အသက် (၅) နှစ်အရွယ်မှာ အဖေဖြစ်သူ ဆုံးပါးသွားခဲ့တယ်။ အသက် (၁၆) နှစ်အရွယ်မှာ ကျောင်းကနေထွက်ခဲ့တယ်။ အသက် (၁၇) နှစ်အရွယ်မှာ အလုပ် (၄) ခုကနေ အထုတ်ခံခဲ့ရတယ်။ အသက် (၁၉) နှစ်မှာ ကလေးအဖေဖြစ်လာခဲ့တယ်။ အသက် (၂၀) အရွယ်မှာ သူ့မိန်းက ကလေးကို ခေါ်ပြီး အိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်။

Source: The Verge

အသက် (၁၈) နှစ်နဲ့ (၂၂) နှစ်အတွင်းမှာ မီးရထားတွဲစောင့်အဖြစ် အလုပ်လုပ်ခဲ့ပေမယ့် အောင်မြင်မူမရရှိခဲ့ဘူး။ ဥပဒေကျောင်းဝင်ခွင့်လျှောက်ခဲ့တယ်။ ဒါပေမယ့် မရခဲ့ဘူး။ အာမခံကုမ္မဏီတခုရဲ့ အရောင်းဝန်ထမ်းဖြစ်လာခဲ့တယ်။ ဒါပေမယ့် အဆင်မပြေခဲ့ပြန်ဘူး။

Source: History How Stuff Works

နောက်ပိုင်းမှာ ကော်ဖီဆိုင်သေးသေးလေး တစ်ဆိုင်မှာ ပန်းကန်ဆေးတဲ့အလုပ်နဲ့ ချက်ပြုတ်ရတဲ့ အလုပ်ဝင်လုပ်ခဲ့တယ်။ အဆင်မပြေတာကြောင့် စစ်တပ်ထဲဝင်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ အသက် (၆၅) အရွယ်မှာ ပင်စင်ယူခဲ့တယ်။

ပင်စင်ယူတဲ့ ပထမနေ့မှာ အစိုးရက သူ့ကို (၁၀၅) ဒေါ်လာတန် ချက်လက်မှတ်ပေးခဲ့တယ်။ သူဟာ ကျရှုံးမူတွေများခဲ့ပြီး စိတ်ဓာတ်တွေကျကာ အသက်မရှင်ချင်တော့တာကြောင့် မိမိကိုယ်မိမိ သက်သေဖို့ကြံစည်ခဲ့တယ်။

Source: The Business Journals

သူဟာ သစ်ပင်အောက်မှာ ထိုင်းပြီး သေတမ်းစာကိုရေးနေတုန်းမှာပဲ သူ့ဘဝကို ကယ်တင်နိူင်မယ့်အတွေးတခုဝင်လာခဲ့တယ်။ သူတွေးခဲ့တာက “ငါဟာ ဘဝအခတ်အခဲတွေ အများကြီးကို ဖြတ်ကျော်လာခဲ့ပြီးပြီပဲ။ ဒါပေမယ့် ငါမလုပ်ဖူးတာတွေအများကြီး ကျန်နေသေးတယ်။” ဆိုတာပါပဲ။

သူဟာ အချက်အပြုတ်ပိုင်းမှာ ထူးချွန်တဲ့သူတစ်ယောက်ပါ။ သူဟာ ဒေါ်လာ (၈၇) ဒေါ်လာကို ချေးယူခဲ့ပြီး ကြက်သားဝယ်ယူပြီး သူသိတဲ့ နည်းအတိုင်းကြက်ကြော်ပြုလုပ်ခဲ့တယ်။

Source: Daily Mail

ပြီးတော့ Kentucky (ကန်တူကီ) မြို့တွင်းမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် ကြက်ကြော်လိုက်ရောင်းခဲ့တယ်။ အသက် (၈၈) နှစ်အရွယ်မှာ KFC (Kentucky Fried Chicken) ရဲ့ပိုင်ရှင်ဖြစ်လာပြီး ဘီလီယံနာ သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

Source: Nwanneokafor

ပေးချင်တဲ့မက်ဆေ့ကတော့ အသစ်ကနေပြန်စဖို့ ဘယ်တော့မှနောက်မကျဘူးဆိုတာပါပဲ။ ဘယ်လောက်ပဲ ခတ်ခဲနေပါစေ အရှုံးမပေးပါနဲ့။ အောင်မြင်မူအတွက် ပေးဆပ်ရတာတွေ ရှိပါတယ်။ ဇွဲသတ္တိမရှိရင် အောင်မြင်မူမရနိူင်ဘူး။