ပြင်သစ်ကလပ် PSG အသင်းဟာ Soccerex Football Finance က ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးအတောင့်တင်းဆုံးဘောလုံးအသင်း (၁၀၀) စာရင်းတွင် မန်စီးတီးအသင်းကိုကျော်၍ ထိပ်ဆုံးနေရာ ရောက်ရှိလာသွားခဲ့ပါတယ်။
ယင်းစာရင်းကို ကလပ်အသင်းများ၏ ကစား သမားတန်ဖိုး၊ အသင်းပိုင်ရှင်၏ ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာ၊ မပြောင်းရွှေ့နိုင်သည့်ပစ္စည်း တန်ဖိုး၊ ဘဏ်စာရင်း နှင့် ကြွေးမြီ စသည့်အချက်ငါး ချက်အပေါ်မူတည်၍ Football Finance Index ရမှတ်ကို အချိုးကျတွက်ချက်ထားခြင်းဖြစ်ပါတယ်။
Source: AS English
ယခုနှစ်အတွက် ထုတ်ပြန်သည့်စာရင်းတွင် PSG အသင်းဟာကြွေးမြီ ပမာဏကို ပေါင် ၅၈ သန်းအထိ လျှော့ချနိုင်ခဲ့ပြီး ဘဏ္ဍာရေးအတောင့်တင်းဆုံးစာရင်းတွင် FFI ရမှတ် ၅ ဒသမ ၃၁၈ မှတ်ဖြင့် ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်းဖြစ်ပါတယ်။
မန်စီးတီးအသင်းမှာမူ ကြွေးမြီပမာဏ ပေါင် ၇၅ သန်းကျော်အထိ မြင့်တက်လာသောကြောင့် ရမှတ် ၅ ဒသမ ၁၉၇ ဖြင့် ပထမနေရာကို PSG အသင်းထံလွဲပေးလိုက်ရပြီး ဒုတိယနေရာကို ကျဆင်းသွားခဲ့ပါတယ်။
Source: Independent.ie
ဘိုင်ယန်မြူးနစ်အသင်းက ၃ ဒသမ ၈၈၈ မှတ်ဖြင့် တတိယနေရာရပ်တည်နေပြီး စပါးအသင်းက ၃ ဒသမ ၄၄၁ မှတ်ဖြင့် နံပက် (၄) နေရာမှာ ရပ်တည်နေပါတယ်။
ရီးယဲလ်အသင်းက ၃ ဒသမ ၃၃၆ မှတ်၊ အာဆင်နယ်အသင်းက ၃ ဒသမ ၁၅၀ မှတ်၊ ချယ်လ်ဆီးအသင်းက ၂ ဒသမ ၈၉၃ မှတ်၊ လီဗာပူးလ်အသင်းက ၂ ဒသမ ၆၁၆ မှတ်၊ ဂျူဗင်တပ်စ်အသင်းက ၂ ဒသမ ၁၉၅ မှတ်၊ ဒေါ့မွန်အသင်းက ၂ ဒသမ ၁၅၄ မှတ်ဖြင့် အဆင့် ၁၀ အစဉ်လိုက် ရပ်တည်လျက်ရှိနေပါတယ်။
အက်သလက်တီကို အသင်းက အဆင့် ၁၁ နေရာမှာ ရှိနေပြီး ဘာစီလိုနာအသင်းမှာ အဆင့် ၁၂ နေရာမှာသာ ရပ်တည်နိူင်ခဲ့တာကို တွေ့ရပါတယ်။ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းဟာလည်း အဆင့် ၁၆ မှာသာရှိနေပါတယ်။
Source: Sky Sports
FOOTBALL FINANCE – TOP 20
- PSG (Up 1)
2. Manchester City (Down 1)
3. Bayern Munich (No movement)
4. Tottenham (No movement)
5. Real Madrid (Up 1)
6. Arsenal (Down 1)
7. Chelsea (Up 3)
8. Liverpool (Up 3)
9. Juventus (No movement)
10. Borussia Dortmund (Up 5)
11. Atletico Madrid (Up 2)
12. Barcelona (Down 5)
13. RB Leipzig (Up 3)
14. Hoffenheim (New Entry)
15. Guangzhou Evergrande (Down 3)
16. Manchester United (Down 8)
17. Napoli (Up 6)
18. Los Angeles FC (New Entry)
19. Bayer Leverkusen (Down 5)
20. Monaco (Up 2)