ကျရှုံးခြင်းသည် အောင်မြင်ခြင်းရဲ့အဓိကသော့ချက်ပဲဖြစ်ပါတယ်။ ကျရှုံးခြင်းကြောင့် အချိန်အခိုက်အတန့် ခဏမျှ ဝမ်းနည်းအားငယ်ခြင်း၊ မိမိကိုယ်ကို အားမလိုအားမရဖြစ်ကာ ဒေါသထွက်ခြင်းသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။
ကျရှုံးခြင်းကနေ သင်ခန်းစာပြန်ယူပြီး ပြန်လည်အောင်မြင်အောင် ကြိုးစားနိုင်ပါတယ်။
အားလုံး ပြီးပြည့်စုံစရာမလိုပါဘူး
Photo Source: Indianexpress.com
လူတိုင်းမှာ အားနည်းချက်တစ်ခုတစ်လေ ရှိတတ်ကြပါတယ်။ ပြီးပြည့်စုံတဲ့ လူသားဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးတဲ့အတွက်ကြောင့် အလုံးစုံ ပြီးပြည့်စုံဖို့ ကြိုးစားတဲ့အခါ သင် စိတ်ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြီးပြည့်စုံဖို့ ကြိုးစားခြင်းထက် အကောင်းဆုံးဖြစ်ဖို့သာ ကြိုးစားပါ။ သင့်ဘက်က အကောင်းဆုံး ကြိုးစားတဲ့အခါ ထိုကြိုးစားမှုနဲ့ ထိုက်တန်တဲ့ရလာဒ်ကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။
ကျရှုံးခြင်းသည် ဘာ့ကြောင့် ကောင်းတာလဲ
Photo Source: Cio.com
ကျရှုံးခြင်းသည် တကယ်တော့ ကောင်းတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ထိုလက္ခဏာသည် သင် ကြိုးစားနေကြောင်း ပြသတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ကြိုးစားမှုနည်းလမ်း အနည်းငယ် မှားယွင်းချွတ်ချော်သွားလို့ပဲဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပြန်လည်ကြိုးစားတဲ့အခါ တူညီတဲ့အမှားမျိုး ထပ်မကျူးလွန်မိအောင် အထူးဂရုပြုသင့်ပါတယ်။
သင် စိတ်ဓာတ်ခွန်အားရအောင် နာမည်ကြီးသော အောင်မြင်သူတွေနဲ့ နှိုင်းယှဉ်ပြရမယ်ဆိုရင်တော့
Photo Source: Nbcnews.com
ဟယ်ရီပေါ်တာဝတ္ထုကို ရေးသားတဲ့ ကမ္ဘာကျော်စာရေးဆရာမ J.K. Rowling သည်လည်း ကျရှုံးမှုများကြောင့် ပြန်လည်အောင်မြင်လာရခြင်းဖြစ်ပါတယ်။ ကောလိပ်ကနေ ဘွဲ့ရပြီးတဲ့နောက်မှာလည်း အလုပ်လက်မဲ့ဘဝနဲ့ နေရတယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်တယ်။ သူရေးထားတဲ့ ဟယ်ရီပေါ်တာဝတ္ထုသည်လည်း ထုတ်ဝေဖြန့်ဖြူးဖို့အတွက် အကြိမ်ကြိမ် ငြင်းပယ်ခြင်း ခံရတယ်။ ဒါပေမဲ့ သူ(မ) လက်မလျော့ဘဲ အကောင်းဆုံးကြိုးစားတဲ့အခါ အခုဆို သန်းကြွယ်သူဌေးတစ်ယောက်တောင် ဖြစ်သွားပါပြီ။
Photo Source: D23.com
Walt Disney သည်လည်း ပထမတစ်ချီ ကြိုးစားရုံနဲ့တင် အောင်မြင်လာတဲ့သူမဟုတ်ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ခဲ့တယ်။ စစ်မှုထမ်းဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘူး။ Laugh-o-Gram စတူဒီယို တည်ထောင်ပြီး စီးပွားရေးလုပ်ငန်းအစပြုခဲ့ပေမယ့် ဒေဝါလီ ခံခဲ့ရတယ်။ ထို့နောက် Missouri သတင်းစာတိုက်ထဲမှာ အလုပ်ဝင်လုပ်သော်လည်း တီထွင်ဖန်တီးနိုင်စွမ်းအား မကောင်းလို့ဆိုပြီး အလုပ်ထုတ်ခံခဲ့ရပါတယ်။ Walt Disney တစ်ယောက် တီထွင်ဖန်တီးဉာဏ် ကောင်းလားမကောင်းလားဆိုတာကိုတော့ Mickey Mouse ကာတွန်းကိုကြည့်တာနဲ့ သိနိုင်ပါတယ်။
Photo Source: Thriveglobal.com
ကမ္ဘာကျော် အောင်မြင်သူများအားလုံးသည် ပထမတစ်ကြိမ်တည်းနဲ့တင် အောင်မြင်တာမဟုတ်ပါဘူး။ ကြိုးစားလိုက်၊ ရှုံးနိမ့်လိုက်၊ လဲကျလိုက်၊ ပြန်ထလိုက်ဖြင့် မလျော့သောဇွဲနှင့် ကြိုးစားကြပါတယ်။ နောက်ဆုံးအောင်မြင်သွားမှသာ လူသိများလာတာဖြစ်ပါတယ်။ သင်သည်လည်း ရှုံးနိမ့်ချိန်မှာ အလျော့မပေးဘဲ အကောင်းဆုံး ကြိုးစားကာ အောင်မြင်မှုကို ခူးဆွတ်နိုင်ပါတယ်။
Source: Lifehack.org