးသင့်ပါတယ်။ အမြည်းအနေနဲ့လည်း အကြော်တွေ အကင်တွေထက်စာရင် ချိစ်နဲ့ သစ်သီးတွေ စားသုံးခြင်းဟာ ခံတွင်းရှင်းစေပြီး ဝီစကီရဲ့အရသာအစစ်အမှန်ကို ပိုမိုခံစားစေနိုင်မှာဖြစ်ပါတယ်။