ကျေးလက်ဖက်ရှင်စတိုင်ဆိုရင် သက်တောင့်သက်သာရှိပြီး အကြမ်းပတမ်းခံတဲ့ ဝတ်စုံတွေလို့ မြင်ကြမှာပါ။ ဒါကို Country Style ဒါမှမဟုတ် Rustic Style လို့လည်း ခေါ်ကြပါတယ်။ ယောင်္ကျားဆန်တဲ့ Rustic Style ဖက်ရှင်ဝတ်မယ်ဆိုရင် Lumberjack တီရှပ် ၊ ကုတ်အရှည်နဲ့ Denim ချည်တွေ မပါလို့ မဖြစ်ပါဘူး။
Photo: stylesmen
Rustic စတိုင်ဝတ်မယ်ဆိုရင် နေရာတော့ ရွေးပါတယ်။ နယ်မြို့တွေမှာ နေတဲ့သူတွေဆို အလိုက်ဖက်ဆုံးပါ။ ဆောင်းရာသီ နှင်းတွေနဲ့ အေးနေတဲ့ နယ်မြို့မှာ နေထိုင်သူတွေအတွက် Rusitc Style ဝတ်တာ ကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ နေရာမျိုးနဲ့ Informal အသိုင်းအဝိုင်း ပတ်ဝန်းကျင်မျိုးမှာ ဝတ်ဖို့ အကြံပေးချင်ပါတယ်။
ဒီဖက်ရှင်ရဲ့ အနှစ်ကိုက ကောင်းဘွိုင်ဆန်ဆန် အကြမ်းပတမ်း ဝတ်လို့ ရတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ မြို့ကြီးပြကြီးမှာတော့ ဝတ်ဖို့ သိပ်နေရာမကျလှပါဘူး။ ဒီဖက်ရှင်ကို စွဲစွဲလန်းလန်း ဝတ်တတ်တဲ့သူတွေထဲမှာ နာမည်ကျော်တွေလည်း ပါပါတယ်။ ဥပမာ- X-Men မင်းသား ဟုခ်ဂျက်မန်း ၊ ဂျွန်နီဒက်ပ်နဲ့ ရိုင်ယန်ဂေါ့စလန်းတို့ပေါ့။
Rustic Style မှာ Vintage အထည်တွေ ၊ ဂျင်းဘောင်းဘီဒူးပြဲ ၊ Boot အရှည်နဲ့ ဖလန်နယ်ရှပ်/Lumberjack Shirts တို့ ပါပါတယ်။ ဆောင်းတွင်းမှာ ဝတ်မယ်ဆိုရင် Coat အကြီးတစ်ထည်ပါ ထည့်ရမှာပါ။ Lumberjack Shirts ဟာ Jeans ဖက်ရှင် ၊ Boots တွေနဲ့ တွဲဝတ်ဖို့ ကောင်းပါတယ်။
Photo: Dmarge
Coat အထူ မဝတ်ချင်ရင် Jackets ဝတ်နိုင်ပါတယ်။ ဒီဖက်ရှင်မျိုးက ဘာနဲ့တွဲဝတ်ပြီး ဘာကိုရှောင်ရမယ်လို့ ပြောစရာ သိပ်မရှိပါဘူး။ ယောင်္ကျားဆန်တဲ့ ကာလာမျိုးတော့ ရွေးဖို့ လိုပါတယ်။ အနောက်နိုင်ငံတွေမှာ Rustic Style ဝတ်တဲ့အမျိုးသားတွေ ကြည့်လိုက်ရင် ကောင်းဘွိုင်ရုပ်ရှင်တွေထဲကလို နှုတ်ခမ်းမွေးနဲ့ ခန့်ခန့်ကြီးတွေ များပါတယ်။
ဒီဖက်ရှင်ဟာ ချောဖို့ ကြည့်ကောင်းဖို့ထက် သဘာဝကျပြီး ယောင်္ကျားပီသမှုကို ပြဖို့ ဝတ်တဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ Hiking လို တောခရီးစွန့်စားခန်းတွေ သွားရတော့မယ်ဆိုရင်တော့ သင့်ကျောပိုးအိတ်ထဲမှာ Rustic Fashion တစ်စုံလောက်တော့ ထည့်သွားဖို့ အကြံပြုချင်ပါတယ်။